Animal Farm ခြေလေးချောင်း တော်လှန်ရေး

ဂျော့အိုဝဲလ်ရေးတဲ့ နိုင်ငံရေးသရော်စာကို ၁၉၅၃ ခုနှစ်မှာ သခင်ဘသောင်းက ဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်စဉ်က ပုံပါစာအုပ်လေးရိုက်နှိပ်ပြီး ပြည်တွင်းကို လျို့ဝှက်ဖြန့်ချိခဲ့သေးတယ်။

ဗိုလ်ကြီး ကွယ်လွန်ပြီး သုံးလလောက်ကြာသောအခါ တိရစ္ဆာန်များအနက် အကင်းပါးသော အစုက တနေ့တခြား ဗိုလ်ကြီး၏တရားကို သဘောပေါက်လာကြပြီးလျှင် ဘဝသစ်သို့ ရှေးရှူသော စိတ်ထားသစ်များဖြင့် စိတ်အား တက်ကြွလျက်ရှိကြသည်။ ဗိုလ်ကြီး၏ တော်လှန်ရေးတရားကိုလည်း တကောင်မှတကောင် တိုးတိုးတိတ်တိတ် ဝါဒဖြန့်လျှက်ရှိသည်။

အခုတော့ ပြည်တွင်းမှာ အဲဒီစာအုပ်ကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေနေတာတွေ တွေ့ရတယ်။ အွန်လိုင်းမှာလည်း တင်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သတ်ပုံတွေကို ပြင်ထားကြတယ်။ သခင်ဘသောင်း ရေးခဲ့တဲ့ တထောင့်တညဟာလည်း တစ်ထောင့်တစ်ည ဖြစ်နေတယ်။ အဲတာလည်း မှားတယ်။

ကိုယ့်စာမှာ ကိုယ့်သတ်ပုံနဲ့ရေးကြတာ သိပ်မပြောချင်ပါ။ မူရင်းစာအုပ်ကို သတ်ပုံပြင်ရိုက်ပြီး ရောင်းစားခြင်းဟာ ခြေလေးချောင်း နမူနာတခုဖြစ်ပါတယ်။ ဆောရီး။

One Thousand and One Nights တထောင့်တည https://doctortintswe.blogspot.com/2017/08/one-thousand-and-one-nights.html

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး