ပုရွက်ဆိတ် နှင့် နှံကောင်

(ကာတွန်း မြေဇာ)

တနေ့တွင် နှံကောင်တကောင်သည် လေကလေးတချွန်ချွန်ဖြင့် လမ်းလျှောက်လာစဉ် -
ကယ်ကြပါဗျို့
အော်သံလာရာသို့ ပြေးကြည့်သောအခါ
ရေထဲတွင် သစ်ရွက်ဖြင့် မျောနေသော ပုရွက်ဆိတ်တကောင်ကို တွေ့ရ၏
ကျွန်တော့်ကို ကယ်ပါမိတ်ဆွေရယ်
အေးကယ်ပါ့မယ် ဒါပေမဲ့ မင်းကိုကယ်ဘို့ ကြိုးလိုတယ် ကြိုးသွားရှာအုံးမယ်
နှံကောင်သည် ကြိုးရှာရန် ထွက်လာစဉ် ဝက်ကြီးတကောင်နှင့်တွေ့ရာ -
ဦးဝက်ကြီးရယ် ကြိုးတချောင်း ငှားပါ
ငါမှာ ကြိုးမရှိဘူး သစ်ပင်ကြီးဆီသွားတောင်း
သစ်ပင်ကြီးကလည်း
ဦးကျီးကန်းကို မေးကြည့်
ကျီးကန်းကြီးဆီ သွားပြန်တော့လည်း
ဒေါ်ကြက်မဆီမှာ တောင်းကွ
ဒေါ်ကြက်မကလည်း
စပါးကျီထဲက ကြွက်ညိုကိုမေး
အာပါး ဒါဆို ကြောင်ကြီးဖြူကြားကို မေးပါလား
ထိုအခါ ကြောင်ကြီးဖြူကြားက  ဦးနွားကြီးမှာ နွားဖါးကြိုးရှိတယ် သူ့ဆီမှာတောင်း
ငါ့ဆီမှာရှိတာတော့ ရပါတယ် ယူသွား
အီ့း့ မ လို့မရဘူး
နှံကောင်လည်း ကြိုးကို မသယ်နိုင်၍ ပုရွက်ဆိတ်ကို ငါဘယ်လိုကယ်ရပါ့
အာ့း့ အကြံရပြီ
အင့်း့ ကိုယ့်အကြံဥာဏ်နဲ့ ကိုယ့်အားကိုယ်ကိုးမှဘဲ
သို့ဖြင့် မြက်များကို မိမိဖာသာ ဖြတ်ယူပြီး ကြိုးကျစ်လေတော့၏။
ထိုကြိုးကို ပုရွက်ဆိတ်ထံ ပစ်ပေးပြီး ကယ်ဆယ်လိုက်လေသတည်း။
ကျေးဇူးပါဘဲဗျာ။

ဇာတ်လမ်းရော အရေးအသားကိုပါ သိစေလိုလို့ တင်ပြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး