Monday, February 19, 2018

Salt and Sugar တကယ်သိတဲ့သူနဲ့ တစ်ကယ်သိတဲ့သူ

မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ရတနာကဗျာများကို အင်တာနက်ကနေ ဖတ်ကြည့်ပါတယ်။ သတ်ပုံတွေက ရောထွေးနေတယ်။ ကဗျာဆရာက ဘယ်လိုရေးသလဲ မသိပါ။ ဆောရီး။

ခရီးတစ်ထောက်၊ လျှောက်ဖူးပါရဲ့
ခရေတန်းအောက်၊ သူလာလျှင် တယောက်တည်း၊
တကယ်ဆိုလျှင်၊ အမျှင်မပြတ်၊
တခါနှင့်မရလျှင်၊ ဘာမှ မယူချင်ခဲ့သူပါ
တစ်ခါလုပ်ရုံ၊ ပြီးပြည့်စုံမှ
တစ်ငုံတစ်ဖူး၊ တစ်ပွင့်ခူး၍
တစ်စုံတရာကို၊ နှစ်ခါမလုပ်၊
တစ်ညတည်းမှာ၊ နှစ်ခါမအိပ်၊
တစ်မျက်နှာတည်း
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ်။
တစ်ရံမလပ်ပါ၊ နှစ်ခါမက
တစ်သက်တာ ထာဝရ၊
တစ်သက်နှောင်ရစ်ဖွဲ့၊
တစ်နေ့တစ်ရက်တောင်မှ၊
တစ်ရေးနိုးလျှင်၊ မိုးလင်းအထိ
တဖွဖွနှင့်၊ မာနမဲ့တတ်သူပါကွယ်။
တရံတခါ၊ လာမည်ဆက်ဆက်၊
တသက်တာ၌
ပန်းဦးအိပ်မက်၊ တစ်သက်တစ်ခါ
သံယောဇဉ် တခုခုဖြင့်
အမြဲလန်းနေ၊ အလွမ်းတစ်ခု
အလုပ်သွားပြန်၊ တရံတဆစ်၊
အိမ်မက်ပဲကွယ်၊ တကယ်ဆိုက
အဖော်တသက်၊ မခေါ်ရက်ပါ၊
ခြွေနှင်းတစ်စက် ၊ ကြွေဆင်းသက်အောင်
လေတချက်ဝေ့၊ မိုးစက်ထိမှန်၊

အဲဒီနေရာမှာပဲ တကယ်ချစ်တဲ့လူနဲ့ တစ်ကယ်မချစ်တဲ့လူ ကဗျာဆိုတာလည်း တွေ့တယ်။

မြန်မာစာကို တကယ်သိတဲ့သူနဲ့ တစ်ကယ်သိတဲ့သူတွေ ဆားနဲ့သကြားရောသလို ရောနေကြတယ်။ သွေးတိုးနဲ့လည်း မတည့်၊ ဆီးချိုနဲ့လည်း မတည့်ပါ။ မြန်မာစာ ကျန်းမာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...