ထင်းမီးဖိုနဲ့ ထမနဲ

အင်ဒီယာနာပုလစ်မြို့ ဘုန်းကြီးကျောင်းမှာ ထမနဲပွဲလုပ်တယ်။

ကပြင်ကွက်လပ်နေရာမှာ ထင်းမီးဖိုနား မရပ်ရ မထိုင်ရတာကြာပြီ။ မီးခိုးနံ့မရှူရတာလည်း အတူတူကြာပြီ။ ငယ်စဉ်ကတော့ ဆောင်းတွင်း နေ့တိုင်းမှာ။ အခုတော့ တနှစ်တခါ။

ထမနဲထိုးတဲ့သူတွေ၊ စီစဉ်ပြင်ဆင်ပေးသူတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၈

ယောပုဆိုး

ကနေ့ ဘုန်းကြီးကျောင်း ထမနဲပွဲရောက်တယ်။ အသိအသစ် မိန်းကလေးတယောက်လည်း တွေ့တယ်။ သူက အမေရိကန် လူရွယ်တယောက်နဲ့ အိမ်ထောင်ကျတာ။ သူ့အမျိုးသား အမေရိကန်က ယောပုဆိုးနဲ့ စတစ်အင်္ကျီဝတ်လာတယ်။ ကျွန်တော်တို့ ဗမာပြည်ပေါက် တယောက်မှ ပုဆိုးမပါ။

ယောလုံခြည် မရမ်းရောင်ရင့်ရင့်မှာ အဖြူပွင့်လေးတွေကိုမြင်တော့ ၁၉၉ဝ တုန်းက ခမောက်ပုံအပွင့်လေးတွေပါတဲ့ပုဆိုးနဲ့ စည်းရုံးရေးဆင်းတာကို သတိရတယ်။ ခုခေတ်လူရွယ်တွေအတွက်တော့ အဲတာလည်း ရှေးစကား။

ခမောက်ခေတ်အရင်မှာ မိန်းကလေးတွေရဲ့ဆံပင်အမောက်ခေတ်။ အမြောက်ခေတ်ကတော့ ကြာတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး