Presidents’ Day သမတများနေ့

လာမယ့်တနင်္လာနေ့မှာ ကျောင်းမသွားရပါ။ နှစ်စဉ် ဖေဖေါ်ဝါရီလ တတိယတနင်္လာနေ့ကို အမေရိကန်သမတများနေ့လို့ သတ်မှတ်ထားတယ်။ အမေရိကန်သမ ဂျော့ ဝါရှင်တန် မွေးနေ့ဖြစ်ပါတယ်။ သူ့မွေးနေ့က ၁၇၃၂ ခုနှစ် ဖေဖေါ်ဝါရီ (၂၂) ၇က်ပါ။ လင်ကွန်းက ဖေဖေါ်ဝါရီ (၁၂) ရက်မှာမွေးပါတယ်။ ဗြိတိသျှနယ်ချဲ့ကနေ မြန်မာနိုင်ငံတပြည်လုံးကို ကိုလိုနီပြုခဲ့တဲ့ ၁၈၈၅ ခုနှစ်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ သမတ ဂျော့ခ်ျ ဝါရှင်တန်ကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဂျော့ခ်ျဝါရှင်တန်မွေးတဲ့ ဂျော်ဂျီယာပြည်နယ်မှာတော့ တလလုံး အထိမ်းအမှတ်ပွဲတွေလုပ်ကြတယ်။ အမေရိကန် သမတကနေ ချီးမြှင့်တဲ့ အမြင့်ဆုံးဆုက Presidential Medal of Freedom သမတလွတ်မြောက်မှုဆု ဖြစ်ပါတယ်။ အမေရိကန်သမတလွတ်မြောက်မှုဆုရပြီးသူတွေကတော့ -
၁၉၆၄ မှာ A. Philip Randolph လူမှုအခွင့်အရေးစွမ်းဆောင်သူ ဖိလစ် ရန်းဒေါ့ခ်၊
၁၉၇ဝ မှာ Apollo 13 crew အပိုလို (၁၃) အာကာသယာဉ်မှူးများ၊
၁၉၈၅ မှာ Mother Teresa မာသာ ထရီဇာ၊
၁၉၉၁ မှာ Margaret Thatcher ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊
၁၉၉၃ မှာ Ronald Reagan အမေရိကန်သမတဟောင်း ရော်နယ်ရီဂင်၊
၁၉၉၉ မှာ Edgar M. Bronfman ကနေဒါ-အမေရိကန် စီးပွားရေးသမားအလှူရှင် အဒ်ဂါ ဘရော့ဖ်မင်း၊
၂ဝဝ၄ မှ Gordon B. Hinckley အမေရိကန်ဘာသာရေးခေါင်းဆောင် ဂေါ်ဒွန် ဟင်ကလေ၊
၂ဝဝ၅ မှာ Aretha Franklin အမေရိကန်တေးဂီတပညာရှင်၊
၂ဝဝ၉ မှာ Tony Blair ဗြိတိသျှဝန်ကြီးချုပ်ဟောင်းတိုနီဘလဲယား၊ John Howard သြစတေးလျဝန်ကြီးချုပ်ဟောင်း ဂျွန်ဟောင်းဝဒ် နဲ့ သိပ္ပံပညာရှင် Chita Rivera ရုပ်ရှင်မင်းသမီးကြီး ချီတာ ရေဗားရား နဲ့ Stephen Hawking စတီဖင် ဟော်ကင်း၊
၂ဝ၁၁ မှာ Angela Merkel ဂျာမန် ချန်ဆလာ အင်ဂျယ်လာ မာကဲလ်၊
၂ဝ၁၇ မှာ သမတ အိုဘားမားက သူ့ရဲ့ ဒုသမတ ဂျိုး ဘိုင်ဒင်ကို ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံ သမတများ
၁။ စဝ်ရွှေသိုက်၊ ၄-၁-၁၉၄၈  မှ ၁၆-၃-၁၉၅၂ (၄ နှစ် ၇၂ ရက်ကြာ)
၂။ ဦးဘဦး၊ ၁၆-၃-၁၉၅၂ မှ ၁၃-၃-၁၉၅၇ (၄ နှစ် ၃၆၂ ရက်ကြာ)
၃။ ဦးဝင်းမောင်၊ ၁၃-၃-၁၉၅၇ မှ ၂-၃-၁၉၆၂ (၄ နှစ် ၃၅၄ ရက်ကြာ)
၎။ ဗိုလ်ချုပ်ကြီးနေဝင်း၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ ၂-၃-၁၉၆၂ မှ ၂-၃-၁၉၇၄  (၁၂ နှစ်ကြာ) + သမတ ၂-၃-၁၉၇၄ မှ ၉-၁၁-၁၉၈၁ (၇ နှစ် ၂၅၂ ရက်ကြာ)
၅။ ဦးစန်းယု၊ ၉-၁၁-၁၉၈၁ မှ ၂၇-၇-၁၉၈၈ (၆ နှစ် ၂၆၁ ရက်ကြာ)
၆။ ဦးစိန်လွင်၊ ၂၇-၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ (၁၆ ရက်ကြာ)
၇။ ဦးအေးကို၊ ၁၂-၈-၁၉၈၈ မှ ၁၉-၈-၁၉၈၈ (၇ ရက်ကြာ)
၈။ ဒေါက်တာမောင်မောင်၊ ၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈ (၃ဝ ရက်ကြာ)
၉။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ နဝတ ဥက္ကဋ္ဌ၊ ၁၈-၉-၁၉၈၈ မှ ၂၃-၁-၁၉၉၄ ( ၃နှစ် ၂၁၈ ရက်ကြာ)
၁ဝ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊  နအဖ ဥက္ကဋ္ဌ၊ ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇  (၅ နှစ် ၂ဝ၆ ရက်ကြာ) + သမတ ၁၅-၁၁-၁၉၉၇ မှ ၃ဝ-၃-၂ဝ၁၁ (၁၃ နှစ်၊ ၁၃၅ ရက်ကြာ)
၁၁။ ဦးသိန်းစိန်၊ ၃ဝ-၃-၂ဝ၁၁ မှ ၃ဝ-၃-၂ဝ၁၆ (၅ နှစ်ကြာ)
၁၂။ ဦးထင်ကျော်၊ ၃ဝ-၃-၂ဝ၁၆ မှ ယနေ့ထိ။

သူတို့ဆီမှာ သမတပုံတွေကို ငွေစက္ကူတွေမှာ အသုံးပြုထားတယ်။ ဂျော့ဝါရှင်တန်ပုံကို ၁ ဒေါ်လာတန်၊ လင်ကွန်းပုံကို ၅ ဒေါ်လာတန်၊ အင်ဒရူးဂျက်ဆင်ပုံကို ၂ဝ တန်နဲ့ ဘင်ဂျမင်ဖရင့်ကလင်ပုံကို ၁ဝဝ တန်မှာ သုံးထားပါတယ်။ တခါမှ မပြောင်းလဲပါ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၇
၁၈-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး