တာရှည်ခံ အလှ

ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ဂုဏ်ယူစရာအမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ် သူများတွေကိုပြောပြရင် မခံစားတတ်ကြပါ။ ကိုယ်အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။

စိန်ပန်းက တနှစ်လုံးလိုလို ပွင့်ပါတယ်။ အမွှေးနံ့က မရှိရှာတော့ လူသူတွေဂရုစိုက်တာ မခံရပါ။ ရာသီချိန်ရောက်တဲ့အခါ ပိတောက်ပင်တွေက ပွင့်လာကြတယ်။ လှလွန်း မွှေးလွန်းလို့ သူ့ခေါင်းမှာလည်း ပိတောက်ပန်း၊ ကိုယ့်ခေါင်းမှာလည်း ပိတောက်ပန်း။ လွမ်းလောက်ပါတယ်။ ဂုဏ်မောက်စရာ ကောင်းလှပါပေတယ်။

ကျွန်တော်တို့ဆေးမန်းမှာ လွမ်းစရာရယ်လို့ ပြောစမှတ်သင်္ကေတ မရှိပါ။ ကျောင်းရှေ့တည့်တည့်မှာ စိန်ပန်းပင်သာရှိတယ်။ အရောင်ကလည်း အနီရောင်ရိုးရိုးပါ။ အပင်အောက် ရပ်စောင့်နေတိုင်း ခေါင်းပေါ်မှာ အရွက်ခြောက်တွေက ကျကျလာတော့ ဘယ်မှာလာ စိတ်ကူးယဉ်စရာဖြစ်မှာတုန်း။

ဒါပေမဲ့
သူ့ရဲ့တာရှည်ခံလှတဲ့သက်တမ်းကို ပိတောက်ပန်းကို ကမ်းချင်တယ်လို့ စိန်ပန်းခင်မြာ မုဒိတာပွါးနေရှာပါသတဲ့။  (တက္ကသိုလ်ဘုန်းနိုင်ရဲ့ကဗျာတပုဒ်ကို မှီးပါတယ်။)

မြန်မာပြည်မှာ အလှတွေ တာရှည်ခံပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၇
၁-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ