အတွင်းအလှ

တခါက မြေခွေးတကောင်သည် ကျားတကောင်နှင့် လျှို့ဝှက်စွာ အကြံအစည်ပြုပြီးနောက် -
အင်း ဒီအကြံ မဆိုးဘူးကွ
မြေခွေးသည် သမင်အုပ်ထံသို့ သွားရောက်၍ -
လှပတဲ့ပန်းပွင့်လေးများဟာ လှပတဲ့လိပ်ပြာလေးများနဲ့သာ မိတ်ဆွေပြုကြသလို -
ဒီတောကြီးထဲမှာ ကျားနဲ့ ဆင်တို့ဟာ အကြီးဆုံးသတ္တဝါများဖြစ်ကြပါတယ်။။ သင့်တော်မည့်သူ တဦးဦးကို ရွေးချယ်ပြီး မိတ်ဆွေပြုကြပါ။
သင်တို့ဟာလဲ လှပခန့်ညာတဲ့သူတဦးဦးကို ရှာဖွေပြီး မိတ်ဆွေပြုသင့်ကြပါတယ်။
ကျွန်ုပ်ဟာ သူတို့နှစ်ဦးကို ခေါင်းဆောင်လာခဲ့ပြီး သင်တို့နဲ့ မိတ်ဆက်ပေးပါ့မယ်။
ကောင်းပါပြီ အသင်မြေခွေး
သမင်များက သဘောတူလိုက်ကြသဖြင့် -
နောက်တနေ့တွင် မြေခွေးသည် ဆင်ကိုခေါ်ဆောင်လာခဲ့ပြီး မိတ်ဆက်ပေးလေသည်။
သင်တို့အတွက် မိတ်ဆွေပါဘဲ -
သမင်များသည် ဆင်ကိုအကဲခတ်ကြည့်ရှုကြပြီးနောက် ယင်းတို့ပြန်သွားသောအခါ -
ဆင်ဆိုတဲ့ အကောင်ကြီးဟာ ကြီးသာကြီးတယ် မလှပါဘူး
အမြီးကလဲ တိုတိုလေး
မျက်လုံးတွေကလဲ သေးသေးလေး
နားရွက်တွေက ပြန့်ပန့်ကြီး
ခြေထောက်ကြီးတွေက တုတ်တုတ်တောင့်တောင့်ကြီးတွေနဲ့ ပုံမကျဘူး
ဆင်ကြီးကို အမျိုးမျိုး ကဲ့ရဲ့ပြောဆိုကြလေသည်။

နောက်တနေ့ မြေခွေးသည် ကျားကိုခေါ်ဆောင်လာခဲ့ပြီး မိတ်ဆက်ပေးပြန်သည်။
သင်တို့အတွက် မိတ်ဆွေတယောက် ခေါ်ခဲ့ပြန်ပြီ။
သမင်များသည် ကျားကို အဲခတ်ကြည့်ရှုကြပြီး ယင်းတို့ ပြန်သွားပြန်သောအခါ -
ဆင်ကြီးက အရုပ်ဆိုးသလောက် ကျားကြီးက လှလိုက်တာ
မျက်လုံးတွေက ကြည့်ပုံရဲလိုက်တာ။ ညမှာဆိုရင် ဝင်းတောက်နေမှာဘဲ
နှုတ်ခမ်းမွှေးကားကားကြီးနဲ့ ဒါမှ ယောက်ျားပီသတာ
ခါးကို နွဲ့ပြီးလမ်းလျှောက်တာ သိပ်ကိုယဉ်တာဘဲ
ပေါ့ပေါ့ပါးပါးနဲ့ ဂျွမ်းဘားတွေလဲ ကစားတတ်တယ်။
အများသဘောတူ ကျားကိုမိတ်ဆွေပြုကြသေည်။
ကျားသည် ထိုနေ့မှစ၍ သမင်များနှင့်အတူ သွား လာနေထိုင်ပြီး အလစ်တွင် တနေ့လျှင် သမင်တကောင်ကျ သတ်သတ်ဖြတ် စားသောက်လေတော့သည်။
စားသောက်ပြီး အကြွင်းများကိုမူ တပည့်မြေခွေးအား ပေးလေသည်။
ဟဲဟဲ ငါက သိတတ်ပါတယ်ကွ

ရက်ပေါင်းကြာသော် ကျန်ရှိသောသမင်များသည် သူတို့၏အမှားကို သတိရပြီး -
ကဲ့ လွတ်ရာကိုပြေးကြစို့

တနေ့သော် မုဆိုးသုံးဦးတို့သည် စမ်းချောင်းအထက်ပိုင်းမှ သမင်အုပ်ကို ဝိုင်းရံမိ၍ -
ဟင်းအိုးစာတွေ ဘာတတ်နိုင်သေးလဲ
သမင်တို့သည် သေဘေးမှ လွတ်ကင်းအောင် မတတ်နိုင်ကြ၍ ငိုကြွေးကြ၏။
ထိုအခါ မမျှော်လင့်ပဲ ဆင်ကြီးတကောင် ထွက်လာပြီး မုဆိုးနှစ်ဦးအား ခြေဖြင့်နင်း၍သတ်လိုက်ရာ -
အင့့်
အာ့း့
ကျန်မုဆိုးသည် အဆိတ်လူးမြားဖြင့် ပစ်ခတ်ထွက်ပြေးလေ၏။
ဟာ့ ဆင်ကြီးကို ထိသွားပြီ့
မြားသင့်သော ဆင်ကြီးထံသို့ သမင်များရောက်ရှိလာသော့့်
အို အဆွေတို့ အကျွန်ုပ်ဟာ တခါက မြေခွေး မိတ်ဆက်ပေးသော ဆင်ဖြစ်ပါတယ်။
ဒီနေ့ ကမ်းစပ်မှာ ရေဆင်းသောက်တဲ့အခါ သင်တို့မှာ ဘေးအန္တရာယ်ကြုံတာတွေ့လို့ ကယ်တင်နိုင်ရန်အလာ အခုလို့
ဆင်ကြီးသည် စကားမဆုံးမီမှာပင် သေဆုံးသွားလေသည်။
မလှဘူးဆိုပြီး ဒို့ကမိတ်ဆွေမလုပ်ကြပေမဲ့
သူကတော့ ဒို့ကို မိတ်ဆွေလို သဘောထားရှာတယ်
အပြင်မှာ အလှမရှိပေမဲ့ အတွင်းမှာ အလှရှိတဲ့သတ္တဝါကြီးပါလား။
ယောက်ျားပီသဘို့ ဒီလိုအလှမျိုးရှိဘို့လိုတယ်။
နှုတ်ခမ်းမွှေးကားကားကြီး ရှိဘို့မလိုပါဘူး။
ဆင်ကြီး ကောင်းရာသို့ရောက်ပါစေ။
သမင်တို့သည် ဆုတောင်း၍ ဆင်ကြီး၏အလောင်းကို ကောင်းစွာ သဂြိုဟ်လိုက်ကြလေသည်။

မှတ်ချက်
၈-၄-၁၉၂ နေ့ထုတ် ရွှေသွေးဂျာနယ်ကဖြစ်ပါတယ်။ သင်ခန်းစာအပြင် သတ်ပုံကိုပါ တင်ပြပါတယ်။ အရင်ထုတ်စာတွေမှာ သတ်ပုံကျမ်းမဟုတ်လို့ ကွဲလွဲတာတွေ ပါတတ်တယ်။ နှုတ်ခမ်းမွှေးလို့ မရေးပါ။ နှုတ်ခမ်းမွေးလို့သာ ရေးတယ်။ မ နောက် ဘဲ လိုက် ပုံသေနည်း အဲဒီခေတ်က မပေါ်သေးပါ။ တ ကို မလိုအပ်ဘဲ တစ် မလုပ်ပါ။ တခါက၊ မြေခွေးတကောင်၊ ကျားတကောင်နှင့်၊ တဦးဦးကို၊ နောက်တနေ့၊ မိတ်ဆွေတယောက်၊ တနေ့လျှင်၊ သမင်တကောင်ကျ၊ တနေ့သော်၊ ဆင်ကြီးတကောင်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ