Hepatitis B vaccine အသည်းရောင် ဘီပိုးကာကွယ်ဆေးအကြောင်း‬

မင်္ဂလာပါ ဆရာ ကျွန်မတို့မိသားတစ်စုလုံး Bပိုး ကာကွယ်ဆေးထိုးထားပါတယ် ၅နှစ်ပြည့်ရင် တခါထပ်ထိုးရမယ် ပြောပါတယ် အခု ၅နှစ်ပြည့်ခါနီးပါပြီ ဆေးစထိုးတဲ့ရက်ကို မမှတ်တော့ဘူးဖြစ်နေပါတယ် ဘယ်လိုလုပ်ရမလဲ အကြံပြုပေးပါဦးဆရာ

Hepatitis B vaccine အသည်းရောင်ဘီကာကွယ်ဆေးနဲ့ ကာကွယ်ထားနိုင်တယ်။ ၆ လအတွင်းမှာ ၃ ကြိမ်ထိုးရတယ်။ အဲတာဆိုရင် နှစ်ပေါင်း ၂ဝ အနည်းဆုံးကနေ တသက်တာအထိကာကွယ်ပေးမယ်။ လေ့လာမှုတွေဆက်လုပ်နေတယ်။

တအိမ်တည်းနေသူတိုင်း သွေးစစ်ထားရတယ်။ ဘီပိုးကာကွယ်ဆေး ထိုးထားကြရမယ်။ အသက်ရှူလမ်းကနေ မကူးပါ။ အတူစားလို့ မကူးပါ။ ထိကိုင်မိလို့ မကူးပါ။ ချွေးကနေကူး မကူး အထောက်အထား မခိုင်မာသေးပါ။ ဘီပိုးရှိနေသူနဲ့ အကာကွယ်မပါပဲအတူနေရင် ကူးစက်နိုင်တယ်။ အတူနေရင် ကွန်ဒွမ်သုံးပါ။

လူကြီးတွေ ဘီပိုးနဲ့တွေ့သွားမိတယ်ဆိုရင် HBIG (hepatitis B immune globulin) ဆေးထိုးတာနဲ့ ကာကွယ်နိုင်တယ်။ ၂၄ နာရီအတွင်းထိုးတာ အကောင်းဆုံးဖြစ်တယ်။ ၂ ပါတ်ရှိရင်တော့ နောက်ကျသွားပြီ။

မိခင်မှာ ဘီပိုးရှိနေရင် သူကနေမွေးလာမယ့်ကလေးကို မွေးမွေးချင်း HBV vaccine ဘီပိုးကာကွယ်ဆေးနဲ့ HBIG ဆေးပါ ထိုးရမယ်။

ကာကွယ်ဆေးမထိုးခင်မှာ ပိုးစစ်ဖို့လိုပါသလား‬‬
ကာကွယ်ဆေးက ဈေးကြီးပါတယ်။ ဒါကြောင့် B ပိုးရှိမရှိ စစ်ဆေးပြီးမှသာ ကာကွယ်ဆေးထိုးတာ ကောင်းပါတယ်။ HBsAg(-)ve ဆိုရင် B ပိုးမရှိပါ။ ကာကွယ်မှုအတွက် B ပိုး ကာကွယ်ဆေး ထိုးသင့်ပါတယ်။ ဒါပေမယ့် မွေးကင်းစ ကလေးကနေ ၁၂ နှစ်အရွယ်အထိတော့ အကြမ်းအားဖြင့် ‪‎HBSAg‬ ကို မစစ်ဘဲ ထိုးလို့ရပါတယ်။

‪‎ဘယ်နေရာမှာ‬ ထိုးသလဲ
အသားဆေး ထိုးရတယ်။ တင်ပါးကို မထိုးရပါဘူး။ လူကြီးတွေကို လက်မောင်းမှထိုးရတယ်။ မွေးကင်းစနဲ့ ကလေးငယ်တွေမှာတော့ ပေါင်မှာထိုးတယ်။

‪‎ဘယ်နှစ်ကြိမ်ထိုးရမှာလဲ‬
နှစ်နည်းရှိတယ်။ ‪‎သုံးလုံးထိုးတဲ့‬ ပထမနည်းက ပထမအကြိမ်နဲ့ ဒုတိယအကြိမ် တလခြားထိုးရမယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်ကို ငါးလခြားထိုးရမယ်။ (၀-၁-၆) လတနည်းခေါ်တယ်။ လေးလုံးဒုတိယနည်းက တလခြားစီသုံးခါထိုးပြီး တနှစ်ကြာမှ နောက်တခါထိုးတယ်။ (၀-၁-၂-၁၂) လနည်းခေါ်တယ်။‬

အရေးကြီးဆုံးက‬ ဘယ်နည်းနှင့်ထိုးထိုး Dose ကိုပြည့် အောင်ထိုးရမှာပါ။ Dose မပြည့်ရင် ကာကွယ်ဆေး မအောင်နိုင်သလို ပြန်ထိုးချင်ရင် အစကနေပြန်စပြီးထိုးရပါတယ်။

‪‎ကာကွယ်ဆေးထိုးတာ‬ အောင် မအောင် ဘယ်လိုသိနိုင်ပါသလဲ
ကာကွယ်ဆေး သုံးကြိမ်ပြည့်အောင်ထိုးပြီး ၆ ပတ်နဲ့ ၁၂ ပတ်အကြာမှာ စမ်းကြည့်လို့ HBsAg ကို တိုက်တဲ့ ပဋိပစ္စည်း Anti-HBs ပေါ်လာရင်အောင်တယ်။

အဲဒီ ပဋိပစ္စည်းဆိုတာက ခန္ဓာကိုယ်ထဲမှာ ပြင်ပအရာတခုဝင်လာတဲ့အခါ ကိုယ့်ခန္ဓာက မိမိရဲ့ ဖွဲ့စည်းပုံနဲ့ မတူဘူးလို့ သတ်မှတ်တဲ့အခါ ဒီပစ္စည်းကိုဖယ်ရှားဖို့ ကြိုးစားတယ်။ Antibody လို့ခေါ်တဲ့ ပဋိပစ္စည်းထုတ်တယ်။ ခန္ဓာကိုယ်က ပဋိပစ္စည်း ထုတ်စေနိုင်တဲ့ ပြင်ပအရာကို Antigen လို့ခေါ်တယ်။ အသည်းရောင် အသားဝါဘီပိုးရဲ့အခွံအကာ (Hepatitis B Surface Antigen = HBsAg) ဟာ ခန္ဓာကိုယ်က သူ့ကိုဖယ်ရှားတဲ့ ပဋိပစ္စည်းထုတ်စေတယ်။ Anti-HBs လို့ခေါ်တယ်။ ပဋိပစ္စည်း (Antibody) ကို Immunoglobulin လို့လည်းရေးတယ်။

‪‎ဆေးထိုးရမယ့်ကာလသတ်မှတ်ချက်က‬ အတိမ်းအစောင်းမခံတဲ့ မူသေကန့်သတ်ချက်ပဲလား
အတိမ်းအစောင်းတော့ ခံပါတယ်။ (၀-၁-၆)လ နည်းမှာဆိုရင် ဒုတိယ dose ကို ပထမ dose ထိုးအပြီး နှစ်လအတွင်းမှာ ထိုးရမယ်။ တတိယ dose ကတော့ ဒုတိယ dose ထိုးအပြီး နှစ်လကျော်မှ ထိုးသင့်တယ်။ နှစ်လကျော်မှဆိုရာမှာ တနှစ်အတွင်း ထိုးရင် ပိုကောင်းပါတယ်။ သို့ပေမဲ့ အကောင်းဆုံး တုံ့ပြန်မှုရဖို့အတွက်ကတော့ ခြောက်လမကျော်ရင် အကောင်းဆုံးပဲ။ နေ့စွဲတိကျဖို့ မလိုပါ။ သိပ်ကွာသွားလျင်တော့ အစကပြန်ထိုးတာကောင်းတယ်။

ဒီစာမှာ ကျွန်တော့်သူငယ်ချင်း ကွယ်လွန်သူ အသည်းအထူးကု ဒေါက်တာသံစစ်ရေးထားခဲ့တာကိုပါ ကိုးကားပါတယ်။

• Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
• Hepatitis and Sweating အသဲရောင် (ဘီ) ချွေးကနေ ကူးနိုင်သည် http://dts-medicaleducation-adult.blogspot.in/2013/04/sweat-can-transmit-viral-infections-hiv.html
• Hepatitis B (1) အသည်းရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသည်းရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
• Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-antibody-level.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Prognosis (ဘီ) ပိုး အလားအလာ http://dts-medicaleducation.blogspot.in/2013/08/hepatitis-b-prognosis.html
• Hepatitis B vaccine ဘယ်ကနေထုတ်သလဲ http://dts-medicaleducation.blogspot.in/2014/03/hepatitis-b-vaccine.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
• Hepatitis B အသဲရောင် (ဘီ) ပိုး http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis Q and A အသဲရောင်ခြင်း အမး-အဖြေ http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
• Hepatitis အသဲရောင်ခြင်း အမျိုးမျိုး http://dts-medicaleducation.blogspot.in/2012/03/hepatitis-symptoms-hepatitis-hepatitis.html
• Liver blood tests အသဲအခြေအနေ သိချင်ရင် သွေးစစ်ပါ http://dts-medicaleducation.blogspot.com/2012/01/liver-blood-tests.html
• Liver cancer early detection အသဲကင်ဆာ စောစောဘယ်လိုသိနိုင်သလဲ http://dts-medicaleducation.blogspot.in/2014/03/liver-cancer-early-detection.html
• Liver diseases အသဲရောဂါများ http://dts-medicaleducation.blogspot.com/2011/12/liver-diseases.html
• Liver Tonics အသဲအားဆေး http://dts-medicaleducation.blogspot.in/2014/03/liver-tonics.html
• Liver Transplant Matching Criteria အသဲချင်း တူကြရဲ့လား http://dts-medicaleducation.blogspot.in/2013/07/liver-transplant-matching-criteria.html
• Liver transplant အသဲအစားထိုးကုသခြင်း http://dts-medicaleducation.blogspot.in/2013/07/liver-transplant.html

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၇
၁၈-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး