သကုန္တလာပြဇာတ်

မင်းသ္မီး - ဆရာက အကောင်းဆုံးစီမံပြီး သင်ကြားပြသထားတာမို့ ဘာမှ လိုလေသေးရှိမယ် မထင်ပါဘူးဆရာ။

ဇာတ်ဆရာ - ဒီလိုလဲ မဟုတ်သေးဘူးလေ။ အမှန်သဘောတရားကို ပြောရမယ်ဆိုရင် - ရွှေပွဲလာပရိသတ်ရဲ့ စိတ်ဓာတ်နဲ့မတိုက်ဆိုင်လို့ မကြိုက်နိုင်ဘူးဆိုရင်တော့ ဆရာတို့ သင်ကြားစီမံမှုဟာ ကောင်းတယ်လို့ ဘယ်မှာ ဆိုနိုင်မလဲကွဲ့။ တကယ်ကျွမ်းကျင်လိမ္မာတဲ့ ဆရာ့ဆရာတွေတောင်မှာ တခါတလေ ကိုယ့်ဟာကိုယ် စိတ်မချရဘူး မဟုတ်လား။

မင်းသ္မီး - ဟုတ်ကဲ့ ဒါဖြင့် အခုဘယ်လိုလုပ်မလဲ အမိန့်ရှိပါဆရာ။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး