Monday, February 29, 2016

February 29 ဖေဖေါ်ဝါရီလ (၂၉)

ဆရာ ဆောင်းပါးတပုဒ် ရေးတာဖတ်ချင်တယ်။ အချို့က အပျိုကြီးများနေ့လို့ ဘာသာပြန်ထားတာသဘောမတွေ့သလို အားလုံးကိုလည်း ကိုယ်တိုင်မပြန်တတ်ဘူး။ ဆရာ ပုံမှန်ရေးနေတဲ့ နိုင်ငံရေး/ဆေးပညာနဲ့မပတ်သက်တာတော့ တောင်းပန်ပါတယ်။ စည်းကမ်းနဲ့အညီ တောင်းဆိုတာလည်း မဟုတ်တော့ ခွင့်လွှတ်ပါ။

ကျွန်တော်က ရေးတာစုံပါတယ်။ ပြက္ခဒိန်အကြောင်းနဲ့ (၁၂) လလုံးအကြောင်းတွေလည်းရေးဖြစ်တယ်။

ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့ကို Leap day လို့ခေါ်ကြတယ်။ လေးနှစ်မှာတကြိမ်သာကျတဲ့ ရက်ထပ်နှစ်ထဲကနေ့သာ ဖြစ်ပါတယ်။ ပုံထဲပါသလို The Proposal ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား (ရိုင်ယန် ရေးနော့ဒ်) ရှေ့မှာ မင်းသမီး (စန္ဒရာဘူးလော့) ကနေ သူ့ကိုလက်ထပ်ပါလို့ပြောတဲ့ လက်ထပ်နှစ်မဟုတ်ပါ။ အပျိုကြီးတွေနေ့လည်းမဟုတ်ပါ။

တနှစ်ဆိုတာ နေကိုကမ္ဘာက တပတ်တိတိပတ်လို့ကြာချိန်ဖြစ်တယ်။ ပတ်နှုန်းကတော့ ၄ နှစ်တခါမပြောင်းပါ။ နေကိုတပါတ်ပြည့်ဘို့ ၃၆၅့၂၄၂၅ ရက်ကြာတယ်။ တိတိကျကျပြောရရင် (၃၆၅ ရက် + ၅ နာရီ + ၄၉ မိနစ်) ကြာတယ်။ ပြက္ခဒိန်မှာသာ (၃) နှစ်ဆက်တိုက် (၃၆၅) ရက်နဲ့ စတုတ္တမြောက်မှာ (၃၆၆) ရက်လုပ်ထားပါတယ်။ အပိုဖြစ်နေခဲ့တဲ့ ၄၂ မိနစ် + ၅၂ စက္ကန့်ရှိလို့ နှစ်ပေါင်း (၄ဝဝ) တိုင်းမှာ ၃ ရက်လောက်ရှိတယ်။ အဲတာကြောင့် နှစ်ပေါင်း (၄ဝဝ) တိုင်းမှာ အဲဒီ (၃) ရက်ကိုပြန်နုတ်ရတယ်။

အရင်ခေတ် ရိုမန်ပြက္ခဒိန်မှာ (၃၅၅) ရက်သာပါပြီး ၂ နှစ်တခါ ၂၂ ရက်ထည့်ပေါင်းရတယ်။ ဂျူလီယက်ဆီဇာ ဧကရာဇ် ဖြစ်လာတော့မှ အခုလို တနှစ်မှာ (၃၆၅) ရက်နဲ့ ၄ နှစ်တခါ ၁ ရက်ပေါင်းရတာဖြစ်လာတယ်။ ကနေ့သုံးနေကြတာက ဂျော်ဂျီယန်ပြက္ခဒိန်ဖြစ်တယ်။ ခုနှစ်တခုကို (၁ဝဝ) နဲ့စားလို့ ပြတ်တာကို ယူရတာမဟုတ်ပဲ (၄ဝဝ) နဲ့စားလို့ပြတ်တာကိုသာ ယူရတယ်။ ဒါကြောင့် ၁၆ဝဝ၊ ၂ဝဝဝ နဲ့ ၂၄ဝဝ တွေကို ရက်ထပ်နှစ်လို့ခေါ်တယ်။

ဖေဖေါ်ဝါရီလ (၂၉) ရက်မှာ အမျိုးသမီးတွေကို ဒူးတဖက်ထောက်ပြီး လပ်ထပ်ခွင့်တောင်းတဲ့အလေ့ဟာ အိုင်ယာလန် ဒဏ္ဍာာရီတခုဖြစ်တယ်။ ၅ ရာစုနှစ်တုံးက (ကီလ်ဒဲယာ စိန့်ဘရစ်ဂျစ်) ကနေ အမျိုးသမီးတွေအနေနဲ့ ယောက်ျားတွေကနေ ကမ်းလှမ်းလာမှာကိုစောင့်ရတာ စိတ်မရှည်နိုင်ဘူးလို့ (စိန့်ပက်ထရစ်) ကို (ကွန်ပလိန့်) တက်ပါသတဲ့။ အဲတာနဲ့ (စိန့်ပက်ထရစ်) ကနေ အဲဒီ ရက်ထပ်နှစ်ထဲက ဖေဖေါ်ဝါရီ ၂၉ ရက်မှာ အမျိုးသမီးတွေကနေ ယူလက်ထပ်လိုတဲ့ အမျိုးသားကို လက်ထပ်ခွင့်တောင်းဆိုနိုင်တယ်လို့ ဒီဂရီချပေးတယ်။

ဒီအလေ့အထဟာ အိုင်ယာလန်ကနေ စကော့တလန်ဆီကူးစက်သွားပြီး ၁၂၈၈ ခုနှစ်မှာ ဥပဒေပြဌာန်းလိုက်တယ်။ အဲလို အမျိုးသမီးကခွင့်တောင်းတာကိုငြင်းဆန်တဲ့အမျိုးသားကိုလည်း ဒဏ်ငွေချမှတ်မယ်လို့ ဥပဒေမှာပါတယ်။ ဒိန်းမတ်မှာတော့ အဲလိုငြင်းဆန်တဲ့ယောက်ျားကနေ အမျိုးသမီးအတွက်လက်အိတ် ၁၂ စုံကို ဒဏ်ကြေးအဖြစ်ပေးစေတယ်။ အမျိုးသမီးမှာ အရှက်ရတာကို ဖုံးကွယ်ဘို့သဘောဖြစ်တယ်။ ဖင်လန်မှာတော့ စကပ်ချုပ်ဘို့အစ ဝယ်ပေးရမယ်။

အမျိုးသမီးတွေကနေ စပြီးကမ်းလှမ်းတဲ့အလေ့အထဟာ ၁၉ ရာစုမှာ တွင်ကြယ်လာတယ်။ သုတေသနတခုအရ အမျိုးသမီး ၂ဝ% က အဲလိုလုပ်ရတာကို သဘောကျတယ်လို့ဆိုပါတယ်။ ၃ ယောက်မှာ ၁ ယောက် သူတို့ ကမ်းလှမ်းချက်ကို ဘယ်လိုတုန့်ပြန်မလဲဆိုအတွက် စိုးရိမ်မှုရှိကြပါသတဲ့။ အမျိုးသား ၅၉% ကတော့ သူတို့ကပဲ သူတို့ လပ်ထပ်မယ့်သူရှေ့မှာ ဒူးတဖက်ထောက်နည်းကိုသဘောကျတယ်လို့ဆိုပါတယ်။ ဒါပေမယ်။ ၁၅% ကတော့ အဲလို လုပ်နည်းအတွက် စဉ်းစားမယ်တဲ့။

ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့ဟာ လစာထုတ်ရသူတွေ အရင် ၃ နှစ်ကထက်တရက်ပိုအလုပ်လုပ်ပြီးမှသာ လစာရမယ်။ တနှစ်စာ (၃၆၆) ရက်လုပ်ကြရတယ်။ ရက်ထပ်နှစ်ထဲက ဖေဖေါ်ဝါရီ (၂၉) မှာမွေးတဲ့သူတွေမှာ မွေးနေ့ကို (၄) နှစ်မှ တခါသာ ကျင်းပနိုင်ကြတယ်။ ကနေ့ကမ္ဘာမှာ ဖေဖေါ်ဝါရီလ (၂၉) ရက်မှာမွေးခဲ့သူပေါင်း ၄့၁ သန်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

Vitamin Supplements and Children ကလေးအားဆေး

မင်္ဂလာပါဆရာ။ facebook မှာ ဆရာရေးတာတွေကို အားရင်အားသလို တော်တော်များများဖတ်ဖြစ်ပါတယ်ရှင်။ ဗဟုသုတများစွာရလို့လဲ ကျေးဇူးတင်ပါတယ်ရှင်။ ကျမက US မှာ နေတာပါရှင်။ သိချင်တာလေးတွေကတော့ မြန်မာပြည်က ကလေးဆရာဝန်တွေဟာ မွေးစအရွယ်ကနေစပြီး ကလေးတွေကို multivitamin သော်လည်း တခြား အားဆေးတွေသော်လည်းကောင်း တိုက်ကြတာကို ကြားသိရပါတယ်။ အဲ့ဒါဟာ တကယ်လိုအပ်ပါသလားဆရာ။ ဒီက OG တွေနဲ့ စာမှာ ဖတ်ရသလောက်က မိခင်အာဟာရစုံလင်အောင် စားရင် မလိုအပ်ဘူးလို့ သိထားလို့ပါရှင်။ မိခင်နို့မှာ Vitamin D သာမရရှိတဲ့အတွက် ဒီတမျိုးထဲကိုပဲ တိုက်ဖို့သိထားပါတယ်ရှင်။ ဆရာအဆင်ပြေနိုင်မယ်ဆိုရင် အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သီးသန့်စာရေးပေးလို့ရပါမလားရှင်။ ကျမသားလေးက အခု ၉ လထဲမှာပါ၊ တနှစ်ပြည့်တဲ့အခါမှာ regular whole milk အစား toddler formula တိုက်ရင် သင့်တော်ပါသလားဆရာ။

Toddler ဆိုတာ ၁၂ လကနေ ၃၆ လအရွယ်ကိုခေါ်ပါတယ်။ နို့မှုံ့တွေက သိပ်တော့ မကွာကြပါ။ အားဆေးကို ယေဘုယျပြောရင် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လုံလောက်အောင် ထုတ်မပေးရင် ဗီတာမင်တွေ နည်းနေနိုင်တယ်။ အစားအသောက်ထဲကနေရမယ်။ စားသောက်နည်းမှန်ရင် ဘာအားဆေးမှ မလိုပါ။ စားသောက်နည်းမှန်ဆိုတာ (ပြည့်ဝ + မျှတ) ရပါမယ်။ ဗီတာမင်ဆိုတာ နည်းနည်းပါးပါးလေးစီကို နေ့တိုင်းလိုတာ ဖြစ်ပါတယ်။

ကလေးအများစုက ၆ လအထိဘာအပိုမှမလိုကြပါ။ တချို့ကလေးတွေကိုတော့ အားဆေးသောက်ဘို့ညွှန်ကြားပါမယ်။ အစားပျက်နေတဲ့ကလေး၊ ဗီတာမင်ချို့တဲ့နေတဲ့ကလေး၊ အစားရှောင်တဲ့ကလေး၊ ဥပမာ အသားမစားတဲ့ကလေးနဲ့ ထမင်းဆီဆမ်းသာစားတဲ့ကလေး။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ကလေးအားဆေး (ဆေးပြား၊ ဆေးရည်၊ အစက်ချဆေး) တွေဟာ အများအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် ဆေးဟာ ဆေးဖြစ်တယ်။ စနစ်တကျမသောက်တတ်ရင် ဘေးဖြစ်တယ်။ မလိုပဲသောက်ရင် အကျိုးမများပါ။ ဆေးတိုင်း ၁ဝဝ% ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများရှိတယ်။ များလို့ဒုကပေးနိုင်တဲ့ဗီတာမင်တွေဆိုတာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဖြစ်တယ်။ အဲတာတွေကို ဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေလို့ခေါ်တယ်။

ဗီတာမင်တွေအများကြီးသောက်ရင် စိတ်ပိုင်းဆိုင်ရာ အားနည်းစေနိုင်တယ်ဆိုတာရှိပေမယ့် သက်သေအထောက်အထား မပြည့်စုံပါ။ ဗီတာမင်တွေထဲမှာ (စီ) ကိုအများကြီးပေးလို့ရတယ်လို့ပြောနိုင်တယ်။ ဥပမာ အအေးမိခြင်းအတွက်။ ဒါပေမယ့် များလို့ ဝမ်းပျက်နိုင်တယ်။ ပျို့-အန်မယ်။ ကြွက်တက်မယ်။ ခေါင်းကိုက်မယ်။

• ဗီတာမင် (အေ) = ရက်တီနော သည် ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။ များရင်အဆပ်သင့်သလိုဖြစ်တယ်။

• ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသဲ၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်သည်။ (ဗယ်ရီဗယ်ရီ)ခေါ်ထုံနာ-ကျင်နာ ရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။

• ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာပါဝင်သည်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။

• ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးများကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊

• ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။

• ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း) သည် (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေသည်။

• ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) စိမ်းသော အသီးအရွက်များ၊ အသီးအနှံများမှာ ပါဝင်နေသည်။ ချဉ်သောအသီးများ (သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး) အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ် ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေသည်၊ အနာကျက်စေသည်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။

• ဗီတာမင် ဒီ သည် ငါးကြီးဆီ၊ နို့ထွက်အစာများမှာ ပါဝင်သည်။ နေရောင်ကြောင့် ဗီတာမင်အေမှ ဒီဖြစ်လာစေသည်။ အရိုးတည်ဆောက်ရန် အသုံးကျသည်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေသည်။

• ဗီတာမင်အီးသည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံများမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောများ အလုပ်ကောင်းစေရန် အသုံးကျသည်။

• ဗီတာမင်ကေသည် အသီးအရွက်များမှာပါသည်။ သွေးတိတ်စေသည်။

ကြော်ငြာဆေးကို မယုံသင့်ပါ။ အစားအသောက် အစုံစားနေရင် မလိုကြပါ။ မစုံရင်တော့ လိုနိုင်တယ်။ အစုံစားဆိုတာ ထမင်း၊ ခေါက်ဆွဲ၊ ဆန်နဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ၊ ပဲ၊ ပဲသီး၊ အသား၊ ငါး၊ ဥ၊ အသီးအရွက်တွေ၊ အသီးနဲ့ နွားနို့နဲ့ နို့ထွက်အစားအသောက်တွေဖြစ်တယ်။

အားကစားလုပ်တဲ့ကလေးတွေကပိုလိုမယ်။ ဆိုင်မှာအလွယ်ဝ်ရတဲ့ (ဖတ်စ်ဖုဒ်) သာစားတဲ့ကလေးတွေက လိုမယ်။ ဗီတာမင်ဆေးရည်၊ ဆေးပြားတွေမှာ ကြော်ငြာကောင်းတိုင်း ကောင်းချင်မှကောင်းပါမယ်။ ကိုယ့်ကလေးမှာ ဘာဓါတ် လိုနေလည်းသိရမယ်။ အာဟာရဓါတ်တွေအကြောင်းနဲ့ ဗီတာမင်တွေအကြောင်းစာတွေလည်းဖတ်ပြီး လိုတာလိုက်နာပါ။ အများဆုံးလိုတတ်တာက ဗီတာမင်ဘီနဲ့ ကယ်စီယမ်ဖြစ်တယ်။ တချို့ကလေးတွေ ဗီတာမင်အေနည်းနည်းလိုကြတယ်။

ဒေါက်တာတင့်ဆွေ

Craving of the opium addict ဘိန်းစား၏ ဆုတောင်းခန်း

• ဘိန်းကိုပဲစွဲ၊ စိုးရိမ်စိတ်ကဲ၊
• လူထဲမတိုးချင်၊ သူများမမြင်အောင်သုံးနေ၊
• ငွေကုန်ချင်ကုန်ပါစေ ဘိန်းအတွက်ဆိုရင်၊
• စကားပြောလျှင် လေသံနဲ့မြန်၊ စိတ်မူမမှန်၊ အန်ချင်၊
• သူများမမြင်တာတွေမြင်၊ မကြားတွေကြား၊
• စားချင်စိတ်ကမရှိ၊ လူကပိန်ချိ၊
• မျက်စိကနီစွေး၊ အဝေးငေးကြည့်၊
• သတိမေ့လျှော့၊ အလုပ်မှာပေါ့၊
• ကျောင်းမှာတော့စာညံ့၊ သန့်ရှင်းရေးဂရုမစိုက်၊
• ခေါင်းကိုက်၊ ငိုက်ပေမဲ့အိပ်မပျော်၊
• အသံတော်တော်ကျယ်ရင် မကြားချင်၊
• ဘိန်းဘုရင်ကြီးနဲ့ စစ်သူကြီးတွေ သက်တော်ရာကျော်ရှည်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

My books စာအုပ်ထုတ်မယ်

ကျန်းမာရေးနဲ့ဆေးပညာစာတွေကို စာအုပ်ထုတ်နိုင်ဘို့ရာ လုံးပမ်းနေတာ နှစ်အတော်ကြာပြီ။ ပဌမဆုံးစာအုပ်အတွက် စာတွေကို စာအုပ်တိုက်တခုက အယ်ဒီတာတွေလက်ထဲအရောက်ပို့ပြီးပြီ။ ကိုယ်ဝန်ဆောင်စာတွေ့ပါ။

နောက်တအုပ်က ဘက်လိုက်တယ်ပြောချင်လည်း ပြောပေတော့ အမျိုးသမီးကျန်းမာရေးစာတွေဖြစ်ပါမယ်။ ညတုံးက ဟိုအရင်ကတည်းက ဆက်သွယ်ထားတဲ့ အယ်ဒီတာတယောက်နဲ့ ပြန်အဆက်ရလို့ အဲဒီစာအုပ်ကို သူကနေတဆင့် စာအုပ်တိုက်တခုကို ပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအတွက်စာတွေကို ပြန်စစ်ပြန်ချောနေပါပြီ။

ဒီရက်တွေမှာ မေးတာတွေကိုဖြေဘို့ အရင်ကလောက်မြန်မယ်မဟုတ်ပါ။ မေးခွန်းစည်းကမ်းနဲ့အညီလာတာတွေကို ဖြေရတာက အပမ်းမကြီးပေမယ့် အသက်မပြော၊ ကျား-မ မသိရတာတွေ၊ မလိုအပ်တာတွေထည့်ရေးတာတွေ၊ လိုတာ ပါမလာတာတွေ၊ ပုံတစောင်းတွေ၊ ဖတ်မရတာတွေ၊ သမီး-သားလို့ရေးတာတွေ၊ စတာတွေဆိုရင် အလွန်အချိန်ကုန်ပြီး၊ ခေါင်းခဲရတယ်။ အဲတာတွေကိုတော့ မဖြေပဲထားတော့မယ်။ ဆောရီး။

နောက်စာတွေက အသည်းရောဂါတွေ၊ ကင်ဆာရောဂါတွေ၊ ကလေးရောဂါတွေ၊ အစာအာဟာရစာတွေ၊ ရေးပြီးသားက အတော်များလို့ အားမနာတဲ့စာအုပ်တိုက်နဲ့သာကိုက်မယ်။

နိုင်ငံရေးနဲ့ သုတစာလေးတွေတော့ ထုတ်ပေးမယ့်သူ ရှာရဦးမယ်။

ကျွန်တော်က သူများသတ်ပုံလွဲတာတွေလိုက်လိုက်ပြောနေသူမို့ ကိုယ့်စာမှာ အမှားမပါချင်ပါ။ အချက်အလက်တွေက စစ်စရာမလို၊ သတ်ပုံတွေသာစစ်နေရတယ်။ ဖေ့စ်ဘွတ်ဖရင်းထဲမှာ ကျွန်တော်တင်တာတိုင်းကို သတ်ပုံစစ်ပေးနေသူ ၃-၄ ယောက်ရှိနေတယ်။ သူတို့ထဲက အချိန်ပေးနိုင်သူကို အကူအညီတောင်းရမလား ခေါင်းထဲပေါ်လာတယ်။ (ပလိစ်)။

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

Long live Opium

- လူမျိုးတုံးစေမှာကို ဖျက်မရတဲ့သတင်း
- စနစ်ဆိုးတုံးစေမှာကို မဖျက်ခြင်ကြတဲ့သတင်း
- ဘယ်ဒင်းကဆိုးသလည်း
- အဲဒီပုဒ်မကို ဘိန်းနဲ့အစားထိုးပေးဘို့ တောင်းဆိုအပ်ပါကြောင်း

ဒေါက်တာတင့်ဆွေ
၂၉-၂-၂ဝ၁၆

Sunday, February 28, 2016

အရက်ဋီကာချဲ့ခြင်း

ဆရာဝန်ကြီးတယောက်က ဈေးကြီးပေးရတဲ့ အရက်ကောင်းဆိုရင် ကျန်းမာရေး ကောင်းသင့်သလောက် သောက်ပါလို့ ပြောထားတယ်။ ကျနော် ဆရာဝန်လေး (အသက်ငယ်လို့မဟုတ်ပါ) ဖြေပါမယ်။ ဈေးကြီးရင် ပစ္စည်းပိုကောင်းတဲ့ ဥပဒေသကတော့ အမှန်ရှိပါတယ်။ ဥပမာ အရက်၊ ရေမွှေး၊ ဂျူတီဖရီးက ရောင်းသမျှ။ ဈေးနည်းတာ သောက်ရလေလေ ဆိုးကျိုးပိုဖြစ်နိုင်လေဆိုတာလည်း မှန်ပါတယ်။ ကျန်းမာရေးဘက်က တွက်ရင်တော့ အဆိုးလေးနဲ့ အဆိုးကြီးသာ ကွာပါတယ်။

အရက်ဆိုရင် ဟောင်းလေကောင်းလေ ဥပဒေသလည်း ရှိပါတယ်။ ၁၈ နှစ်သက်တမ်းရှိတဲ့ Macallan Old Sherry Wood Distilled 1980 Bottled 1998 700ml တပုလင်းကို ဒေါ်လာ ၁၁ဝဝ ပေးရတယ်။ Scotch Whisky စကော့ခ်ျ ဝီစကီတွေက ဟောင်းရင် ဈေးကောင်းရတယ်။
• ၂၁ နှစ်သက်တမ်း Balvenie Portwood = $189.90
• ၁၇ နှစ်သက်တမ်း Balvenie = $129.90
• ၁၅ နှစ်သက်တမ်း Dalwhinnie Single Malt = $63.90
• ၁၂ နှစ်သက်တမ်း Cragganmore Single Malt = $59.95
• ၁၂ နှစ်သက်တမ်း Dewar’s Special Reserve = $35.95
• ၁ဝ နှစ်သက်တမ်း Ardbeg = $49.95
• ၅ နှစ်သက်တမ်း Bench 5 Scotch Whisky = $23.55
• ၃ နှစ်သက်တမ်း House Of Stuart = $18.90
• ၃ နှစ်သက်တမ်း House of Stuart = $9.25

အရက်မှာ ဟောင်းတိုင်းကောင်းသလားလို့ မေးခွန်းထုတ်တာတွေလည်း ရှိပါသေးတယ်။ နာမည်ကြီး Chivas (ချီးဗတ်စ်) ကနေ သုတေသန လုပ်ထားပါတယ်။ သောက်သုံးသူ ၉၃ ရာခိုင်နှုန်းကတော့ ဟောင်းတာ ကောင်းတယ်လို့ ပြောကြပါတယ်။ ရောင်းတဲ့သူအကြိုက် အဖြေဖြစ်ပါတယ်။ ကျန်ရာနှုန်းထဲက ထောက်ပြတာကတော့ ဝီစကီထဲမှာပါတဲ့ Spirits (စပစ်ရစ်) အရက်ဟာ သိမ်းဆီးဖို့ ထားရတဲ့ Cask ထည့်စရာထဲမှာ ကြာလာရင် သစ်သားနဲ့ဓာတ်ပြုပြီး ပြောင်းလဲပျက်စီးလာမယ်တဲ့။ သူ့ထဲမှာ ချက်လုပ်ရာမှာပါတဲ့ အစေ့အဆံရဲ့အစွမ်းကို ဖုံးလွှမ်းသွားတယ်တဲ့။ ဥပမာ Malt Scotch မော့လ် စကော့်ခ်ျ ထုတ်တာမှာသုံးတဲ့ ဘာလီစေ့။ ဥပမာပြရရင် မျက်နှာမှာ မိတ်ကပ်ထူထူကြီး လိမ်းသလိုပဲတဲ့။

အရက်အမျိုးမျိုးကို ချက်လုပ်ရာမှာ ဘယ်လိုအစေ့အဆံတွေ သုံးသလဲ့
• Bourbon whiskey 51% Corn (Maize) ပြောင်း-ပြောင်းဖူးစေ့၊
• Corn whiskey 80% Corn ပြောင်းစေ့၊
• Malt whiskey 51% Malted barley ဘာလီစေ့၊
• Rye whiskey 51% Rye ရိုင်း-စပါးစေ့၊
• Rye malt whiskey 51% Malted rye ရိုင်း-စပါးစေ့၊
• Wheat whiskey 51% wheat ဂျုံစေ့၊
• Beer (ဘီယာ) ကို Barley ဘာလီ၊ ဒါမှမဟုတ် တခြားအစေ့အဆံတွေကနေ ထုတ်တယ်။
• Wine (ဝိုင်) ကို စပျစ်သီးကနေ အများဆုံးထုတ်တယ်။ တခြား အသီးတွေကနေလည်း ထုတ်သေးတယ်။
• Vodka (ဗော့ဒဂါ) ကို အစေ့အဆံကို သိုးအောင်လုပ်ပြီးမှ ထုတ်ရတယ်။
• Gin (ဂျင်န်) ကလည်း အဲလိုပဲ။
• Cider (စီဒါ) ဆိုတဲ့ အမေရိကားနဲ့ ကနေဒါက အရက်ကို ပန်းသီးရည်ကနေ ထုတ်တယ်။

Scotch whiskies တွေက အနည်းဆုံး နှစ်ခါ (တချို့က အခါ ၂ဝ) ပေါင်းခံတယ်။ အစစ်သတ်မှတ်ချက်အရ အနည်းဆုံး ၃ နှစ်ထားရမယ်။ Oak casks (အုတ်သစ်သား) နဲ့ လုပ်ထားတဲ့ စည်ပိုင်းထဲမှာသာ ထားရမယ်။ ဘယ်လောက်ကြာပြီဆိုတာ မပါဘဲ ရောင်းမရဘူး။ Smoky flavor မီးသင်းထားတဲ့ အနံ့လေး ပါတာများတယ်။ Peat smoke သစ်ဆွေးမြေကို သုံးလေ့ရှိတယ်။

အရက်ကောင်းလို့ ယေဘုယျခေါ်ကြတဲ့ ဝီစကီကို တခြားနိုင်ငံတွေကလည်း ထုတ်ပါတယ်။ (စကော့ခ်ျ) အစစ်မဟုတ်ပါ။ ဥပမာ အိန္ဒိယမှာ ဝီစကီကို Neutral spirits အရက်ပျံနဲ့ ရောထားတယ်။ ဒီဟာက သကြားထုတ်တဲ့အခါမှာသုံးတဲ့ ကြံ၊ စပျစ် စတာတွေကနေရတယ်။ အဲလိုထုတ်လုပ်တာက Rum (ရမ်) နဲ့ ပိုတူနေပါမယ်။

အရက်ထဲမှာ ဓာတုဗေဒအရ ဘာတွေပါသလဲ့
အနံ့မွှေးဖို့ သုံးတာထဲမှာ (ကာဗွန်နိုင်းလ်) ဓာတ်ပေါင်း၊ (အယ်လ်ကိုဟော)၊ (ကာဘောက်ဆလစ် အက်စစ်)၊ (နိုက်ထရိုဂျင်) နဲ့ (ဆာလ်ဖါ) ဓာတ်ပေါင်းတွေ၊ (တဲနင်)၊ (တာပိုင်း)၊ (ပိုင်ရဒင်း)၊ (ပိုင်ရဇင်း) ဆိုတာတွေပါတယ်။ Oak အုတ်သစ်သား စည်ထဲမှာ ထားသိုရလို့ (အုတ်) နံ့ ရနေတယ်။ ဓာတ်ပေါင်းတွေပါမယ်။ Distillation ပေါင်းခံဖြစ်စဉ်ကနေ Fusel oils လောင်စာဆီ ပါတယ်။ သူက (အက်စနောလ်) ထက်ပိုပြီး အဆိပ်သဘောရှိတယ်။ ဒါကြောင့် ဒုတိယအကြိမ် ပေါင်းခံတဲ့အခါမှာ မီးသွေး စတာတွေကို သုံးတတ်တယ်။ ဝီစကီကို အရောင်ပေးဖို့ သုံးတဲ့ ဓာတ်ပေါင်းတွေလည်း ပါနေတယ်။

အရက်အမျိုးမျိုးထဲမှာ အရက်ဘယ်လောက်ပါသလဲ့
• Pilsner ပေလ်စနာ = 3–6 %
• Beers ဘီယာ = 3-10 %
• Lager လက်ဂါဘီယာ = 4-5 %
• IPA (Pale Ale) ပေးလ်-အေးလ် = 6-7 %
• Sparkling Wine စပါကလင်-ဝိုင် = 8–12 %
• Wine (general) ပုံမှန် ဝိုင် = 10–15 %
• Madeira Wine မဒီရာ-ဝိုင် = 15-18 %
• Bum Wine ဘမ်-ဝိုင် = 15-20 %
• Port Wine ပို့တ်-ဝိုင် = 16-20 %
• Fortified Wines ဝိုင်အပြင်း = 16–22 %
• Sherry ရှယ်ရီ-ဝိုင် = 17–22 %
• Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60 %
• Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40 %
• Neutral Grain Spirits ချက်အရက် = 95 %
• Rectified Spirits မီးတောက်အရက် = 96 %

မြန်မာပြည်ထွက်တွေကို ကွန်မင့်ကနေ တယောက်က ပြောပြလို့ မှတ်ထားတာရှိတယ်။
• မြန်မာ ရမ် = 45 %
• မြန်မာ အာမီရမ် = 40 %
• မြန်မာ ဘီအီး (အရက်ဖြူ ) = 30%

Alcohol powder အရက်မှုန့်
အရက်မှုန့်ကို ၂ဝ ဂရမ်ထုပ်တထုပ်ကို ၁-၁ ဒသမ ၅ ယူရို (၁ ဒသမ ၃၅-၂ ဒေါ်လာ) နဲ့ရောင်းတယ်။ အရက်ကို အမှုန့်လုပ်နည်းကို ယူအက်စ်မှာ ၁၉၆၉ ကတည်းက မူပိုင်ခွင့်ကို မှတ်ပုံတင်ထားတယ်။ လုပ်နည်းက အပူချိန် (-173.4° F) အထိ လျှော့ချရတယ်။ Palcohol ကို FDA က အသိအမှတ်ပြုပေးထားပါတယ်။ ရုရှားက နာမည်ကြီး ဗော်ဒကာအရက်ကိုလည်း Dry vodka အမှုန့်အနေနဲ့ လုပ်ထားတယ်။

၁။ Reconstituted ရေနဲ့ရောသောက်ရတယ်။
၂။ Oral ဆေးတောင့်ပုံစံလုပ်ထားပြီး ဆေးသောက်သလို သောက်ရတယ်။
၃။ Nebulizer ရှူဆေးနည်းနဲ့သုံးတယ်။

အရက်ဟာ သိပ္ပံပညာရှင်တွေကနေ တီထွင်ပြီး တွေ့သိလာတဲ့ အဆန်းထွင်မှုမဟုတ်ပါ။ အစားအသောက်နဲ့ အသီးအနှံတွေမှာ ပါနေတဲ့ သကြားဓာတ်က သဘာဝနည်းနဲ့ ကစော်ပေါက်တာကို အမှတ်မထင် သောက်သုံးရာကနေ တွေ့လာပါ။ အကောင်တွေ၊ ငှက်တွေက အဲလိုဟာကိုသောက်လို့ အမူအယာ ထူးခြားနေတာကို သတိထားမိတဲ့ တိရစ္ဆာန်အထိန်းတွေ၊ တောသူတောင်သားတွေကနေ စမ်းကြည့်ရာကနေ သောက်သုံးတာလို့ ဆိုပါတယ်။ ကျောက်ခေတ်နှောင်းပိုင်းကာလ သက်တမ်းရှိတဲ့ ဘီယာခွက်နဲ့တူတာကိုလည်း တွေ့ရှိထားလို့ ဒီအယူအဆကို ခိုင်မာစေတယ်။ ဘီစီ ၁ဝဝဝဝ လို့ မှန်းပါတယ်။

အရက်အမယ်ပေါင်း ၂ ဒါဇင်လောက် ရေးပြီးပြီ၊ တာရှည် အရက်သောက်ရာကနေ ရစေနိုင်တဲ့ ရောဂါ ၁ ဒါဇင်တိတိ နာမည်လေးတွေပါ ပြောပါရစေ။

• Anemia သွေးအားနည်းခြင်း၊
• Cancer ကင်ဆာ၊
• Cardiovascular disease နှလုံး-သွေးကြောရောဂါ၊
• Cirrhosis အသည်းခြောက်ရောဂါ၊
• Dementia အသိဉာဏ်ချို့ယွင်းရောဂါ၊
• Depression စိတ်ကျရောဂါ၊
• Seizures အတက်ရောဂါ၊
• Gout ဂေါက်ရောဂါ၊
• High blood pressure သွေးတိုးရောဂါ၊
• Infectious disease ကူးစက်ရောဂါ၊
• Nerve damage အာရုံကြောထိခိုက်ခြင်း၊
• Pancreatitis သရက်ရွက်ရောင်ခြင်း။

အရက်ဈေးကြီးတာက ပိုကောင်းတယ်ဆိုလို့ သောက်နိုင်သူများခင်ဗျား၊ တပုလင်း ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ အကုန်ခံနိုင်တယ်ထားပါတော့၊ အသည်းရောဂါရလို့ အသည်းလဲရရင် ဒေါ်လာ ၁ဝဝဝဝ မက ကုန်ကျပါမယ်။

ဒေါက်တာတင့်ဆွေ
By ဒီဗွီဘီ 24 February 2016

Paper elephant စက္ကူဆင်ဖြူတော်

ဟိုဘုရင်တွေလက်ထက်ကတန်ဘိုးထားခဲ့တဲ့ ဆင်ဖြူတော်ကို(နဝတ)စစ်အစိုးရခေတ်မှာတန်ဘိုးဖျက်တယ်။ အဲတာကိုအမြင်ကပ်လို့ Chikungunya ကို ဆင်ဖြူတော်တုပ်ကွေးဆိုပြီးဆေးစာတပုဒ်ရေးထားလိုက်တယ်။

Paper tiger စက္ကူကျားဆိုတာဟာစစ်အေးခေတ်မှာအနောက်အုပ်စုကနေတရုပ်ခေါင်းဆောင် မော်စီတုန်းကိုထိုးနှက်ရာမှာ သုံးခဲ့တဲ့စကားလုံး ဖြစ်တယ်။

ဒီအစိုးရလက်ထက်မှာ White Elephant Paper (Kyat note) မြန်မာဆင်ဖြူတော်ငွေစက္ကူက ပြောစမှတ်ရှိလာပြန်ပြီ။ ဆင်ဖြူတော်ပုံပါတဲ့ ၅ဝဝဝ တန် ငွေစက္ကူကို တရုပ်ကနေအတုတွေလုပ်တဲ့သတင်း ၂ဝ၁၄ ခုနှစ် ဧပြီလလောက်တုံးက ထွက်နေတယ်။

ဆင်ကြံကြံသူတွေခေတ် မြန်မြန်ကုန်ပါစေသတည်း။

Chikungunya ဆင်ဖြူတော် တုပ်ကွေးhttp://dts-medicaleducation.blogspot.com/2010/10/chikungunya.html

ဒေါက်တာတင့်ဆွေ

Generalization ဝါးလုံးသိမ်း

ကျွန်တော့်ပို့စ်တခု = တရုပ်ခရီးသွားများ ပိုက်ဆံသာရှိပြီး ရိုင်းစိုင်းကြသည်

ကွန်မင့်တခု = Kuo Hai Min ပြည်မတရုတ်လို့ရေးပေးပါဗျာ။ တရုတ်လို့ဆိုပြီး အားလုံးကိုရမ်းဆဲနေတာက မြန်မာလူမျိုးတွေလဲ စည်းကမ်းရှိရဲ့လားလို့ ကိုယ်ကိုမေးပြီမှ သူများကိုဝေဖန်ကြပါ။ ဆရာဦးတင့်ဆွေကို တောင်းပန်ပါတယ်။ ကျွန်တော် ရိုင်းတာရှိရင်ခွင့်လွတ်ပါ။

(ပိုက်ဆံချမ်းသာကြသူတွေ တရုပ်ပြည်မကြီးကနေ) လို့ပါတယ်မဟုတ်ပါလား။ ကျွန်တော်က ဘာသာပြန်တာပါ။ ဒီသတင်းမှာ တိုက်ရိုက်ပြန်နည်းသာသုံးပါတယ်။ ကျွန်တော်လည်း ဝါးလုံးသိမ်းပြီး ကောင်းတယ်၊ ဆိုးတယ်လို့ ပြောတာမျိုးကို သဘောမတူပါ။ အရင် အခုစာကိုရေးတုန်းက (ကုလား) အသုံးကနေစပါတယ်။

ကျွန်တော့်မှာ တရုပ်ကပြား သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအများကြီးရှိပါတယ်။ တရုပ်ပြည် ယူနန်နယ်ကိုလည်း တခေါက်ရောက်ဖူးတယ်။ ယဉ်ကျေးကြပါတယ်။ အိန္ဒိယမှာ ၂၄ နှစ်နေခဲ့ဖူးတယ်။ တချို့အိန္ဒိယနိုင်ငံသားတွေ အင်မတန် ယဉ်ကျေးကြတယ်။ လေယာဉ်စီးရင်တော့ အိန္ဒိယခရီးသည်တွေလည်း နာမည်ကောင်းမရှိပါ။ မျက်မြင်ကိုယ်တွေ့ပါ။ အကြိမ်ပေါင်းမနည်းပါ။

အကုန်သိမ်းပြီး ကောင်းတယ်၊ မကောင်းဘူးလို့ပြောတာ အပြစ်မလွတ်ပါ။ (ကုလား) လို့ ခြုံပြောတာ၊ (ဘင်္ဂါလီ) လို့ သုံးတာ၊ (မွတ်ဆလင်) လို့သိမ်းကြုံးပြောတာတွေကို အရင်ကရေးထားပါသေးတယ်။ (စစ်တပ်) ကို ပြောတာမှာလည်း အထူးသတိထားသင့်ကြပါတယ်။

ဝါးလုံးသိမ်းပြောလိုက်တာက မှားတတ်တယ်။ အကဲဖြတ်ချက်တခု၊ မှတ်ချက်တခုကို ယျေဘုယျ ပြောချလိုက်တာမှာ အနှောင့်အသွား မလွတ်တတ်ပါ။ တချို့က အဲလိုအပြောခံရတာကို အလေးအနက်ယူကြတယ်။ တချို့ကတော့ သာမန်သဘောထားတယ်။

သုတေသနလုပ်တာတောင်မှ အားလုံးမှန်တယ်လို့ ပြောမရပါ။ အမေရိကမှာလုပ်ထားတဲ့ ဆေးသုတေသန ရလဒ်တွေကို မြန်မာပြည်ကလူနာတွေတိုင်းမှာ မသင့်တတ်တာမျိုးရှိတယ်။ ကျွန်တော်လည်း မှားဘူးပါတယ်။ ဆေးပညာစာတွေ ရေးတဲ့အထဲမှာ အသည်းကင်ဆာဖြစ်ရင် (၆) လထက် အသက်မရှည်ဘူးလို့ရေးတာကို ထောက်ပြခံရဘူးတယ်။ ဒေလီကို တိုင်းတပါးကနေ ဆေးကုလာတဲ့မြန်မာပြည်ကလူနာတွေကို ငွေလိမ်သူက ကုလားရွှေတွေလို့ ရေးမိတာကို ပြန်ပြင်ရဘူးပါတယ်။ တချို့ကောင်း၏။ တချို့မကောင်းလို့ရေးမှ မမှားမယ်။

ယုတ္တိဗေဒ ကောက်ချက်ချတာကို သင်ဘူးကြမှာပါ။ ခွေးသည်သေမျိုးဖြစ်၏။ မောင်ဘသည်သေမျိုးဖြစ်၏။ ထို့ကြောင့် မောင်ဘသည်ခွေးဖြစ်၏။

ဒေါက်တာတင့်ဆွေ
၁၃-၂-ဝ၁၅
၂၈-၂-၂ဝ၁၆

White elephant ဆင်ဖြူတော်

စစ်အစိုးရလက်ထက်မှာ ဆင်ဖြူတော်သတင်းတွေ ထွက်လာတယ်။ ပွဲတွေလမ်းတွေနဲ့ ရွှေတွေငွေတွေ၊ ရတနာတွေ စီခြယ်ပြီး၊ တခမ်းတနားလုပ်ခဲ့တယ်။ ၂၈-၁၁-၂ဝ၁၁ နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဧရာဝတီတံတားဖွင့်ပွဲ တက်ရောက်တဲ့ သမတဦးသိန်းစိန်ကနေ ဆင်ဖြူတော်ဟာ တိုင်းပြည်ရဲ့ရတနာတပါးဆိုပြီး မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့တယ်။ ၁-၃-၂ဝ၁၅ နေ့က နဝမမြောက် ဆင်ဖြူတကောင်လည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဲတာနဲ့ မြန်မာ့ရာဇဝင်ကို လှန်မိပါတယ်။

ထိုင်း၊ မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီးယား၊ နီပေါရာဇဝင်တွေမှာ ဆင်ဖြူတော်ကို တန်ဘိုးထားကြတယ်။ အမြတ်တနိုး မင်္ဂလာယူကြတယ်။ တော်ဝင်လက်ဆောင်အဖြစ်လည်းပေးခဲ့ကြတယ်။ ၁၆ ရာစုထဲမှာ ထိုင်းနဲ့ ဗမာနိုင်ငံကြား ဆင်ဖြူတော် ၄ ကောင် ပိုင်လိုမှုကြောင့် စစ်ဖြစ်ခဲ့သေးတယ်။ ကုန်းဘောင်ရာဇဝင်မှာမြေဒူးမင်းနဲ့ ဘုရင့်နောင်တို့က ဆင်ဖြူ့ရှင်ဘွဲ့ခံကြတယ်။

ဟင်ဒူဒဏ္ဍာရီမှာလည်း ဝေဒစကြဝဠာဗေဒမှာ ဝေဒနတ်ဘုရားတွေဘုရင် Airavata ဟာ ဆင်ဖြူတော်ဖြစ်တယ်။ ဗုဒ္ဓဘာသာစာပေမှာလည်း အများကြီးပါတယ်။ စကြာမင်းမှာ ဦးခေါင်းသုံးလုံးပါဆင်ဖြူတော်ရှိသတဲ့။ နာမည်ကလည်း Airavata ဖြစ်တယ်။

ကနေ့ခေါ်ကြတဲ့ ဆင်ဖြူတော်ဟာ Albino elephants ဖြစ်တယ်။ ဖြူတာမှန်သမျှ (ခရုသင်းအပါအဝင်) ကိုခေါ်တယ်။ တကယ့်အရောင်က ပန်းရောင်၊ နီညိုနုရောင်သာဖြစ်တယ်။ အမှန်က ဆင်ရော တခြားအကောင်တွေ၊ ငှက်တွေမှာပါ ရှားပါးလို့ တန်ဘိုးထားတဲ့သဘောပါပဲ။ တချို့ကြတော့ ကျိန်စာသဘောယူဆတာလည်းရှိတယ်။

အနောက်နိုင်ငံတွေမှာတော့ တမျိုးယူဆကြတယ်။ မျှော်လင့်မထားတာတွေကြောင့် ကုန်ကျစရိတ်ကြီးမားတာကို White elephant လို့တင်စားသုံးကြတယ်။ P. T. Barnum ဆိုသူ အမေရိကန်စီးပွါးရေးသမားဟာ Toung Taloung ခေါ်တဲ့ ဗမာ့ အဘိုးတန်ရတနာဆင်ဖြူတော်ကိုရယူဘို့ အပြင်းအထံကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ ထိုင်းဘုရင့်ဆီက တကောင် ဝယ်လို့ ရသွားတယ်။ ဒါပေမဲ့ ဆင်ဖြူဟာ ညစ်ပေတဲ့မီးခိုးရောင်ထဲမှာ ပန်းရောင်အစက်အပြောက်လေးတွေနဲ့ဆင်သာ ဖြစ်နေတာ တွေ့ရတော့တယ်။

အဲတာကြောင့် ခုခေတ်မှာ အပေါ်ယံတန်းဆာဆင်ထားတဲ့ လက်ဆောင်နဲ့ ရောင်းကုန်ကိုသာ ဆင်ဖြူတော်အသုံးနဲ့ သုံးကြပါတယ်။ ဥပမာ စပိန်မှာဆောက်လုပ်တဲ့ လေယာဉ်ကွင်းအတော်များများဟာ ဆင်ဖြူတော်စာရင်းဝင်ကြတယ်။ မဒရစ်တောင်ဖက်က Ciudad Real Airport လေဆိပ်။ မြောက်အမေရိကမှာ အကြီးဆုံး Montréal-Mirabel International Airport လေဆိပ်။ Lambert-St. Louis International Airport runway လေဆိပ်ပြေးလမ်း။ ဒုတိယကမ္ဘာစစ်တုံးက ဂျပန် Yamato စစ်သင်္ဘော။ အဲလို ခေတ်သစ်ဆင်ဖြူတော်စာရင်းက အရှည်ကြီးရှိပါတယ်။

ဘိုးတော်ဘုရားလက်ထက်မှာ ထိုင်းစစ်ပွဲမှာ ရဲရဲတောက်တိုက်နိုင်တဲ့ ကိုယ်ခန္ဒာကြီးကြီး ဆင်မည်းတစ်ကောင်ကို ဆင်ဖြူတော်ဆိုပြီး မင်းနေပြည်တော်ကို ပို့လိုက်ပါတယ်။ ဆင်ဝန်တွေက ဆင်ဖြူတော်အင်္ဂါ ပါမပါ စစ်ဆေးပေမဲ့ တစ်ခုမှ မတွေ့လို့ အခက်တွေ့နေကြတယ်။ နောက်ဆုံးမှာ ဦးပေါ်ဦးကို အကူအညီတောင်းကြရတယ်။ နောက်နေ့ မနက်ခင်းမှာ ဘုရင်က သူ့ဘုန်းတန်ခိုးအရပေါ်တဲ့ ဆင်ဖြူတော်ကို လာပြီးရူစားတော့တယ်။ ဆင်ဝန်ကို ဆင်ဖြူတော်အင်္ဂါပါလား မေးပါတယ်။ ဆင်ဝန်ကလည်း တိတ်နေတော့ ဘုရင်က ပေါ်ဦး မင်းလျှောက်တင်စမ်းဆိုတော့၊ ပေါ်ဦးက ဆင်မည်းကို သေချာလှည့်ပတ်ကြည့်ဟန်ပြုပြီး ဘုရင်ကို မှန်လှပါ ဆင်အမျိုးမှာ ကာဠဝကဆင်၊ ဂင်္ဂေယျဆင်၊ ပဏ္ဍရဆင်၊ ဥပေါသထဆင်၊ ဟေမဆင်၊ ဆန္ဒန်ဆင်ဆိုပြီး အမျိုးအမျိုးရှိရာ ယခု လက်ရှိဆင်ကြီးမှာ ဘုန်းတော်ကြောင့် ဟေမဆင်မျိုး ဖြစ်ကြောင်းပါ။ ဟေမဆင်မျိုးမှာ နောက်နှစ်ပေါင်း ၆ဝ ကျော်လျှင် ဖွေးဖွေးဖြူလာကြောင်းပါလို့ လျှောက်တင်လိုက်ပါသတဲ့။

အခု (၅) နှစ် (၁ဝ) နှစ်လောက်တော့ရှိပြီ။

ဒေါက်တာတင့်ဆွေ
၂-၃-၂ဝ၁၅

Caffeine in Tea leaves ကေဖင်း နဲ့ လက်ဖက်

Caffeine in Tea leaves ကေဖင်း နဲ့ လက်ဖက်

၁။ ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ လက်ဖက်ရည်ကော သောက်လို့ရလားဆရာ။
၂။ ဆရာရှင့် လက်ဖက်မှာ ကဖင်းဓါတ်ပါ ပါသလား။ ကေဖင်းဓါတ်ပါတဲ့ အစားအသောက်များကို ပြောပြစေလိုပါတယ်ရှင်။

Caffeine (ကေဖင်း) ဓါတ်ဟာ သဘာဝအားဖြင့် ကော်ဖီနဲ့ လက်ဖက်ခြောက်ထဲမှာ ပါနေတယ်။ လက်ဖက်ရည်က (၄) မျိုး ရှိတယ်။ Green tea, Oolong tea, White tea နဲ့ Black tea တွေဖြစ်တယ်။ လက်ဖက်မှန်သမျှ Camellia Sinensis အပင်ကနေရတာဖြစ်တယ်။

(ကေဖင်း) ဘယ်လောက်ပါသလဲဆိုတာက အမျိုးမျိုးရှိတယ်။ လက်ဖက်ရည်တခွက်ထဲမှာ ယေဘုယျဆိုရင် 15 to 75 mg ပါတယ်။ အရွက်သပ်သပ်ဆိုရင် အလေးချိန်ရဲ့ ၃% ရှိတယ်။ အကြမ်းအားဖြင့် ကော်ဖီတခွက် (၈ အောင်စ) ထဲမှာ 90mg (ကေဖင်း) နဲ့ လက်ဖက်ရည် အထုပ်လေးတွေနဲ့ သောက်ရတဲ့ တခွက် (၈ အောင်စ) ထဲမှာ 65mg ပါတယ်။

Green Tea လက်ဖက်ရည်တခွက် (၈ အောင်စ) ထဲမှာ (ကေဖင်း) 15-36 mg ပါတယ်။ (ကေဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။

- Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 - 55 mg ပါတယ်။

- White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 - 25 mg ပါတယ်။

- Black Tea လက်ဖက်ရည်ခါးထဲမှာ 25 - 110 mg ပါတယ်။

- Instant coffee ထဲမှာ 65-100mg ပါတယ်။

- Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။

- Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာလည်း (ကေဖင်း) ဓါတ်ပါတယ်။

- Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။

- Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။

မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကေဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက် အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသနသိပ်မတွေ့သေးပါ။ မြန်မာလက်ဖက်သုပ်ထဲမှာ တခြားအရာတွေ အများကြီးပါတယ်။ အခုရေးထားတာက လက်ဖက်ရွက်ထဲက ကေဖင်းဓါတ်တမျိုးတည်းအတွက်သာဖြစ်ပါတယ်။

ဆေး-ကျန်းမာရေးသုတေသနတွေကို တိုးတက်တဲ့နိုင်ငံတွေမှာသာ လုပ်နိုင်ကြတာများတယ်။ သုတေသနရလဒ်တွေကို တခြားတိုင်းပြည်က လူတွေနဲ့ ရေမြေသဘာဝ၊ အစားအသောက်နဲ့ ယဉ်ကျေးမှုတွေကိုသာ အခြေခံတာဖြစ်လို့ တချို့အကြောင်းအရာတွေက မြန်မာပြည်မှာနေထိုင်သူတွေနဲ့ အံဝင်ဂွင်ကျဖြစ်ခြင်မှဖြစ်မယ်။ များများလာတဲ့ မေးခွန်းတွေနဲ့ ကွန်မင့်တွေကို စနစ်တကျစုပြီး ဖေ့စ်ဘွတ် အွန်လိုင်းကနေ သုတေသနတောင်လုပ်လို့ ရတော့မယ်ထင်တယ်။ မြန်မာပြည်က အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ အမျိုးသားနဲ့ ကလေးတွေကို ထင်ဟပ်မဲ့ အချက်အလက်တွေဖြစ်လို့ အကျိုးရှိမယ်။ မေးတဲ့သူတွေ၊ ကူညီဖြေပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မေးခွန်းစည်းကမ်းမှာ နာမည်မလိုပါလို့ ထည့်ထားတယ်။ အသက်၊ ကျား-မ၊ အချိန်ကာလ၊ စတာတွေသိရရင် သုတေသနအသေးစားတခု ဖြစ်လာနိုင်တယ်။ ခက်တာက ကျွန်တော့်မှာ အချိန်ကမလောက်၊ လက်ထောက်မရှိပါ။

- Green Tea (ဂရင်းတီး) တခွက် (၈ အောင်စ) ထဲမှာ (ကေဖင်း) 15-36 mg ပါတယ်။ (ကေဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။

- Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 - 55 mg ပါတယ်။

- White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 - 25 mg ပါတယ်။

- Black Tea လက်ဖက်ရည်ခါးထဲမှာ 25 - 110 mg ပါတယ်။

- Instant coffee ထဲမှာ 65-100mg ပါတယ်။

- Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။

- Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာ (ကေဖင်း) ဓါတ်ပါတယ်။

- Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။

- Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။

မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကေဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက် အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသနသိပ်မတွေ့သေးပါ။ မြန်မာလဖက်သုပ်ထဲမှာ တခြားအရာတွေ အများကြီးပါတယ်။ အခုရေးထားတာက လဖက်ရွက်ထဲက ကေဖင်းဓါတ်တမျိုးတည်းအတွက်သာဖြစ်ပါတယ်။

1. Baian Lishou Coffee ကြော်ငြာကော်ဖီ http://doctortintswe.blogspot.com/2015/11/baian-lishou-coffee.html
2. Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ http://dts-medicaleducation.blogspot.in/2013/08/caffeine.html
3. Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန် http://doctortintswe.blogspot.com/2015/01/caffeine-and-pregnancy.html
4. Caffeine in Tea ကေဖင်း နဲ့ လက်ဖက် http://doctortintswe.blogspot.com/2014/10/caffeine-in-tea.html
5. Caffeine ကေဖင်း http://doctortintswe.blogspot.com/2015/01/caffeine.html
6. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/04/coffee-and-health.html
7. Coffee mix ကော်ဖီမစ် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2014/10/coffee-mix.html
8. Excess caffeine health warning http://doctortintswe.blogspot.com/2015/05/excess-caffeine-health-warning.html
9. Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
10. Love Coffee ညစ်ညမ်းကော်ဖီ http://doctortintswe.blogspot.com/2014/10/love-coffee.html
11. Tea or Coffee http://doctortintswe.blogspot.com/2014/10/tea-or-coffee.html

ဒေါက်တာတင့်ဆွေ

Saturday, February 27, 2016

Just Following Orders ခိုင်းပတ်

သတင်း = ဗိုလ်အောင်ကျော် နှစ် ၁ဝဝ ပြည့်မွေ့နေ့ အထိမ်းအမှတ် အခမ်းအနား

၁၉-၃-၂ဝ၁၅ နေ့ကရေးခဲ့တာလေး ပြန်တင်ပါရစေ။ ဗြိတိသျှအုပ်စိုးစဉ်က ဗိုလ်အောင်ကျော်သေဆုံးခဲ့ရတာဟာ မြင်းစီးပုလိပ်တွေကရိုက်လို့ဖြစ်တယ်။ ပုလိပ်ဆိုတဲ့အသုံးကို အခုပြန်ကြားလာရတယ်။ ခံကြရတာကကျောင်းသားတွေ ဖြစ်နေတယ်။ အဲဒီတုံးက ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ ရိုက်တဲ့ပုလိပ်က အိန္ဒိယလူမျိုးရဲဝန်ထမ်းတွေဖြစ်ပေမဲ့၊ ရဲတွေဆိုးတယ်၊ အိန္ဒိယကလာသူတွေ မကောင်းဖူးလို့ မအော်ခဲ့ကြပဲ၊ ကိုလိုနီဆန့်ကျင်ရေးသာ အော်ခဲ့ကြတယ်။

အခုလည်း ရဲကခိုင်းပတ်သာဖြစ်တယ်။ စစ်အုပ်စိုးမှုစနစ်ကိုသာ အပြစ်တင်ရမယ်။ အခုကစပြီး ပြည်ထဲရေးဝန်ကြီးဌာနကိုသာ အပြစ်တင်ရပါတော့မယ်။

အမိန့်သာနာခံရတာပါဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ အမိန့်ပေးသူမှာ တာဝန်ရှိတာတော့မှန်တယ်။ လုပ်သူမှာကော အပြစ်မရှိဘူးလား Just Following Orders ဆိုတဲ့ ဒုတိယကမ္ဘာစစ်အပြီး နုယင်ဘတ်ခုံရုံးမှာ Nuremberg Defense တရားခံဖက်ကလျှောက်ဟာ ချက်နာမည်ကြီးပါတယ်။

တိုက်ဆိုင်တာက အဲဒီခေတ်ကဆန္ဒပြပွဲမှာ အရိုက်ခံရသူတွေထဲမှာ NLD က ကွယ်လွန်သူ ဦးကြည်မောင်လည်းပါခဲ့တယ်။ သူ့က မီဒီယာတခုမှာဖြေတာ နုယင်ဘတ်ခုံရုံးဥပမာပါသွားလို့ စစ်ထောက်လှမ်းရေးကနေ စွပ်စွဲချက်လုပ်တယ်။

ခိုင်းပတ်ပြည်သူ့ရဲတွေ သိက္ခာတက်လာအောင်လုပ်နိုင်ကြပါစေ။ ကိုလိုနီကျဆုံးပါစေ။ နာဇီဝါဒကျဆုံးပါစေ။

ဓါတ်ပုံ = ဗိုလ်အောင်ကျော်အုတ်ဂူ

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၆

Friday, February 26, 2016

Flowering plant ပန်း

ဒီမှာ ဘုရားပန်းဝယ်ရ အဆင်ပြေလှတယ်။ ကျွန်တော်သိတာမဟုတ်ပါ။ ဇနီးကပြောတာ။ ကနေ့ပဲ သူ့မိတ်ဆွေတဦးဆီကို ပန်းတစည်းပို့ပေးသေးတယ်။

ပန်းကို ပူဇော်တာအပြင် ခင်မင်မှုနဲ့ ချစ်မေတ္တာအတွက်လည်း ပေးကမ်းကြတယ်။ ကိုယ့်အလှအပအတွက်လည်း ပန်ဆင်ကြတယ်။ ကိုယ့်နေရာမှာ တန်ဆာဆင်ကြတယ်။ မွေးနေ့အတွက်တမျိုး၊ မင်္ဂလာပွဲတမျိုး သတ်မှတ်ထားတယ်။ တခြားလူမှုရေးပွဲတွေမှာလည်းသုံးတယ်။ မကျန်းမာသူအတွက် ပန်းစည်းလက်ဆောင်ယူသွားလေ့ရှိကြတယ်။ စာနာမှုနဲ့ ဝမ်းနည်းကျေကွဲမှုအတွက်လည်း ပန်းသုံးတဲ့နည်းတွေရှိတယ်။ အသစ်မွေးဖွါးခြင်းအတွက် ပန်းကိုသုံးတယ်။ ပန်းအရောင် အမျိုးအစားရွေးခြယ်မှုနဲ့ မွမ်းမံနည်းတွေလည်း အဆန်းတကြယ်လုပ်ကြတယ်။

ကမ္ဘာပေါ်မှာ အပင်တွေစပေါက်ခဲ့တာ နှစ် ၄၂၅ သန်းရှိပြီတဲ့။ Flowering plant အပွင့်ပွင့်တဲ့အပင်ကတော့ နှစ်ပေါင်း ၁၂၅-၁၃ဝ သန်းရှိပြီတဲ့။

အိန္ဒိယတောင်ပိုင်းမှာလည်း ပန်းပန်ကြတယ်။ မြန်မာပြည်မှာလောက် အမျိုးသမီးတွေပန်းပန်တဲ့အလေ့အထနဲ့ ကိုးကွယ်ရာမှာ တရိုတသေတန်ဖိုးထာတဲ့ တိုင်းပြည်မျိုး မတွေ့ဘူးသေးပါ။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၆

Untold stories မပြောတော့ ပိုသိသည်

- ကြေးနီနဲ့ မြေသိမ်း၊
- ဘိန်းခင်းနဲ့ အငှားချ၊
- ၁၄ ဌာန မဖြေကြသော်၊
- ကျူးကျော်နဲ့ အရေးပေါ်၊ ဗူးပေါ်သလိုပေါ်လာပါတော့သတည်း။

 ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

Noise health effects ဆူညံသံနဲ့ကျန်းမာရေး

မင်္ဂလာပါ ဆရာရှင့်။ သားသားက အသက် ၂နှစ်ပါ။ ၃၁ ရက်ည new year night ကို IC  ပွဲကို ခေါ်သွားချင်ပါတယ်။ ကလေးရဲ့ အကြားအာရုံ ထိခိုက်နိုင်လား သိပါရစေရှင့်။ အကြားအာရုံကို အသက်အကန့်အသတ်ရှိပါသလား ရှင်းပြပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

ကျယ်တဲ့အသံကို အဆက်မပြတ်ကြားနေရရင် ကျန်းမာရေးကိုထိခိုက်စေတယ်။ နားအကြားပျက်စီးမယ်။ နားထဲ မည်သံကြားနေရတာဖြစ်မယ်။ သွေးတိုးမယ်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်မယ်။ စိတ်ဖိအားများမယ်။ အိပ်ရေးပျက်မယ်။ ကလေးတွေဆိုရင် ရုပ်ပိုင်းဖွံ့ဖြိုးမှုသက်ရောက်ခံရမယ်။ စဉ်းစားမှုအသိပိုင်းကိုလည်း ထိခိုက်တယ်။

Loss of hearing acuity နဲ့ Partial deafness ခေါ်တယ်။ ရာသက်ပန်ပျက်စီးခြင်းဖြစ်တယ်။ ကျယ်လောင်တဲ့ ခွေးဟောင်သံလည်းပါတယ်။ Permanent tinnitus ဆိုတာ နားထဲမှာ အသံအမြဲဆူနေတာဖြစ်တယ်။ ပျောက်အောင် ကုဘို့လည်းမလွယ်ပါ။ Hearing aids ကိရိယာသုံးနည်းကတော့ အထောက်အကူရစေမယ်။

လေယာဉ်သံ၊ လမ်းပေါ်ကယာဉ်သံ၊ အသံချဲ့စက်သံ၊ စက်သံစတာတွေကနေဖြစ်စေနိုင်တယ်။ ဗျောက်ဖေါက်သံကလည်း ဖြစ်စေတယ်။ တွေးဂီတပွဲတွေကနေလည်းဖြစ်စေတယ်။ စစ်ပွဲကလက်နက်ပေါက်ကွဲသံတွေကနေလည်းဖြစ်တယ်။ အခမ်းအနားတွေမှာ ကြီးမားတဲ့ပန်ကာတွေကနေလည်း ဖြစ်စေတယ်။

ဥရောပမှာ လမ်းပေါ်ကယာဉ်ဆူညံသံကြောင့် လူမှုရေးကုန်ကျစရိတ် တနှစ်မှာ ပေါင်း ၄ဝ ဘီလီယန်ရှိတယ်လို့ တွက်ချက်ထားတယ်။ Health and Safety Executive ကျန်းမာရေးတာဝန်ရှသူတွေကနေ သတ်မှတ်ချက်လုပ်ထားတယ်။ တချို့နေရာတွေမှာ အဲတာကိုသုံးပြီး ဥပဒေစည်းကမ်းလုပ်ထားတယ်။ 80 dBA နဲ့ 85 dBA ထက်မကျော်ရ။ နိုက်ကလပ်၊ ဒစ်စကိုပွဲတွေဟာ 105 dBA အထိကျယ်လောင်တယ်။ 110 dBA အထိလည်းရောက်တယ်။ တကယ်တေးဂီတ တီးခတ် သီဆိုတဲ့ပွဲတွေဟာ 110 dBA အထိကျယ်တယ်။ iPods / MP3 players တွေကနေ 100 dBA ကျယ်အောင်ထိ ဖွင့်နိုင်တယ်။

Royal National Institute for the Deaf (RNID) ကနေလေ့လာမှုလုပ်တယ်။ အသက် ၁၈ နှစ်ကနေ ၃ဝ ကြား လူရွယ်တွေ တေးဂီတပွဲတွေသွားကြလို့ ၄ ယောက်ထဲက ၃ ယောက်မှာ နားအကြားပြဿနာရှိနေကြတာတွေ့ရတယ်။ 100 dBA ကျယ်သံကို ၁၅ မိနစ်ကြာ တပါတ်မှာ ၅ ရက် (ပျမ်းမျှ တပတ် တနာရီခွဲ) နားထောင်ရရင် အမြင့်ဆုံး ကန့်သတ်ချက် 85 dBA အထိရောက်တာဖြစ်တယ်။ iPod / MP3 player (100 dBA) ကို နားထောင်ရင် ယာယီ နားမကြားတာခံရမယ်။ အသံတိုးပြီး အချိန်ကြာကြာနားထောင်ရင်လည်း အဲလိုဖြစ်နိုင်တယ်။

77 dBA = ၉%
82 dBA = ၁၉%၊
87 dBA = ၃၁%၊
92 dBA = ၄၉%၊
97 dBA = ၇ဝ%၊
105 dBA = ၉၂%၊
115 dBA = ၁ဝဝ% နားလေးသွားကြမယ်။
105 dBA အသံကျယ် တပါတ်မှာ ၂၄ မိနစ်ကြာနားထဲဝင်ရင် အပါတ်စဉ် 85 dBA ကြားနေရတာနဲ့အတူတူဖြစ်တယ်။ 105 dBA အသံကျယ် တပါတ်မှာ ၂၄ မိနစ်ကြာနားထဲဝင်ရင် အပါတ်စဉ် 85 dBA ကို တပါတ်မှာ နာရီ ၄ဝ ကြာတာနဲ့ တူတယ်။ ဒစ်စကိုပွဲတခုကို တညမှာ ၄ နာရီကြာ တပါတ်နားထောင်သူဟာ သတ်မှတ်တဲ့စည်းကမ်းထက် ၁ဝ ဆ ပိုသွားမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆
၂၄-၁၂-၂ဝ၁၇

The cow နွားပြာကြီး

သက်ကြီးစကား သက်ငယ်ကြားဆိုတာ မြန်မာ့ဆိုရိုးစကားပါ။ ကျွန်တော့်ဇနီးရဲ့ဖခင်အသက်ရှိစဉ်က တခါတခါ ပြောတာရှိတယ်။ ဆိုးသွမ်းတဲ့လူတယောက်ကို အကြောင်းမသိသေးသူတွေက ဆက်ဆံပေါင်းသင်းနေကြတာကို အကြောင်းသိသူတွေကနေ သတိပေးတယ်။

အင့်း့ နွားပြာကြီးအကြောင်း မသိသေးလို့။ သိသွားရင်တော့ သားရေပေါ်တောင် ထိုင်ချင်မှာမဟုတ်ဖူးတဲ့။

ဆိုးတဲ့နွား လက်ပြောင်းလည်း အကျင့်မကောင်းက မပြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

Uniform ယူနီဖေါင်း (သို့) အကြောက်ရောဂါ

ကွန်မင့် (၁) = ယပင့်ကျောက်က ဆေးရှိပြီး၊ ယရစ်ကြောက်က ဘာလို့ဆေးမရှိတာလဲဆရာ။
ကွန်မင့် (၂) = ကောင်းလိုက်တဲ့မေးခွန်းဗျ။ ယရစ်ကြောက်က ဆေးမရှိတာလဲ။

Phobias အကြောက်ရောဂါတွေဟာ စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ရောဂါတခုဖြစ်တယ်။ ကျား-မ၊ ပျို-အို အကုန်ဖြစ်တယ်။ ကလေးတွေမှာလည်း ဖြစ်ကြတယ်။ အမေရိကန် National Institute of Mental Health အဆိုအရ အသက် ၂၅ နှစ်အထက်ရှိသူ ၈့၇ ကနေ ၁၈့၁% မှာ ဒီအကြောက်လွန်ရောဂါရှိနေကြတယ်။ ကလေးတွေမှာ ၄% ကနေ ၁ဝ% အထိရှိကြတယ်။

ဆွီဒင်လေ့လာမှုတခုအရ အမျိုးသမီးတွေမှာ ၂၆့၅% ရှိလို့ပိုဖြစ်ကြတယ်။ ယောက်ျားတွေမှာ ၁၂့၎% ဖြစ်တယ်။ လူကြီးတွေထဲက အမျိုးသမီး ၂၁့၂% နဲ့ အမျိုးသား ၁ဝ့၉% တို့မှာ Specific phobias သတ်သတ်မှတ်မှတ်ကို ကြောက်နေတာရှိကြတယ်။ တိရစ္ဆာန်ကိုကြောက်သူတွေထဲမှာ အမျိုးသမီးတွေက ၄ ဆ ပိုတယ်။

ကုသနည်းတွေက အမျိုးမျိုးရှိတယ်။ ပျောက်ကင်းဘို့အလားအား ကောင်းပါတယ်။ Specific phobias တခုခုကို သတ်သတ်မှတ်မှတ် ကြောက်နေသူ ၇၅% ဟာ Cognitive-behavioral therapy စိတ်ကုသနည်းနဲ့ ပျောက်ကင်းကြတယ်။ Social phobia ခေါ်တဲ့ လူတောသူတောတိုးရမှာ ကြောက်သူတွေက ဆေးဝါးနဲ့ စိတ်ကုသနည်း လုပ်ပေးရင် ၈ဝ% ပျောက်တယ်။ Panic disorder ခေါ်တဲ့ အလွန်အကျွံထိတ်လန့်မှုဖြစ်ရင် ၃ဝ-၄ဝ% က ဆေးကုရင် ကောင်းလာမယ်။ ၅ဝ% လောက်က နည်းနည်းတော့ကျန်အုံးမယ်။

သတ်သတ်မှတ်မှတ်ကို ကြောက်နေတဲ့ရောဂါထဲမှာ ယူနီဖေါင်းမြင်ရင်ကြောက်နေရတာလည်းပါသလား မပြောတတ်ပါ။ ကိုယ့်တွေ့ပြောရရင် ၁၉၉ဝ အကုန်မှာ မြန်မာပြည်ကနေထွက်ပြီးကတည်းက အခုနေရာကိုမလာခင်အထိ ပတ်စ်ပို့တွေက မစစ်တစစ်ဖြစ်လို့ ခရီးသွားရရင် (အင်မီဂရေးရှင်း ကောင်တာ) ရောက်တိုင်း ရင်ခုန်ရတယ်။ အိန္ဒိယကိုရောက်ကာစ ရဲနဲ့စစ် ယူနီဖေါင်းဝတ်တွေမြင်ရင် တမျိုးဖြစ်ခဲ့ရသေးတယ်။

ကျွန်တော်လိုလူမျိုးတွေ ရောဂါပျောက်သွားစေခဲ့တာကတော့ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ နေရလို့သာဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးစနစ်သင့်တဲ့ဝန်းကျင်မှာ နေရလို့ပါ။ မြန်မာနိုင်ငံသားတွေ ကြောက်စိတ်တွေပျောက်ဖို့ဆိုရင် နိုင်ငံရေး တကယ်ကောင်းရပါလိမ့်မယ်။ ယူနီဖေါင်းဝတ်သူတွေကလည်း မဝတ်သူတွေနဲ့ တသားတည်းကျမှဖြစ်မယ်။

Uniform ယူနီဖေါင်းဆိုတဲ့ အင်္ဂလိပ်စကားမှာ တူညီဝတ်စုံဆိုတာနဲ့ တသားတည်း ကျတယ်ဆိုတာ နှစ်မျိုးလုံးမှန်တယ်။
1. Uniform = denoting a garment forming part of a person's uniform. တူညီဝတ်စုံ။ ဥပမာ ပိုင်းလော့ဝတ်စုံ၊ စစ်ဝတ်စုံ။
2. Uniform = not changing in form or character; remaining the same in all cases and at all times. ပုံအသွင်သဏ္ဌာန်ရော အနှစ်သာရပါမပြောင်းလဲခြင်း။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

News and Books သတင်းများနဲ့ စာအုပ်များ

မနေ့က သတင်းတွေဖတ်ရတယ်။
- လွှတ်တော်သတင်း
- ဘိန်းခင်းသတင်း

ငယ်ငယ်တုံးက ဆရာမောင်သာရရေးတဲ့စာအုပ်တွေ ဖတ်ရတယ်။
- မတ်တတ်ရပ်လို့ လမ်းမှာငို
- ယုန်တောင်ပြေး ခွေးမြောက်လိုက်
- ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုး
- တောလယ် မောတယ် အပြောကြွယ်
- ကျဉ်တုတ်ခံဝံ့ မခံဝံ့

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၄

Thursday, February 25, 2016

Prediction နိုင်ငံရေးဗေဒင်

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကရေးခဲ့တဲ့စာ၊ အခုနေမှာ အတော်များများမှန်သေးပါတယ်။)

နောက်သမတဖြစ်သူဖြစ်မလဲဆိုတဲ့ နိုင်ငံရေးဗေဒင်ကို လူတိုင်းမှာဟောခွင့်ရှိပါတယ်။ ဖြစ်ချင်နေသူတွေကလည်း အဆောင်တွေရှာ၊ ယတြာဆောင်၊ ရှောင်ရမှာတွေ ရှားနေကြပါတယ်။

မဖြစ်နိုင်တာကို အရင်ဟောရရင် နှုပ်ကောင်းလျှင် ပြည်စိုး စကားပုံကို မသိသူ၊ လူပုံအလယ်မှာ ဆဲရေးတိုင်းထွာသူမျိုး ဖြစ်စရာမလားအလာ မရှိပါ။ စစ်အစိုးရလက်ထက်တွေမှာ ပုလိပ်ဆိုးနေရာမှာ သရုပ်ဆောင်ကြသူတွေဟာ ဒီနေရာအထိ တက်လာစရာမရှိပါ။ သူတို့ဟာ ဇာတ်ပို့တွေသာဖြစ်တယ်။ ဇာတ်လိုက်နဲ့ လူကြမ်းကပိုအရေးပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သားရနေတဲ့ တိုင်းပြည်တွေမှာတော့ နိုင်ချေရှိတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တွေထဲက ဖြစ်လာမယ်ဆိုတာကို ကြိုတင်မှန်းထားနိုင်ကြတယ်။ အိန္ဒိယမှာဆိုရင် ဝန်ကြီးချုပ်လောင်းကို တရားဝင်ပြောထားပြီးမှ ရွေးကောက်ပွဲဝင်လေ့ရှိပါတယ်။ ဒီအချက်က မဲဆွယ်ရာမှာ အတော်ထိရောက်တယ်။ (အခု မြန်မာပြည်မှာ အဲတာကို ပြောင်းပြန်လုပ်လိုက်ပါတယ်။)

မြန်မာပြည်ရဲ့နိုင်ငံရေးက (၁) ဒီမိုကရေစီလဲမကျ၊ (၂) အမှန်းရခက်တဲ့အစဉ်အလာကလဲ အရိုးစွဲနေတယ်။ သမတကို လူထုကနေရွေးရတာလဲမဟုတ်၊ အနိုင်ရနိုင်ငံရေးပါတီမှာလဲ ရွေးခွင့်မရှိပါ။ အစုသုံးစုကနေသာ ရွေးမှာတဲ့။ နှစ်စုကတော့ အနည်းနဲ့အများ လူထုမဲဆန္ဒကိုကိုယ်စားပြုတယ်လို့ ပြောနိုင်တယ်။ ဒါကလဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ မရှိပါမှ။ တတိယအစုကတော့ စစ်တပ်ကဖြစ်တယ်။ သုံးဘို့-တဘို့ဆိုတာ ၂၅% ထက်များတယ်။

မဲဆန္ဒလုံးဝမပါသလို အမိန့်ပေးစနစ်ကိုသာ လုံးဝကျင့်သုံးတာမို့ လူဦးရေလေးငါးသိန်းကို ကိုယ်စားပြုတယ်လို့လဲ ဘယ်နည်းနဲ့မှ မပြောနိုင်ပါ။ (ဒီနေရာမှာ ငါးသိန်းရှိတဲ့ သံဃာတော်တွေနဲ့ စစ်သားတွေ လာတူနေတယ်။ ဘယ်သူ့မှာမှ ဆုံးဖြတ်ရာမှာ ပါခွင့်မရှိကြဘူး။ ဘုန်းဘုန်းများ ကန်တော့ပါဘုရား။) ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတဲ့ မဟာအခွင့်အရေးကြီး ဖြစ်တယ်။ ၅ နှစ်ကြာ ယူထားပြီးရင်တော့ တော်လောက်ပြီထင်ပါတယ်။

မြန်မာပြည်မှာ စစ်တပ်ကချည်း ဦးစီးအုပ်ချုပ်၊ စိတ်တိုင်းကျလုပ်နေတဲ့သမိုင်းကို ကြည့်ရင် နောက်ခြေလှမ်းကို ကြောင်လက်သည်း ဝှက်သလို အမြဲမပြဘဲထားလေ့ရှိတယ်။ လုပ်ပြန်ရင်လဲ မထင်မှတ်တာကို လုပ်တယ်။ မထင်မှတ်ဆိုတာ လူတွေရဲ့ ဆင်ခြင်တုံတရားနဲ့မှားယွင်း၊ ယုတ္တိဗေဒနည်းနဲ့ လွဲကင်းတာမျိုးကို လုပ်လေ့ရှိတာပါ။ ဒီတော့ ဘောလုံးပွဲမှန်းချေမျိုးလို ရမ်းနေလို့မရ၊ မြင်းပွဲလိုလောင်းလည်း မကောင်းပါ။

လူအများစုရဲ့လိုအင်ဆန္ဒဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်ကြတာကို မှားတယ်လို့ပြောမရပါ။ ရာနှုန်းပြည့် မဟုတ်တာတော့ မှန်ပါတယ်။ ဒီမိုကရေစီမှာ ရာနှုန်းကစကားပြောပါတယ်။ မြန်မာ့ဒီမိုကရေစီကတော့ သိန်းနှုန်း၊ သန်နှုန်းက စကားပြောနေတုန်းပါ။ (အခု အဲတာ မှားသွားပြီ။)

လူအများစုအဖို့ကတော့ ဒေါ်စုကို သမတမဖြစ်နိုင်အာင် ဘယ်ကနေဘာလို့ လုပ်ထားသလဲဆိုတာတောင် နားမလည်နိုင်အောင် ဖြစ်နေကြတုံးဘဲ။ သိတဲ့သူတွေကနေ ဖွဲ့စည်းပုံကိုပြင်ဘို့ အားစိုက်ခွန်စိုက်လုပ်နေကြတယ်။ ဒီအချက်တွေကို ပြင်နိုင်မဲ့နည်းလမ်းတွေကို ဥပဒေဒေါင့်နေ ထောက်ပြသူတွေ၊ လွှတ်တော်ဘက်ကနေ အော်နေသူတွေ၊ မီဒီယာနဲ့ လူမှုရေးကွန်ယက်မှာ တက်နေတာတွေ များမှများပါ။ ချီးကျူးစရာပါ။

ဒါပေမဲ့ ဖွဲ့စည်းပုံကိုရေးခဲ့သူတွေ (အမျိုးသားညီလာခံတက်ကြတဲ့ ၇ဝ၂ ဦး မဟုတ်ပါ) ကနေ ဒေါ်စုသမတမဖြစ်စေရေးနဲ့ ရေးထားတဲ့ဖွဲ့စည်းပုံကို ပြင်မရရေးနဲ့ နောက်ကြောင်းပြန်အရေးမယရဆိုတဲ့ လမ်းညွှန်မူကြီး သုံးချက်ကို အသေအချာ လုပ်ထားခဲ့တာ အခု ပိုပြီးပေါ်လွင်လာနေပါတယ်။ အမိန့်တော်ဘယ်ကလာသလဲ။ ကြံ့ခိုင်ရေးအသင်းကြီးရဲ့ နာယကချုပ်ကြီးဆီကဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ နေရာလက်မလွှတ်ရရေး တအားဇောင်းပေးလုပ်နေပါပြီ။ ဒီပါတီက နိုင်ငံရေးပါတီ အစစ်မဟုတ်ဘဲ အထက်မိန့်ကို နာခံတဲ့အစဉ်အလာနဲ့သာ စုထားတဲ့အဖွဲ့အစုတခုဖြစ်လို့ အပေါ်ကလူတွေပြီးရင် လိုက်ပြီးရတာဘဲ။ အပေါ်ကလူတွေကလဲ အထက်မှာရှိတဲ့ နာယကကြီး ပြီးမှပြီးရမှာဖြစ်တယ်။ သူတို့ နာယကဆိုတာက အင်နယ်လ်ဒီ နာယကနဲ့ တခြားစီပါ။

ကာချုပ်ဖြစ်သူဟာ အစဉ်အလာအရ နောက်တက်မဲ့သူဖြစ်ဘို့ အလားအလာတော့ ရှိပါတယ်။ လုပ်သက်နဲ့ ဝါစဉ်အရတော့ တန်းဝင်ပါတယ်။ ခက်တာက သူလဲမသေချာသေးဘူး။ သူ့အဖို့ နာယကကြီးပေးတဲ့အမှတ် ယူနိုင်ဘို့ရာ အချိန်တနှစ် လိုပါသေးတယ်။ ၂ဝ၁ဝ မတိုင်ခင်က တစ်ပြေးသူတွေ အားလုံးနီးပါး လွဲမှားခဲ့ကြတယ်မဟုတ်ပါလား။

နောက် နာယကတမျိုးရှိပါသေးတယ်။ လွှတ်တော်နာယကဆီက အသံတွေလဲ စိတ်ဝင်စားဘို့ကောင်းလှတယ်။ အသံပျော့ပြောင်းသလိုဘဲ။ ခက်တာက ရုပ်ရည်နဲ့ အသံဟာ အနုပညာလောကမှာသာ လူကြိုက်များတယ်။ မြန်မာပြည် နိုင်ငံရေးမှာ လူကြိုက်များသူကို လက်မခံဘူးဖြစ်နေသေးတယ်။ အားမလျှော့ပါနဲ့ မဖြစ်သေးတာတွေ ဖြစ်လာနေတဲ့ ခေတ်လဲဖြစ်ပါတယ်။

အိန္ဒိယမှာ ရွေးကောက်ပွဲနိုင်တဲ့ (ကွန်ကရက်) ပါတီက ဝန်ကြီးချုပ်အနေနဲ့ ပါတီခေါင်းဆောင် မစ္စစ်ဆိုနီယာဂန္ဒီ မလုပ်ခဲ့တာဟာလဲ ထူးခြားတဲ့နမူနာတခုဖြစ်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ အိန္ဒိယမတူကြပါ။ ဒီတော့ အမှန်းရခက်ပေမဲ့ ပြောရတာလွယ်ပါတယ်။ ဒီမိုကရေစီကိုလိုလားသူဖြစ်လို့ လွဲချင်လဲလွဲစေတော့၊ မလျှော့ပါ။ ဒေါ်စုသည်သာ သမတဖြစ်နိုင်တယ်။ မှန်းချက်နဲ့ နှမ်းထွက် ကိုက်ဘို့လဲပါတာပေါ့ဗျာ။ မြန်မာပြည်ကြီး မိုးလေဝသကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၄

Chinese billionaires တရုပ်ကုဋေကြွယ်သူဌေးကြီးများ

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီးများအားလုံးရဲ့ ၉ဝ% ဟာ တရုပ်တွေဖြစ်တယ်။ ကမ္ဘာလုံးမှာ စီးပွါးရေး တိုးတက်မှုနှေးလာနေချိန်မှာ တရုပ်သူဌေးတွေ ပိုများလာတယ်။ အခုဆိုရင် ကုဋေကြွယ်သူဌေးကြီးတွေ အရေအတွက်ဟာ ၂၁၈၈ ယောက်ရှိလာပါပြီ။ မနှစ်ကထက် ၉၉ ယောက်ပိုလာတာပါ။ Hurun Global Rich List ကနေပြုစုထားတဲ့စာရင်း ဖြစ်ပါတယ်။

တရုပ်ပြည်မကြီး၊ ဟော်ကောင်၊ တိုင်ဝမ်နဲ့ မကာအိုမှာ တရုပ်သူဌေးပေါင်း ၅၆၈ ယောက်ရှိလာလို့ အမေရိကန်သူဌေး အရေအတွက် ၅၃၅ ယောက်ထက် ပိုများပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီးတွေအားလုံးပိုင်တာက ၇့၃ ထရီလီယန်ဒေါ်လာဖြစ်တယ်။ တရုပ်သူဌေးတွေ ကြွယ်ဝမှု စုစုပေါင်းဟာ ၁့၎ ထရီလီယန်ဒေါ်လာရှိတယ်။ ၁၅-၁-၂ဝေ၆ နေ့အထိတွက်ထားတာဖြစ်ပါတယ်။ ကမ္ဘာမှာ အချမ်းသာဆုံးက မိုက်ကရိုဆော့ဖ်ပိုင်ရှင် (ဘီလ်ဂိတ်) ဖြစ်ပါတယ်။ သူက စုစုပေါင်း (၈ဝ) ဘီလီယန် ချမ်းသာတယ်။ အမေရိကားမှာ ဒုတိယအချမ်းသာဆုံး (ဝါရင်း ဘူဖက်) က (၆၈) ဘီလီယန်ချမ်းသာတယ်။

တရုပ်ပြည် ဘေဂျင်းမှာ ကုဋ္ဋေကြွယ်သူဌေးကြီး ၁ဝဝ နေထိုင်ကြတယ်။ နယူးယောက်မှာ ၉၅ ယောက်နေတယ်။

အချမ်းသာဆုံး ထိပ်တန်း ၁ဝဝ ထဲမှာ တရုပ် ၉ ယောက်ပါတယ်။ (ဝန်ဂျီယန်လင်း) က အချမ်းသာဆုံးတရုပ်ဖြစ်ပြီး ကမ္ဘာ့နံပါတ် ၂၁ နေရာမှာရှိတယ်။ သူက ဖျော်ဖြေရေးလုပ်ငန်းကြီး Wanda ကိုပိုင်တယ်။ သူချမ်းသာတာက ၂၆ ဘီလီယန် ရှိတယ်။ ဟောင်ကောင်က (လီ ကာ-ရှန်း) က ၂၅ ဘီလီယန်ဒေါ်လာ။

ကမ္ဘာ့စီးပွါးရေး နှေးကွေးလာတယ်။ လောင်စာဆီဈေးတွေ ကျတယ်။ အမေရိကန်ဒေါ်လာ ခိုင်မာလာချိန်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆

The world's deadliest animals

The world's deadliest animals

ကမ္ဘာပေါ်မှာ လူတွေကိုသေစေအောင်ကိုက်တဲ့အကောင်မှန်သမျှထဲမှာ ဘယ်အကောင်က အဆိုးဆုံးလည်း

(မိုက်ကရိုဆော့ဖ်) တည်ထောင်သူနဲ့ လှူတန်းမှုရက်ရောလှတဲ့သူဌေးကြီး (ဘီလ်ဂိတ်) ရဲ့ ဘလော့မှာ အဖြရှာပေးထားပါတယ်။ အဲတာ ငါးမန်းလည်း မဟုတ်ပါ။ လူသားလည်း မဟုတ်ပါ။ ခြင်ဖြစ်ပါသတဲ့။

ခြင်ကိုက်ခံရတာကနေ ရောဂါတွေကူးစက်ခံရလို့ လူတွေအများဆုံးသေဆုံးနေကြရပါတယ်။ လူတွေကိုသတ်နေတာ တခြားတိရစ္ဆာန်တွေမဟုတ်ပါ။ ခြင်လောက်နီးပါး သေစေတဲ့အကောင်လည်းမရှိပါလို့ ရေးထားပါတယ်။

• Shark ငါးမန်း = 10
• Wolf မြေခွေး = 10
• Lion ခြင်္သေ့ = 100
• Elephant ဆင် = 100
• Hippopotamus ကြံ = 500
• Crocodile မိကျောင်း = 1,000
• Tapeworm တိပ်ပြားပုံသန်ကောင် = 2,000
• Ascaris roundworm သန်ကောင် = 2,500
• Freshwater snail (Schistosomiasis) ရေချိုပက်ကျိကောင် = 10,000
• Assassin bug လူသတ်အင်းဆက်ကောင် = 10,000
• Tsetse fly (Sleeping sickness) ဆီဆီယင်ကောင် = 10,000
• Dog (Ragies) ခွေးရူး = 25,000S
• Snake မြွေ = 50,000
• Human လူ = 475,000
• Mosquito ခြင် = 725,000

ခြင်ကြောင့်လူသေရတာတွေထဲမှာ ငှက်ဖျားရောဂါထက်ဝက်ရှိပါတယ်။ ဆာဟာရအောက်ပိုင်းဒေသမှာ ၂ဝဝဝ ခုနှစ်ကနေ ၂ဝ၁၅ အတွင်းမှာ ၃၇% ကျဆင်းတော့လာနေပါတယ်။ နောက်တခုက သွေးလွန်တုပ်ကွေးဖြစ်တယ်။ အာရှနဲ့ လက်တင် အမေရိကမှာ ဆေးရုံတက်ရမှုနဲ့ သေဆုံးရမှု ထိပ်တန်းစာရင်းဝင်ရောဂါဖြစ်တယ်။

တောင်အမေရိကမှာ လတ်တလောဖြစ်နေတဲ့ (ဇီကာဗိုင်းရပ်စ်) ကလည်း ခြင်းကနေကူးစက်တာပါ။ ခြင်ကြောင့် ဒီဗိုင်းရပ်စ်ကူးစက်ခံရရင် ၂ဝ% လောက်မှာသာ ကိုယ်ပူတာ၊ အဆစ်တွေနာတာနဲ့ မျက်စိနာတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကို ကူးစက်ရင် သူကနေ မွေးမယ့်ကလေးမှာ ဦးနှောက်သေးသေးနဲ့ဖြစ်နိုင်ပါသေးတယ်။ Guillain-Barré Syndrome ရောဂါလည်းဖြစ်နိုင်တယ်။ Aedes aegypti (အေဒီးစ်အီဂျစ်ပတိုင်း) ခြင်အမျိုးအစားကနေ ကူးစက်စေတယ်။ ဒီလိုကူးစက်ခံရမှုနဲ့ သေဆုံးမှုနည်းအောင် ကာကွယ်ဆေးနဲ့ ခြင်နှိမ်နင်းရေးသာရှိပါတယ်။

1. 11 Plants that repel mosquitoes ခြင်ကိုနှင်ထုတ်စေနိုင်တဲ့အပင်များ http://doctortintswe.blogspot.com/2016/02/11-plants-that-repel-mosquitoes.html
2. Active Zika found in saliva and urine ဇီကာဗိုင်းစ်အရှင် တံတွေးနှင့်ဆီးထဲမှာတွေ့ရှိhttp://doctortintswe.blogspot.com/…/active-zika-found-in-sa…
3. Australia to step up Zika testing သြစတေးလျမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတော့မယ်http://doctortintswe.blogspot.com/…/australia-to-step-up-zi…
4. Chikungunya ဆင်ဖြူတော် တုပ်ကွေး http://doctortintswe.blogspot.com/2014/10/chikungunya.html
5. China confirms first case of Zika virus ဇီကာဗိုင်းရပ်စ်တရုပ်ပြည်ရောက် http://doctortintswe.blogspot.com/2016/02/china-confirms-first-case-of-zika-virus.html
6. China confirms first case of Zika virus ဇီကာဗိုင်းရပ်စ်တရုပ်ပြည်ရောက်http://doctortintswe.blogspot.com/…/china-confirms-first-ca…
7. Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး http://doctortintswe.blogspot.com/2014/10/dengue-haemorrhagic-fever-dhf.html
8. DHF သွေးလွန်-သွေးစုပ် ဘေးက ဝေးကြပါစေ http://doctortintswe.blogspot.com/2015/10/dhf.html
9. Honduras Declares Emergency to Fight Zika Virus http://doctortintswe.blogspot.com/2016/02/honduras-declares-emergency-to-fight.html
10. Honduras Declares Emergency to Fight Zika Virushttp://doctortintswe.blogspot.com/…/honduras-declares-emerg…
11. Malaria in pregnancy ကိုယ်ဝန်နဲ့ ငှက်ဖျား http://doctortintswe.blogspot.com/2014/11/malaria-in-pregnancy.html
12. Malaria ငှက်ဖျားရောဂါ http://doctortintswe.blogspot.com/2014/12/malaria.html
13. Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html
14. Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
15. Mosquito-Borne Diseases ခြင်ကတဆင့် ကူးစက်ရောဂါများ http://doctortintswe.blogspot.com/2016/02/mosquito-borne-diseases.html
16. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2016/01/mosquitoes.html
17. WHO declares global emergency ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြေညာလိုက် http://doctortintswe.blogspot.com/2016/02/who-declares-global-emergency.html
18. WHO declares global emergency ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြေညာလိုက် http://doctortintswe.blogspot.com/…/who-declares-global-eme…
19. Why Is It Called The Zika Virus? ဘာလို့ ဇီကာ ခေါ်သလည်း http://doctortintswe.blogspot.com/…/why-is-it-called-zika-v…
20. Zika and Pregnancy ဇီကာနဲ့ ကိုယ်ဝန် http://doctortintswe.blogspot.com/2016/09/zika-and-pregnancy.html
21. Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီhttp://doctortintswe.blogspot.com/…/zika-causes-birth-defec…
22. Zika has been sexually transmitted ဇီကာဗိုင်းရပ်စ် လိင်ကနေတဆင့်ကူးစက် http://doctortintswe.blogspot.com/2016/02/zika-has-been-sexually-transmitted.html
23. Zika has been sexually transmitted ဇီကာဗိုင်းရပ်စ် လိင်ကနေတဆင့်ကူးစက်http://doctortintswe.blogspot.com/…/zika-has-been-sexually-…
24. Zika virus control ဇီကာဗိုင်းရပ်စ် ထိန်းချုပ်ရေးhttp://doctortintswe.blogspot.com/…/02/zika-virus-control.h…
25. Zika virus pregnancy case confirmed in Spainhttp://doctortintswe.blogspot.com/…/zika-virus-pregnancy-ca…
26. Zika virus triggers pregnancy delay calls (ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်တွေကိုသတိပေး http://doctortintswe.blogspot.com/…/zika-virus-triggers-pre…
27. Zika virus triggers pregnancy delay callshttp://doctortintswe.blogspot.com/…/zika-virus-triggers-pre…
28. Zika virus ဇီကာဗိုင်းရပ်စ် http://doctortintswe.blogspot.com/2016/01/zika-virus_31.html
29. Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်လာပြီhttp://doctortintswe.blogspot.com/2016/01/zika-virus.html
30. Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန)http://doctortintswe.blogspot.com/2016/02/zika.html

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆
http://www.questdiagnostics.com/…/Fact-sheet-for-HCP-FocusD…
http://news.yahoo.com/worlds-deadliest-animal-isnt-shark-161002207.html

Fake medicine news ဆေးအတုသတင်း ရေးသင့် မရေးသင့်

၁။ Yeye Soe မြန်မာပြည်က စီးပွားရေးသမားတွေ ဆရာ့ကို အသုံးချနေကြပါပြီ

Tint Swe စောစောကတည်းတယောက်က အဲလိုဆေးအတုပို့စ်မတင်ဘို့ပြောတယ်။ နှစ်ခါပြန်စဉ်းစားပါတယ်။ ဆေးအတုရှိတာကိုပြောပြရင် ဘယ်သူတွေအကျိုးရှိမလည်း၊ ဘယ်သူတွေစီးပွါးဖြစ်မလည်း။

၂။ Shwe Moe ဆရာရေ မြန်မာပြည်မှာ အသည်းအထူးကု တော်တော်များများက ဆေးတွေကို ဆေးခန်းရဲ့  ဆေးရောင်း ကောင်တာမှာမဝယ် ခိုင်းဘဲ စမ်းသပ်ခန်းထဲမှာတင် ဆေးဈေးတွေ ကို နှစ်ဆ လောက်တင်ပြီး ရောင်းနေကြတာ။ လူနာတွေက ရှိတာလေးတွေ ပေါင်နှံပြီးကုကြရတာဆရာ။ ဒီလို ဆေးအတုထွက်တဲ့သတင်းကြားတာက သူတို့အတွက် ဝမ်းသာစရာ ရိုက်စားဂွင်ပေါ့။ လူနာတွေ အပြင်မှာမဝယ်ရဲအောင် အားပေးသလိုဖြစ်နေပါတယ်။ အခု အီဂျစ်ကုမ္ပဏီတွေက ထွက်တဲ့ဆေးအတု trade name တွေကလည်း ဒီမှာရှိလည်းမရှိသလို ဝယ်ချင်လည်း ဝယ်မရပါဘူး။ ဒီမှာအဖြစ်များတာကလည်း မန္တလေးနဲ့ မုံရွာဘက်က အများဆုံးဘဲဆရာရေ။ တတ်နိုင်ရင် ဆရာရယ် မြန်မာပြည် ဈေးကွက်မှာမရှိတဲ့ tradename ဆေးအတုတွေကို post အဖြစ်မတင်စေချင်ပါဘူး။ ဆရာ့ကို စီးပွားရေးသမားတွေရဲ့ အသုံးချခံဖြစ်မှာစိုးပါတယ်။ ကျွန်တော် ဆေးရောင်းစားတဲ့သူ မဟုတ်ပါဘူးဆရာ။ ဆေးကုသခံယူနေရတဲ့သူပါဆရာ။

Tint Swe အဲတာတော့ သဘောတူဖို့ခက်တယ်။ အဖက်ဖက်ကနေစဉ်းစားရပါတယ်။ WHO ကြေညာချက်ကို တင်တာတော့ အပြစ်တင်ဘို့မသင့်ပါ။ အရှေ့တောင်အာရှလို့ပါတာကို မြန်မာပြည်မှာလို့ထည့်မရေးပါ။

အတုမဟုတ်သူတွေကနေ အတုမဟုတ်ကြောင်းရေးလို့ရကြပါတယ်။ ဆေးကုသကြရတဲ့ အခက်အခဲကိုတော့ နားလည်ပါတယ်။ ကျွန်တော်လည်း ဆောရီးထက်မတတ်သာပါ။ ဆောရီး။ ကျွန်တော်က အီဂျစ်လို့မသိသေးပါ။ ဘင်္ဂလာဒက်ရှ်မှာ ဆေးအတုထုတ်စက်ရုံဖမ်းတဲ့သတင်းတော့ သိလို့တင်ထားပါတယ်။

မြန်မာပြည်ထဲက ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ်တွေကိုလည်း ကျွန်တော် မသိပါ။ ဆေးဆိုင်တွေကရော၊ ဆရာဝန်တွေကပါ ရေးပေးပါလို့ပြောလာတာ မရှိပါ။ မီဒီယာကတော့ ရေးပေးဘို့ပြောပါတယ်။ အဲလိုဆေးအတုသတင်းတွေကို နောက်မှာ ရေးသင့် မရေးသင့် စဉ်းစားနေပါတယ်။ ကျွန်တော်က ကိုယ်တိုင် ဆုံးဖြတ်ပြီးသာ လုပ်ပါတယ်။ မှားသွားတဲ့အခါတွေလည်း ရှိခဲ့ပါတယ်။

Thar Htwe ဆရာရေ မြန်မာပြည်က တကိုယ်ကောင်းသမားတွေကို ဆရာ့လို စိတ်ထားရှိတယ် မထင်ပါနဲ့။ မမှန် သတင်းတွေပေးပြီး လုပ်စားသွားပါဦးမယ်။

Tint Swe ဟုတ့့် နောက်ဆုံးတင်တဲ့စာမှာ ဒီကွန်မင့်ပါထပ်ထည့်ပါတယ်။ WHO ကိုတော့ အဲလိုလုပ်မရဘူးထင်ပါတယ်။ စဉ်းစာစရာတခု တိုးတာပေါ့။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆

Peasants Day တောင်သူလယ်သမားနေ့

Win Zaw Linn သြော့့် မဟာအလွဲကြီးတခုကို အမှတ်မှားမိလေခြင်း။ ဇန်နဝါရီလ (၁) ရက်နေ့ဟာ တောင်သူလယ်သမားနေ့။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ဝယ်ပြီး ဇန္နဝါရီလကိုကြည့်တိုင်း နှစ်ဆန်း (၁) ရက်နေ့ကို သတိမထားပဲမနေမိပါ။ တောင်သူလယ်သမားနေ့ဖြစ်လို့ပါ။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နှစ်စဉ် ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာသိမ်းလိုက်တယ်။

၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်လုပ်ပြီး စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့တာ ကနေ့အထိဖြစ်ပါတယ်။

International Day of Peasants' Struggle နိုင်ငံတကာတောင်သူလယ်သမားများ ကြိုးပမ်းမှုနေ့ကို ဧပြီလ (၁၇) ရက်မှာ တချို့တိုင်းပြည် (တန်ဇန်နီးယား၊ မက်ဆီကို) တွေမှာ ကျင်းပကြတယ်။ လန်ဒန်မှာလည်းလုပ်တယ်။ တိုက်ဆိုင်နေတာက မြန်မာပြည်မှာ နှစ်ဆန်း (၁) ရက်နေ့ဖြစ်တယ်။

အဲဒီလို ၂-၃-၁၉၆၂ ကနေစလိုက်တဲ့ တိုင်းပြည်အာဏာကို တပ်မတော်ကဦးစီးရမယ်ဆိုတဲ့အစဉ်အလာဟာ ၂ဝဝ၈ ဖွဲစည်းပုံထဲမှာ အသေအချာထည့်ထားတယ်။

မြန်မာပြည်က တောင်သူလယ်သမားတွေ ၂ဝ၁၆ နှစ်သစ်ကစပြီး စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ပြီးသကာလ ဥစ္စာဓန ကုံလုံကြွယ်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
Photo by Sein Win

Tit usage (တစ်) အသုံးမှန်များ

Khin Thu Zar စ သတ် ကိုကျတော့ ဘယ်နေရာတွေမှာ သုံးရပါသလဲဆရာ။

Tint Swe တစ်တရားခံ၊ တစ္ဆေမှင်စာ၊ တစ်တစ်ခွခွ၊ တစ်ငှက်၊ တစ်ရှူး။

Ko Naing Htun Maung သားတစ်၊ တစ်တီတူး ဆင်ပြောင်ကြိးအမြီးမှတစ်၊ အမှိုက်တွေလဲတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့။

တရားတော် = မြတ်စွာဘုရား၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူနေတဲ့အချိန်။ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်လို့ နာမည်ကြီးတဲ့ ဓုတင်ဆောင်ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ပါဝါမြို့ကနေ သာဝတ္ထိမြို့ကို ဝါဆိုအမီကြွချီလာခဲ့ကြပါတယ်။ သာဝတ္ထိကို ဝါဆိုအမီမရောက်တော့ဘဲ သာဝတ္ထိနဲ့ ခြောက်ယူဇနာဝေးတဲ့ သာကေတမြို့မှာပဲ ဝါဆိုဝါကပ်လိုက်ကြရပါတယ်။ ဆင်ပြောင်ကြီးအမြီးကျမှတစ်ဆိုတာလို မြတ်စွာဘုရားအနား ရောက်ခါနီးမှ မဖူးတွေ့ရတာမို့ ရဟန်းတော်များဟာ ဝါတွင်းသုံးလလုံး မပျော်မမွေ့ဘဲ အချိန်ကုန်ခဲ့ကြရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆

FAKE Hepatitis C medicine အသည်းရောင် (စီ) ပိုးဆေးအတုများ

Zaw Zaw Tun - Sayar: WHO just issued an alert about those counterfeit meds.

OK I will check it out. Thanks

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ အသည်းရောင် (စီ) ပိုးဆေးအတုများ အရှေ့တောင်အာရှမှာထွက်ပေါ်နေကြောင်း သတိပေးထုန်ပြန်

ဆေးအတုအမည်တွေက Ledso နဲ့ Dakavir နာမည်တွေနဲ့ဖြစ်တယ်။ အထဲမှာ Sofosbuvir 400mg + Ledipasvir 90mg and Dacalasvir 60mg လို့ရေးထားတယ်။ အဲတာတွေက ဆေးအတုတွေသာဖြစ်တယ်လို့ ၂၅-၂-၂ဝ၁၆ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၆

Wednesday, February 24, 2016

Johnson & Johnson hit with $72m damages in talc cancer case

နာမည်ကြီး လူသုံးအများဆုံး (ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါထုတ်တဲ့ကုမ္ပဏီကို နစ်နာကြေး ၇၂ သန်း ချမှတ်လိုက်ပါတယ်။

(ဂျွန်ဆင်-အင်-ဂျွန်ဆင်) ပေါင်ဒါကို မြန်မာပြည်မှာ ကလေးသုံးပေါင်ဒါလို့သာလူသိများတယ်။ အခုအမှုဖြစ်တာက လူကြီးကနေသုံးခဲ့တာပါ။ ဒီပေါင်ဒါကို နှစ်ရှည်လများသုံးခဲ့တဲ့အမျိုးသမီး မျိုးဥအိမ်ကင်ဆာနဲ့သေဆုံးလို့ ပေါင်ဒါ ထုတ်တဲ့ကုမ္ပဏီကနေ သတိပေးချက်မစုံလင်ဘူးဆိုပြီး အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်မှာ တရားစွဲပါတယ်။

ကုမ္ပဏီကလည်း စိတ်ချရကြောင်း နှစ်ပေါင်းများစွာသိပ္ပံနည်းကျအသိဖြစ်ကြောင်းရှင်းလင်းပါတယ်။ သုတေသန လုပ်သူတွေကလည်း မျိုးဥအိမ်ကင်ဆာနဲ့ဆက်စပ်မှုကိုသက်သေမပြနိုင်ဘူးလို့ထောက်ခံပါတယ်။ အမှုကို ၃ ပါတ်ကြာ စစ်ဆေးပြီး စားသုံးသူကိုအနိုင်ပေးလိုက်ပါတယ်။ တပြည်လုံးမှာ အလားတူအမှုပေါင်း ၁ဝဝဝ ကျော် ရှိပါသေးတယ်။

International Agency for Research on Cancer ကတော့ သုတေသနရလဒ်တွေကရောထွေးနေလို့ ပေါင်ဒါမှာ ကင်ဆာဖြစ်စေနိုင်တာ ပါကောင်းပါနိုင်တယ်လို့ဆိုပါတယ်။ ပေါင်ဒါဆိုတာ Mineral talc အမျိုးအစားဖြစ်ပြီး Asbestos မီးခံကျောက်မှုံမပါရင် ၁၉၇ဝ ကျော်ကတည်းက သုံးနေပါတယ်။

Ovacome (ချာရတီ) အဖွဲ့ကလည်း ကင်ဆာနဲ့မဆိုင်ဘူးဆိုတဲ့ဖက်မှာရပ်တည်ပါတယ်။ ၂ဝဝ၃ ခုတုံးက အမျိုးသမီးပေါင်း ၁၂ဝဝဝဝ ယောက်ကို လေ့လာမှု ၁၆ ခုလုပ်တော့ မျိုးဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့အန္တရာယ် ၃ ဆ ပိုတာတွေ့ရတယ်။ ၂ဝ၁၃ ခုမှာ အမျိုးသမီးပေါင်း ၁၈ဝဝဝဝ ယောက်ကို လေ့လာမှုလုပ်တော့လည်း အလားတူ အဖြေရတယ်။ ၂ဝဝဝ ခုနှစ်မှာ ၈ဝဝဝဝ ယောက်ကိုလေ့လာတော့ အဲလိုဖြစ်တာ မတွေ့ရဘူးလို့ဆိုပါတယ်။

(ချာရတီ) အဖွဲ့က ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းကြောင့် အစာမျိုပြွန်ကင်ဆာဖြစ်ဘို့ အဆ ၃ဝ ပိုတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆

A flower, a necklace ပန်းတပွင့်၊ ဆွဲကြိုးတကုံး

- မင်းတပါး၊ ပန်းတပွင့်၊ ဆွဲကြိုးတကုံး၊ ကိတ်မုန့်ရှစ်လုံး၊ မော်တော်ကားတစီး၊ ခဲတံကိုးချောင်း၊ မြစ်ကြီးငါးစင်း။
- ဖေါ်ပြပြီးသောပုဂ္ဂိုလ်မျိုးတို့ကို ဆိုလိုသည်။
- တသိန်းလျင် အမတ်တဦးကျနှင့်တွက်၍၊
- အထွေထွေရွေးကောက်ပွဲ ပြီးစီ့း့
- နွားမ၏သား ထိုနွားလား၊ မြက်များစားပြီ ရေသောက်ပြီ။

၁။ (တစ်) လို့မရေးဘဲ၊ (တ) လို့သာရေးရသည်ကို သတိပြုပါရန်။
၂။ (ပီး) လို့မရေးရဘဲ (ပြီး) လို့သာရေးရသည်ကို သတိပြုပါရန်။
၃။ (ပီ) လို့မရေးရဘဲ (ပြီ) လို့သာရေးရသည်ကို သတိပြုပါရန်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆

Artificial Insemination သုက်ပိုးထည့်နည်း

ဆရာရှင့် ကျွန်မအသက် ၃၂ ပါ။ အိမ်ထောင်ရှိပါတယ်။ သုက်ပိုးထည့်တဲ့အကြောင်းလေး သိချင်ပါတယ်။ အိမ်ထောင်ကျတာ ၂ နှစ်ပါ။ ကလေးမရသေးလို့ပါ။ အမျိုးသားသုက်စစ်ပြီးပါပြီ။ ကျွန်မလည်း အာထွာဆောင်းရိုက် ကြည့်ပြီးပါပြီ။ သုက်ပိုးထည့်မယ်ဆိုရင် ဘယ်လိုတွေပြင်ဆင်ရပါသလဲ။ အောင်မြင်နိုင်ပါသလားဆရာ။

ကလေးမရသေးတဲ့စုံတွဲတွေကို သားသမီးရစေအောင် တမင်လုပ်ပေးနည်းတခုဖြစ်တယ်။ ယောက်ျားသုက်ပိုးကို အမျိုးသမီး သားအိမ်ဝ၊ သားအိမ်ပြွန်၊ သားအိမ်ထဲကိုဆရာဝန်ကနေထည့်ပေးပါတယ်။ ဒီနည်းလုပ်ရင် သုက်ပိုးတွေကနေ မျိုးဥအိမ်ဆီအထိအရောက်သွားရတဲ့ခရီးတိုစေတယ်။ Intrauterine insemination (IUI) သုက်ပိုးကို သားအိမ်ထဲ ထည့်နည်းကို အများဆုံးသုံးပါတယ်။ ထိရောက်မှုမှာ ဒိထက်ဆန်းပြားတဲ့နည်းထက်တော့ မမြင့်မားပေမယ့် ကုန်ကျစရိတ် သက်သာတယ်။

ခင်ပွန်းမှာ သုက်ပိုးအရေအတွက်နည်းနေရင်နဲ့ ကူးသွားနိုင်စွမ်းနည်းနေရင်လည်းသုံးတယ်။ ဇနီးမှာ Endometriosis ခေါ်သားအိမ်ရောဂါရှိနေရင်လည်းသုံးနိုင်တယ်။ အမျိုးသမီးမှာ သားအိမ်ဝအချွဲရည်မကောင်းရင် ဒီနည်းလုပ်တာ ပိုကောင်းတယ်။ ဘာကြောင့်မှန်းမသိရတဲ့ ကလေးမရသူတွေကိုလည်း ဒီနည်းသုံးနိုင်တယ်။

မျိုးဥမထွက်သူကို အရင်ဆုံး Clomid ဆေးပေးမယ်။ အာလ်ထွာဆောင်းလိုမယ်။ သွေးစစ်ဘို့လည်းလိုနိုင်တယ်။ သုက်ပိုးအရေအတွက်ကောင်းစေအောင် သုက်ပိုးမထုတ်ခင်မှာ ခင်ပွန်းဟာ လိင်ဆက်ဆံမှု (သုက်ထွက်ခြင်း) မလုပ်ပဲ ၂-၅ ရက်ရှောင်ထားရမယ်။ သုက်ထွက်စေပြီး နာရီပိုင်း (တနာရီ) အတွင်းမှာ ထည့်ပေးနည်းစတင်မယ်။ အရင်ဆုံးဓါတ်ခွဲခန်းမှာ ဆေးကြောတာလုပ်ရတယ်။ အခန်းတွင်းအပူချိန်မှာ နာရီဝက်ထားတာကနေစတယ်။ သုက်ရည်အရည်ပျော်လာမယ်။ ဆေးတခုထည့်ပြီး ဗဟိုခွါအားစက်နဲ့ ခွဲခြားယူမယ်။ ပိုက်သေးသေးလေးထဲထည့်မယ်။ ဗဂျိုင်းနား၊ သားအိမ်ဝကနေတဆင့် သားအိမ်ထဲကိုသွင်းမယ်။ Pap smear သားအိမ်ဝကင်ဆာစစ်နည်းလုပ်သလိုသာ ခံစားရမယ်။ မနာပါ။ ထည့်ပြီးတာနဲ့ အမျိုးသမီးကို အိပ်ယာထဲမှာ ၁၅-၄၅ မိနစ်အထိလဲ လျောင်းနေစေမယ်။

အောင်မြင်မှုဟာ ဒီအချက်အလက်တွေအပေါ်မူတည်တယ်။
- Older age of the woman အမျိုးသမီးအသက်၊
- Poor egg quality မျိုးဥအရည်အသွေး၊
- Poor sperm quality သုက်ပိုးအရည်အသွေး၊
- Severe endometriosis သားအိမ်ရောဂါအခြေအနေ၊
- Severe damage to fallopian tubes သားအိမ်ပြွန်အခြေအနေ၊
- Blockage of fallopian tubes သားအိမ်ပြွန်ပိတ်နေရင် (IUI) နည်းလုပ်မရပါ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆

လွတ်လပ်ရေးကျောက်တိုင်ပါသတ်ပုံ

- လွတ်လပ်ရေးတခုတည်းကိုသာ၊
- တခါတရံအချင်းချင်း ရန်မူတတ်ကြပါတယ်၊
- ဒီနေ့ကစပြီး တကယ်တမ်း၊
- တဦးနဲ့တဦး စိမ်းကားခဲ့ကြတာတွေဟာ၊
- အသင်းအဖွဲ့တခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်၊
- ပြည်ထောင်စုတခုလုံးမှာရှိတဲ့၊
- အခုလိုတနိုင်ငံလုံးရှိ၊

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၆

Tuesday, February 23, 2016

Handicapped Fighter ဒုက္ခိတ ကစားသမား

ကျွန်တော့်ပို့စ်တခု = လွတ်လပ်ရေးကြေညာစာတမ်း ပြန်ရေးချင်နေကြပြီတဲ့ဗျာ

ကွန်မင့်တခု = BeBe Samson လိုအပ်ချက်တွေနဲ့ ကိုယ့်နိင်ငံကြီး

လိုအပ်ချက်လို့မြင်လို့ ကျေးဇူးတင် အားရှိပါတယ်။ အမှားကိုသာ မှန်တယ်ပြောနေကြသူတွေနဲ့ နပမ်းလုံးနေရတယ်။ ကျွန်တော်က ခြေတဖက်နဲ့ လက်တချောင်းကျိုးထားတယ်။

- သြကာသဘုရားရှိခိုး မှားသတဲ့။
- အနန္တသူရိယ မှားသတဲ့။
- လွတ်လပ်ရေးကြေညာစာတမ်းရေးတာလည်း မှားသတဲ့။
-့ ကသာ ဆိုးပေမယ့် မှန်သတဲ့ဗျာ။

ကျွန်တော် ဒုက္ခိတ ကစားသမား၊ ပြုံးထားဆဲပါ။

၁။ Declaration of Independence of the Union of Burma လွတ်လပ်ရေးကြေညာစာတမ်း ပြန်ရေးချင်နေကြပြီတဲ့ဗျာ http://doctortintswe.blogspot.com/2016/01/declaration-of-independence-of-union-of.html
၂။ Personalized medicine တဦးချင်းပေးတဲ့ဆေး (သို့) တဦးချင်းပေးတဲ့သတ်ပုံ http://doctortintswe.blogspot.com/2016/02/personalized-medicine.html
၃။ Tit or Ta အနန္တသူရိယ မှားသလား http://doctortintswe.blogspot.com/2016/02/tit-or-ta.html
၎။ Once, Twice, Thrice တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင့့် http://doctortintswe.blogspot.com/2016/02/once-twice-thrice.html

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၆

Once, Twice, Thrice

တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင့့်
သြကာသဘုရားရှိခိုးကိုလည်းတိတိကျကျသိကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၆

Personalized medicine တဦးချင်းပေးတဲ့ဆေး (သို့) တဦးချင်းပေးတဲ့သတ်ပုံ

ကျွန်တော့်ပို့စ်တခု = Tit or Ta အနန္တသူရိယ မှားသလား

ကွန်မင့်တခု = Ngwe Soe ဆရာ အဲ့ဒီ ပို့စ်ကိုတင်တာ ကျွန်တော်ပါ။ ကျွန်တော်လည်း အမျိုးသားပညာဝန်ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ စာအုပ်ထဲကစာ၊ သမိုင်းကြောင်းကို ကြိုက်လွန်းလို့ တင်ပေးတာပါ။ "တစ်" နဲ့ "တ" ပြဿနာကြောင့်ပဲ ရေးတင်သူကျွန်တော်ကပဲ နေဝင်းနောက်လိုက်ဖြစ်ရမတဲ့လား။ ဆရာတို့ ပညာသင်ကြားတဲ့နှစ်မှာ ကျွန်တော်တို့ မမွေးဖွားသည်ပဲထားပါဦး၊ ကျွန်တော်တို့နှစ်မှာတော့ အဲ့ဂလို ဂဏာန်း "တ" ကို "တစ်" ပြောင်းလိုက်တာဟာ နေဝင်းကြောင့်ပဲ ပြောင်းပြောင်း၊ စောမောင်၊ သန်းရွှေကြောင့်ပဲပြောင်းပြောင်း ကျွန်တော်တို့ကို သူတို့နောက်လိုက်လို့ ပြောစရာ မလိုပါဘူးဆရာ။ သမိုင်းအရ စကားလုံး ပြောင်းလဲလာမှုကို ဆရာမနှစ်သက်ရင်၊ မကြိုက်ရင် ဆရာအနေနဲ့ ဆရာဝန်မလုပ်ဘဲ၊ မြန်မာစာပါမောက္ခသာလုပ်ပြီး "တစ်"ကို "တ" ဖြစ်အောင် ပြောင်းလဲပေးဖို့ အကြံပေးပါရစေဆရာ ။ လွန်တာရှိရင် ဝန္ဒာမိပါဆရာ။

ဟုတ့့် ဆောရီး။ ကျွန်တော် ပြောပြီးသားစကား၊ ရေးပြီးသားစာမှန်သမျှတော့ လိုက်ပြင်လည်း ထူးမှာတော့မဟုတ်ပါ။

အမျိုးသားပညာဝန်ဦးဖိုးကျားအကြောင်း ၂-၃ ကြိမ်ရေးပြီးပါပြီ။ မူရင်းစွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ “အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့” ပါတယ်။ “ခေါင်းဆောင်ကြီးတစ်ဦး”၊ “ပုဂ္ဂိုလ်တစ်ဦး” လို့မဟုတ်ခဲ့ပါ။ ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ အမျိုးသားပညာဝန်ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ “တိုင်တစ်ရာ” ဖြစ်သွားရတော့တယ်။

အသက်ကြီးလာလေလေ ကုသပေးရတဲ့လူနာတွေက များလာလေလေ။ မေးတာတွေ ဖြေရပေးရတာတွေလည်း များများလာတယ်။ ရောဂါကုထုံး၊ ကာကွယ်နည်းတွေကတော့ ဆရာဝန်ဖြစ်ကာစထက် ပိုများပေမယ့် လူနာအရေအတွက် များတာနဲ့တော့ အချိုးမမျှပါ။ အဲတော့ ဆေးပေးနည်း၊ ကာကွယ်နည်းတွေက ၁၉၇ဝ ကျော်ကတည်းကသုံးခဲ့တာတွေက အလွန်များတယ်။ ဒီကြားထဲမှာ အစိုးရတွေပြောင်းပါတယ်။ ဆေးနည်းတွေလိုက်မပြောင်းပါ။

ရောဂါတူလူနာတွေကိုပေးရတဲ့ဆေးက အမျိုးအစားတူတယ်။ ဒါပေမယ့် လူနာကိုပြောရမှာရတာ စကားလုံးတူတိုင်း အလုပ်မဖြစ်တာ တွေ့ရတယ်။ တချို့က ခင်များ အပျော်အပါးလိုက်စားလို့ဒီရောဂါရတယ်လို့ ပြောရင်မကြိုက်ကြပါ။ တချို့ကလည်း ဘာလို့ရောဂါရသလည်း စစ်စစ်ပေါက်ပေါက်သိချင်ကြတယ်။

အပြောမှာ စကားလုံးရွေးရတဲ့ပညာ ဆေးကျောင်းမှာ သင်ချိန်မရပါ။ စာအုပ်တွေဖတ်ဖို့ကလည်း အချိန်ရအုန်းမှ။ အဲတော့ လူနာ ၁ဝဝ လာရင် ၁ဝဝ လုံးနဲ့အဆင်ပြေရတယ်မရှိပါ။ ဆရာဝန်တွေပြောပေါက်ဆိုးတာ လူတိုင်းအသိပါ။ နင့်နင့်သီးသီး ပြောမိတတ်ကြတယ်။ တချို့ကလည်း ကရုဏာဒေါသလို့ နားလည်မှုဖက်ကပြောပေမယ့် ဆရာဝန်ဒေါသထွက်တာ ထွက်တာပါပဲ။

ခုနောက်ပိုင်းမှာ Personalized medicine model ဆိုပြီး လူနာတဦးချင်းအတွက် အကောင်းဆုံးထိရောက်တဲ့ဆေးကို အသေအချာရွေးပေးနည်းဆိုတာပေါ်လာတယ်။ Personalized medicine တဦးချင်းပေးတဲ့ဆေးကို Precision medicine တိကျဆေးလည်းခေါ်တယ်။ Stratified medicine အလွှာရွေးဆေး၊ P4 medicine ဆေးလို့လည်းခေါ်ပါတယ်။ အဲတာက ဆေးကုသနည်းပါ။

မြန်မာပြည်မှာ လူနာတဦးချင်း ဆေးပေးနည်းသာမကာ ဖေ့စ်ဘွတ်စာဖတ်သူတဦးချင်းအတွက် သီးသန့်စကား အသုံးအနှုန်းပေါ်ရင်ကောင်းမယ်လို့ ကနေ့မနက်မှာ အကြံဖြစ်ပေါ်လာပါကြောင်း။ ပညာပေးချင်သူတွေ ကံကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၆

Monday, February 22, 2016

Native beauty ကိုယ့်ဌာနေဝန်းကျင်မှာကွယ် တကယ်အလှရှိတယ်

မျှော်ကိုးချက်နဲ့ နေရပ်ကိုအပြီးအပိုင် စွန့်ခွါသွားတောသူတွေ ရှိတယ်။ ပျော်ရာမှာမနေရလို့ တော်ရာကို သွားကြရသူတွေ ရှိတယ်။ ဇာတိကို လွမ်းမနေတော့ဘဲ၊ ငယ်တုံးကအကျင့်ဓလေ့တွေ သိမ်းဆီးထားမနေတော့ဘဲ၊ တွေ့တာကိုသာ ကိုယ်ပိုင် လုပ်ပြစ်လိုက်ကြသူတွေ ရှိတယ်။ ဘယ်မှာနေရနေရ ဇာတိဘဝနဲ့ ငယ်တုံးကစရိုက်ကို တရှိုက်မက်မက် မမေ့နိုင်ကြသူတွေရှိတယ်။

အာဟာရ၊ ဥပမာ သက်သပ်လွတ်စားတဲ့သူတွေက အသားဓါတ်ကို တမင်တကာရှောင်ကြတယ်။ အရသာ၊ ဥပမာ အစပ်မစားသူတွေက အစပ်အရသာနဲ့ အကျိုးကို တမင်တကာရှောင်ရာကြတယ်။ အာဟာရအစုံ၊ အရသာစုံကို မခံစားနိုင်ကြသူတွေဖြစ်တယ်။

မတည့်လို့မစားရတာက တမျိုး။ သမားတော်ကနေ လိုတာဖြည့်ပေးနိုင်တယ်။ တရားသဘောနဲ့ချင့်ချိန်ရင် တမျိုး။ ဓမ္မဆရာကနေ ပိုတာကိုပယ်ခိုင်းမယ်။

ကိုယ့်မြေ၊ ကိုယ့်ရပ်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အငွေ့အသက်ကို မြတ်နိုးတွယ်တာ၊ ခုံမင်တမ်းတတတ်သူတွေဟာ အရသာစုံ၊ ရသအပြည့်ကို ခံစားနိုင်ကြသူတွေဘဲ။ ဇာတိမြေကို မေ့သွားသူတွေကြောင့် ဇာတိမြေရဲ့အလှ ကျမသွားပါ။ ဇာတိမြေကို မမေ့ကြသူတွေကြောင့် ဇာတိမြေရဲ့အလှ တက်ကြွစေတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၄
https://www.youtube.com/watch?v=3XJiYHKz2rc

Factory making fake Hepatitis C drug raided in Pakistan

၁-၃-၂ဝ၁၅ နေ့က ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့မှာ အသည်းရောင်စီပိုးဆေးအတုထုတ်လုပ်နေတဲ့စက်ရုံကို ရဲတွေကဝင်စီးခဲ့ရပါတယ်။ Sofosbuvir ဆေးတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ တရားမဝင်လုပ်ထားပြီးဖြစ်တဲ့ Everlong ခေါ်သုက်လွှတ်မြန်တာအတွက်ပေးတဲ့ဆေးလည်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၆
http://www.dawn.com/news/1166571
http://www.hepctrust.org.uk/factory-making-fake-hepatitis-c-drug-raided-pakistan

Cancer tests ကင်ဆာစစ်ဆေးခြင်း လမ်းညွှန်သစ်

အခုစာတင်နေချိန်မှာ ကျွန်တော်နဲ့ ဇနီးတို့ စိန့်ဖရန့်စစ်ဆေးရုံကြီးမှာရောက်နေကြတယ်။ ဒေါ်မြမြအေးကို ရင်သားကင်ဆာ ပုံမှန်စစ်ဆေးခြင်းအတွက် (မင်မိုဂရမ်) လာရိုက်တာပါ။ စောင့်နေရင်း သုတဖြစ်စရာလေးတွေ မျှဝေပါရစေ။ လူစောင့်စရာ နေရာတိုင်းမှာ ချောင်းဆိုးရင်ကာကွယ်ဘို့အသုံးအဆောင်၊ လက်ဆေးပိုးသတ်ရည်၊ ထီးမိုးစိုလာရင်ထည့်စရာ စတာတွေပါ အဆင်သင့်လုပ်ပေးထားတာတွေကို အလွန်သဘောကျလို့ပါ။ ဆေးရုံထဲမှာ အများသုံး (ဝိုင်ဖိုင်) လည်း ရတယ်။ ကျွန်တော်တို့က အသက် ၆၅ နှစ်ပြည့်သူတွေမို့ Mediaid/Medicare ရကြလို့ ပိုက်ဆံမကုန်ပါ။ Mediaid taxi ခေါ်ပြီး သွားကြတယ်။ ဆေးရုံကြီးကအတော်ကြီးတော့ (မင်မိုဂရမ်) ရိုက်တဲ့နေရာ အတိအကျမသိသေးလို့ (ရီဆက်ပရှင်) မှာ ဆင်းပြီးမေးရတော့လည်း ဆေးရုံက ဘတ်စ်ကားကနေ နေရာအထိလိုက်ပို့ပေးတယ်။ ကောင်းတာတွေချည်း ရေးပြတယ်တော့ မထင်စေလိုပါ။ ဒီတိုင်းပြည်မှာ စိတ်ဖိအားများစရာတွေကိုလည်း အလျဉ်းသင့်တိုင်းရေးပါတယ်။

ကင်ဆာတိုင်းကို ပြည်တည်နာပေါက်တာမျိုးလို ပျောက်သွားအောင်ကုသလို့ မဖြစ်နိုင်သေးပါ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ၅ နှစ် အသက်ရှင်နှုန်းကိုသာ တွက်နိုင်ပါသေးတယ်။ ကင်ဆာအများစုကို စောစောသိလို့ စောစောဆေးကုသမှု စနစ်တကျ ခံယူလေ ရှင်နိုင်များလေလေဖြစ်တယ်။ တချို့ဆိုပျောက်တယ်လို့တောင် ပြောနိုင်လာပါတယ်။ စောစောသိအောင် ကြိုတင် ဆေးစစ်တာလုပ်ဘို့ လမ်းညွှန်သစ်တွေလုပ်ပေးထားပါတယ်။ ပညာရှင်တွေက မတူတဲ့အယူအဆတွေရှိတယ်။ နှစ်ကာလ ပြောင်းလာတာနဲ့လဲ လမ်းညွှန်သစ်တွေထုတ်ပေးပါတယ်။ ဒီစာမှာ ၂ဝ၁၄ ခုနှစ်ဝက်က ထုတ်ထားတဲ့လမ်းညွှန်ဖြစ်ပါတယ်။

၁။ ရင်သားကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Memogram နှစ်စဉ်ရိုက်ပါ။ 
လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

၂။ အဆုပ်ကင်ဆာ
လမ်းညွှန်ဟောင်း =  ဆေးလိပ်သောက်သူတိုင်း လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) က အကျိုးများစေတယ်။ 
လမ်းညွှန်သစ် = ၂ဝ၁၃ ကစပြီး USPSTF အဆိုအရ ဆေးလိပ်များများသောက်သူတွေ အသက် ၅၅ ကျော်ရင် CT scan လုပ်ပါ။ 

၃။ ယောက်ျားဆီးကျိတ်ကင်ဆာ
လမ်းညွှန်ဟောင်း = ယောက်ျား အသက် ၅ဝ ကျော်ရင် PSA test + Rectal exam လုပ်ပါ။ အသက် ၇၅ ကျော်ရင် မလို။
လမ်းညွှန်သစ် = USPSTF အဆိုအရ PSA test မလို။ Rectal exam အစာဟောင်းအိမ် (စအိုကတဆင့်) လက်ချောင်းထည့် စမ်းတာလုပ်ပါ။ ACS အဆို အသက် ၅ဝ ကျော်ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။

၎။ အရေပြားကင်ဆာ
လမ်းညွှန်ဟောင်း = လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) ကိုအားပေးတယ်။
လမ်းညွှန်သစ် = USPFTF အဆို အဲလိုလုပ်ဘို့မလိုပါ။ အသားအရေဖြူသူတွေမှာ Melanoma အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်။ ACS အဆို ကိုယ့်ဖါသာ အရေပြားစစ်ကြည့်နေပါ။ ပြောင်းလဲမှုထူးခြားတာတွေ့ရင် ဆရာဝန်ပြပါ။ 

၅။ သားအိမ်ဝ (ခေါင်း) ကင်ဆာ
လမ်းညွှန်ဟောင်း = USPSTF အဆိုအရ အသက် ၂၁ နှစ်ကနေ ၆၅ နှစ်ကြား အမျိုးသမီးတိုင်း Pap smear စစ်ဆေးတာ ၃ နှစ်တခါ လုပ်ပါ။ 
လမ်းညွှန်သစ် = လမ်းညွှန်ဟောင်းအတိုင်း လိုက်နာပါ။ USPSTF အဆိုအရ စစ်ဆေးမှုလုပ်ရတာနည်းချင်သူတွေ အသက် ၃ဝ ကနေ ၆၅ နှစ်ကြား Pap smear + HPV test တွဲပြီး ၅ နှစ်တခါလုပ်ပါ။

၆။ အူမကြီးကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၅ဝ ကျော်သူတိုင်း Colonoscopy ကိရိယာနဲ့စစ်ဆေးတာခံယူပါ။ 
လမ်းညွှန်သစ် = USPSTF အဆိုအရ အသက် ၅ဝ ကနေ ၇၅ နှစ်ရှိသူ ယောက်ျားမိန်းမတိုင်း အစုလိုက်စစ်ဆေးမှုခံယူပါ။ ၇၆ နှစ်ကျော်ရင်မလိုပါ။ မိသားစုရာဇဝင်မှာ အူမကြီးကင်ဆာရှိထားရင် စောပြီးစစ်ဆေးမှုခံယူပါ။

ဒေါက်တာတင့်ဆွေ
၎-၁ဝ-၂ဝ၁၄
၂၂-၂-၂ဝ၁၆

HCV အသည်းရောင် (စီ) ဆေးအတုတဲ့

ဆရာရေ HCV ဆေးအတုတွေက ဒီတခါ မန္တလေးက အသည်းဆေးခန်းကြီးမှာကို ရောင်းနေပြီ။ အခု သူငယ်ချင်း တယောက်ဝယ်လာတဲ့ဆေးက သိပ်မသင်ကာလို့ မူရင်း company ကိုစုံစမ်းကြည့်တော့ အတုကြီးဖြစ်နေတယ်။

အရင်က Generic harvoni တုန်းကလည်းတခါဖြစ်ပြီးပြီ။ အဲဒါ သတင်းဖြစ်ဖြစ် post ဖြစ်ဖြစ်တင်ပေးပါလားဆရာ။

http://pharco.org/company-newsdetails.aspx?id=2447
ဒါကျနော် စုံစမ်းလိုက်လို့ မူရင်း company က ထုတ်ပေးတဲ့စာပါ။

ဟုတ်။ တင်လိုက်ပါပြီ။

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၆

Riot Police in Myanmar မြန်မာရဲတပ်ဖွဲ့ အစွမ်းပြချက် ရက်စက်သယ့့်

နိုင်ငံတကာမှာ Riot police ဆိုတာ Crowds လူအုပ်၊ Protests ဆန္ဒ္ဒပြသူတွေနဲ့ Riots အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရဲအဖွဲ့ဝင်တွေကို ခွဲထုတ်ပြီး ဖွဲ့ထားတာဖြစ်တယ်။ Riot gear ဆိုတာ အဲဒီရဲတွေ ဝတ်ဆင်ရတဲ့ ဝတ်စုံနဲ့ တန်းဆာပလာတွေကိုခေါ်တယ်။ Riot helmet ဦးထုပ်၊ Shield ဒိုင်းက သတ္တုနဲ့၊ ကြိမ်နဲ့ အမျိုးမျိုးရှိတယ်။ Baton နံပါတ်တုတ် (သစ်သားတုတ်၊ ကြိမ်တုတ်၊ ဝါးရင်းတုတ်၊ ရာဘာတုတ်)တွေ ပေးထားတယ်။ လူကိုသေစေနိုင်တဲ့ သေနတ်ကို မသုံးရပဲ Rubber bullets ရာဘာကျည်ဆံ၊ Stun grenades စတန်းလက်ပစ်ဗုံး၊ Pepper spray ငရုတ်သီးစပရေး၊ Tear gas မျက်ရည်ယိုဗုံး စတာတွေသာ ကိုင်ခွင့်ရှိတယ်။

မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၃ နှစ်တိတိက လုံထိန်းရဲတပ်ဖွဲ့ကို ဖျက်သိမ်းဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်ကတည်းက လုံထိန်းဆိုတာ ထင်ပေါ်လာခဲ့တယ်။ လုံထိန်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးစိန်လွင်က ၁၉၈၈ ခုနှစ် အရေးအခင်းကြီးကာလမှာ သမ္မတဖြစ်တာတော့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလို့ သူ့ကို Butcher of Rangoon ရန်ကုန်က သားသတ်သမားလို့ နိုင်ငံတကာမီဒီယာမှာ နာမည်ရခဲ့တယ်။ လုံထိန်းသမိုင်းဟာ သွေးညှီနဲ့စခဲ့တာပါ။

နောက်တက်လာတဲ့ စစ်အစိုးရလက်ထက်တွေမှာ လူစုလူဝေးထိန်ဖို့ ပိုပြီးဆန်းသစ်တဲ့နည်းနာတွေပါ သုံးလာတယ်။ ထောက်လှမ်းရေးနည်းနာတွေဖြစ်တယ်။ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှ မသုံးတဲ့နည်းတွေပါ။ အရံအင်အားဆိုတဲ့အောက်မှာ မှတ်ပုံလည်းမတင်၊ လူသိလည်းမခံလို့ တရားမဝင်ဖွဲ့ထားတယ်။ အဲဒီတုံးက NLD ပါတီကို ပစ်မှတ်ထားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် သွားရာမှာပါတဲ့ လူအုပ်ကိုဖြိုခွဲဖို့မှာ သုံးတယ်။ အစောပိုင်းမှာ ဟန့်တားတယ်၊ ခြောက်လှန့်တယ်။ နောက်တော့ ကိုယ်ထိလက်ရောက်ပါလာတယ်။ ၉-၁၁-၁၉၉၆ နေ့မှာ ဦးတင်ဦးနဲ့ ဒေါ်စု စီးနင်းလာကားကို ထုနှက်ရိုက်ခွဲဖို့ စစ်ထောက်လှန်းရေးက လူ ၂ဝဝ လောက်ကို ခိုင်းခဲ့တယ်။

၂ဝဝ၃ မေလ (၃ဝ) ရက်ညဦး၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ကြည်ရွာမှာသုံးတဲ့နည်းကတော့ သြချရလောက်အောင် ရက်စက်ယုတ်မာလွန်းခဲ့တယ်။ အကျဉ်းထောင်ထဲက ဆိုးသွမ်းသူတွေကိုထုတ် သင်တန်းပေး၊ အရက်နဲ့ဆေးဝါးတွေ တိုက်ကျွေးပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူပါလာသမျှကို ရိုက်နှက်ပြီး၊ အသတ်ခိုင်းခဲ့တယ်။ မနက်မလင်းခင်မှာ ကားလမ်းကို မီးသတ်ကားတွေနဲ့ သွေးကွက်တွေကို ရှင်းလင်းဆေးကြောလိုက်လို့ နောက်နေ့မနက် အမေရိကန်သံရုံးက လာကြည့်တော့ ဘာမခုမှမဖြစ်ခဲ့သလို ဖြစ်စေခဲ့တယ်။

အဲဒီလူအုပ်ထဲက စစ်သား၊ ရဲသား၊ လုံထိန်းတွေကို စစ်ဗိုလ်တွေက အမိန့်ပေးတယ်။ အဓိကရုဏ်း ဖန်တီးရေး (ဖြိုခွင်းရေး မဟုတ်ပါ) ကွန်မင်ဒါချုပ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ဖြစ်ကြောင်းနဲ့ အကောင်အထည်ဖော်သူတွေဟာ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (၉) ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးတို့ ဖြစ်ကြတယ်လို့ အဲဒီအချိန်က နာမည်ဆိုးထွက်တဲ့ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့စာအုပ်ထဲမှာ ဖော်ကောင်လုပ်ပြီး ရေးလိုက်တယ်။ အမှန်က ဗခက ခင်ညွန့်လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုင်းနဲ့ ခွဲတာမှာ တာဝန်ရှိသူအဖြစ် ဗိုလ်ချုပ်နေဝင်းနဲ့ ဦးအောင်ကြီးနဲ့တို့ တယောက်ကိုတယောက် လွှဲချနေသလိုပါပဲ။ စွမ်းအားရှင်အဖွဲ့ရဲ့ ဂေါ့ဖါသား ဦးအောင်သောင်း (မကွယ်လွန်မီက) နာမည်ကို ထိန်ချန်ထားပေးတယ်။

ဦးသိန်းစိန်အစိုးရတက်လာတော့ အပြောင်းအလဲဆိုပြီး၊ အနောက်နိုင်ငံတွေက အားတက်သရောနဲ့ ဝိုင်းကူ လာကြတဲ့ ဗုံပေါလအောထဲမှာ ရဲတပ်ဖွဲ့ကို ခေတ်မီအောင် အီးယူအဖွဲ့ကနေ သင်တန်းတွေပေးတာလည်းပါတယ်။ အဲလိုဖြစ်လာအောင် အကြောင်းဖန်လာတာကတော့ လက်ပံတောင်းအရေးအခင်းကြီး ဖြစ်တယ်။ ၂ဝ၁၂ ခု နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် မလင်းခင်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်း ကြေးနီမိုင်းမှာ စခန်းချဆန္ဒပြနေကြတဲ့ ဘုန်းကြီးတွေနဲ့ လူတွေကို မီးလောင်ဗုံးတွေနဲ့ နှိမ်နင်းလိုက်လို့ တကမ္ဘာလုံးမှာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ အဲဒီအထဲမှာ တရုတ်ကုမ္ပဏီတွေကနေ အခပေးခိုင်းထားတဲ့ ရဲတွေလည်း ပါတယ်။ လူအုပ်ဖြိုခွဲနည်းနာသစ် ဖြစ်တယ်။

အဲတာနဲ့ အီးယူအဖွဲ့က Modern crowd management techniques ဆိုတဲ့ ခေတ်မီလူအုပ်ထိန်း နည်းနာ သင်တန်းတွေ ပေးနေတာ ၂ဝ၁၄ ခုနှစ် ဖေဖေါ်ဝါရီလအထိ မြန်မာရဲတပ်ဖွဲ့ဝင်ပေါင်း ၁၄ဝဝ ကို ပေးပြီးပါပြီ။ ကံမကောင်းချင်တော့ မြန်မာရဲတပ်ဖွဲ့အပြင် အီးယူပါ နာမည်ပျက်စေတာတွေ စဉ်တိုက်ဆက်တိုက် ဖြစ်လာ ပါတော့တယ်။ ၂ဝ၁၄ ခု ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လက်ပတောင်းမှာ ဆန္ဒပြနေတဲ့ ဒေါ်ခင်ဝင်းဆိုတဲ့ ဒေသခံအမျိုးသမီးကို ဦးခေါင်းတည့်တည့် ရဲကသေနတ်နဲ့ ပစ်သတ်လိုက်ပါတော့တယ်။

နောက်တပ်လည်း သမိုင်းတွင်ရစ်မယ့် အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာပါတယ်။ အခုထိ အဆိုးဝါး ဆုံးနှစ်ခုကတော့ ၂ဝ၁၅ ခုနှစ် မတ်လထဲမှာ ပိုပြီးကောင်းမွန်တဲ့ပညာရေးဥပဒေ ဖြစ်လာစေဖို့ တောင်းဆိုကြတဲ့ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့ပါတယ်။ လက်ပံတန်းမှာ ပိတ်မိနေကြတဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှု မလုပ်စေဖို့ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၅ ရက်နေ့မှာ အကြမ်းဖက်ပြီး ဖြိုခွင်းလိုက်ပါတယ်။

အဲဒီမှာ လက်မောင်းမှာ လက်ပတ်အနီတွေ ကိုယ်စီစည်းထားကြတဲ့ လူတစုကနေ ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲကြတယ်။ ဆံပင်ကြောင်ကြား၊ တက်တူထိုးထားတဲ့ စပ်ဖြဲဖြဲမျက်နှာပေး ရှိသူကနေ ကျောင်းသူလေးတယောက် လည်ပင်းကိုညှစ်ဖမ်းနေတဲ့ပုံဟာ အော့နှလုံးနာစရာ ကောင်းလှပါတယ်။ အဲလိုအရပ်ဝတ် လက်ရဲဇက်ရဲလုပ်သူတွေကနေ ဖမ်းပေးပြီး ယူနီဖောင်းဝတ်ရဲတွေ လက်အပ်ကြရတယ်။ သမတပြောရေးဆိုခွင့်ရှိသူက ရန်ကုန်အစိုးရကို မေးရမယ်ပြောတယ်။ ရန်ကုန်အစိုးရ ရဲကပေးတဲ့စာရွက်ကို ဖတ်ပြတယ်။ ဥပဒေအရလုပ်တာပါလို့ နောက်ပိုင်းမှာ ပြောလာကြပြန်တယ်။ ဥပဒေပညာရှင်တွေက သဘောမတူကြပါ။

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို သူလျှိုဒလံတွေ၊ လက်ကိုင်တုတ်တွေသုံးပြီး နှိမ်နင်းဖြိုခွင်း တဲ့အတွက် ပြည်ထဲကလူတွေသာမက ပြည်ပမှာနေရသူတွေပါ ဒေါသအမျက် ချောင်းချောင်းထွက်ကြရ တယ်။ မျက်မြင်တဦးကနေ ရေဒီယိုအင်တာဗျူးမှာပြောတာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တရပ်ကွက်ကို လူ ၂ဝ လောက်စီ ခေါ်ထားတာဗျ။ အဲ့လူတွေက ဘယ်လိုလူမျိုးတွေဆိုတော့ ရပ်ကွက်ထဲက လူမိုက်တွေ၊ သတင်းပေးတွေ၊ အရင်တုန်းက ချဲရောင်းတဲ့သူတွေ၊ အရက်ပုန်းရောင်းတဲ့သူတွေ ခေါ်လာတာပေါ့။ ဒီနေ့ဆို ထူးထူးခြားခြား အရမ်းငယ်တဲ့ကလေးတွေ တွေ့ရတယ်။ ၁၆ နှစ်၊ ၁၇ နှစ်တွေတွေ့ရတယ်။ တွေ့ဖူးသမျှ ဒီတခါအငယ်ဆုံးပဲ။ အရင်တွေ့ဖူးတဲ့ စွမ်းအားရှင်တွေထက် ငယ်တယ်။ စွမ်းအားရှင်မျိုးဆက်သစ်တွေပေါ့တဲ့။

လုံထိန်းကို လွှတ်တော်ကဖျက်လည်း အစိုးရအတွက် ပူစရာမလိုတော့တဲ့သဘောဖြစ်မယ်။

ပြည်ခိုင်ဖြိုးပါတီမှာ အခစားလုပ်နေသူတွေကိုယ်တိုင်က အစိုးရလုပ်တာမှားတယ်လို့ လူမှုရေးကွန်ရက်မှာ ရေးလာတယ်။ မနေသာတဲ့အဆုံးမှာ အစိုးရကနေ ကော်မရှင်တခု ဖွဲ့လိုက်တယ်။ ဒါပေမဲ့ လူတွေက နည်းနည်းလေးမှ အားမထားကြသလို အမှန်ပေါ်ထွက်လာမယ်လို့ တစက်ကလေးမှ မယုံကြပါ။ ကော်မရှင် ဖွဲ့တဲ့အလေ့အထ လက်ပတောင်းကော်မရှင်က စတယ်။ အဲဒီတုံးက ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်စေခဲ့တယ်။ အခုကော်မရှင်ကိုတော့ ရဲချုပ်ဟောင်း၊ ပြည်ထဲရေး ဒုဝန်ကြီးကို ဥက္ကဋ္ဌလုပ်စေတယ်။ သူဟာ စစ်အစိုးရလက်ထက်မှာ ရဲတပ်ဖွဲ့လုပ်တာတိုင်းမှာ တာဝန်ရှိခဲ့သူ ဖြစ်နေတယ်။

ဒီကော်မရှင်ဖွဲ့တဲ့ စာရိုက်နေတုံးမှာ နောက်ထပ်အရုတ်ဆိုးတာ ထပ်ဖြစ်ပြန်တယ်။ လက်ပံတန်းမှာပါ။ ကော်မရှင်ကျေးဇူးလို့ ပြောရမှာပါ။ ဒီတခါ လက်ပတ်နီတွေ မပါနိုင်ကြတော့ပါ။ ယူနီဖောင်း သစ်သစ်လွင်လွင်နဲ့ ရဲတွေက ကျောင်းသား၊ ကျောင်းသူတွေနဲ့ မီဒီယာသမားတားတွေကို ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးကြတယ်။ ကြက်ခြေနီတံဆိပ်ပါ မော်တော်ကားလည်း ရိုက်နှက်ဖျက်ဆီးကြတယ်။ နိုင်ငံတကာမီဒီယာအားလုံးက ပြသကြတယ်။ လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခ ကို တပြားမှမကျန်တော့အောင် မြန်မာရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်။ သူများဆိုရင် အစိုးရကို အကြည်ညိုပျက်အောင်လုပ်တဲ့အမှုထက် ကြီးလေးတာ မရှိပါ။

စစ်အစိုးရကတည်းက လူစုလူဝေးဖြိုခွင်းရာမှာ စစ်ရေးနည်းနာသုံးပါတယ်။ ၁၉၈၈ အရေးအခင်းကြီးမှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကလာတဲ့ စစ်သားတွေကိုသုံးခဲ့တယ်။ ကွန်မြူနစ်တွေဆိုးကြောင်းနဲ့ တိုင်းပြည်အန္တရာယ်လို့ ရိုက်သွင်းထားပြီး မြင်မြင်သမျှ လမ်းပေါ်ကလူတွေဟာ ကွန်မြူနစ်လို့ သင်ပေး ထားတယ်။ လက်ပတန်းဖြိုခွင်းမှုမှာတော့ ကျောင်းသားတွေနဲ့ ရက်တွေကြာလို့ ရင်းနှီးခင်မှုမှုရနေ တဲ့ရဲတွေကို နောက်ဆုတ်ခိုင်းပြီး တခြားရဲတွေကို ရှေ့တက်ရိုက်နှက်စေတယ်။

စွမ်းအားရှင်မရှိတော့ဖူး၊ မရှိခဲ့သလိုလို အစိုးရတာဝန်ရှိသူတွေကနေငြင်းဆိုပေမဲ့ လူမှုကွန်ရက်တွေမှာ စွမ်းအားရှင် စာရင်းတွေကို ဖော်ပြလာကြတယ်။ စွမ်းအားရှင်ကို အရင်က တောင်သာတပ်လို့ ခေါ်ခဲ့ကြ တယ်ဆိုပဲ။ (ကောင်းမွန်တဲ့ တောင်သားသားတွေကိုတော့ တောင်းပန်ပါတယ်။) အခုတော့ ပြောင်းလို့ရပြီ။ လက်ပတ်နီတပ်။ တာဝန်တပ်။ စည်းကမ်းတပ်။ ဆံပင်ရောင်စုံတပ်။ တက်တူးတပ်။ ရန်ကုန်အစိုးရတပ်။ နေပြည်တော်ကမသိတဲ့တပ်။

မြန်မာပြည်မှာ အမည်မဖေါ်နိုင်တဲ့ရာဇဝတ်သားတွေ တနေ့တခြား များသထက်များလာနေတယ်။ ရိုက်နှက် တာ၊ မီးရှို့တာ၊ လူသတ်တာတွေအထိ ကျူးလွန်ကြတယ်။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေလဲ ပလူပျံနေတာပဲ။ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေမဲ့ တရားစွဲတာ၊ အပြစ်ပေးတာဝေးရော Scapegoat ခေါ်တဲ့ နာမည်ခံ တယောက်ယောက်ကို ထိုးကြွေးတာတောင် မလုပ်ပါ။

၂ဝဝ၇ သံဃာတော်တွေအရေးမှာ ဓာတ်ပုံထဲက ဝေါ်ကီတော်ကီနဲ့ အမိန့်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးဟာ တပ်ချုပ်ကခန့်လို့ လွှတ်တော်ထဲရောက်သွားတယ်။ အခုလက်ပတ်နီတွေကိုလည်း မကြာမီမှာ ရန်ကုန်လွှတ်တော်တက်နေတာ မြင်ရမလား မပြောတတ်ပါ။ မြန်မာပြည်မှာ အခုအစိုးရလက်ထက်မှပေါ်တဲ့ Red armband လက်ပတ်နီနမူနာ ကမ္ဘာမှာရှိထားပါတယ်။ Swastikas အမှတ်အသားပါ နာဇီပါတီလက် ပတ်နီဟာ တတိယဂျာမန်နိုင်ငံကို အုပ်စိုးဖို့ဖြစ်တယ်။ တာဝန်စာသားပါ လက်ပတ်နီဟာ မြန်မာပြည်ကို ရာသက်ပန်အုပ်စိုးဖို့လား သံသယဖြစ်မိပါတော့ တယ်။

အခုနောက်ဆုံး အစိုးရကနေကိုင်တွယ်ဖြေရှင်းနည်းတွေဟာ ရန်ကုန်နဲ့ လက်ပံတန်းက ကျောင်းသားတွေကိုသာမက ပြည်သူလူထုကိုပါ ခြိမ်းခြောက်ဖို့ရာ ဖန်တီးသလားလို့ မေးစရာရှိလာတယ်။ နိုင်ငံသားတွေက စစ်အစိုးရ အောက်ကတည်းက အဲလိုဒေါင့်ကနေ စဉ်းစားတဲ့အလေ့အထ ရနေကြလို့ပါ။ အထင်တွေကလည်း အများအားဖြင့်လည်း မှန်တယ်။ မယားနေစ ကြောင်သေမှဆိုတဲ့ စကားပုံကလည်း ရှိထားတာကိုး။ တကယ်တော့ ယူထားတာ လေးနှစ်ကျော်နေပါပြီ။ မယားကိုသာမက သားသမီးတွေကပါ ကြောက်နေစေချင်ပုံရတယ်။ ကြောက်တဲ့သူကတော့ နည်းနည်းလာနေပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထဲရေးဝန်ကြီးဌာနကို ပြည်သူကရွေးချယ်ပေးတဲ့အစိုးရ အောက်မှာမထားပါ။

ဒေါက်တာတင့်ဆွေ
၁၃-၃-၂ဝ၁၅
- DVB -

Pepper-spray ငရုတ်သီးသေနတ်

Asu Mi သြစတြေးလျမှာ မိန်းကလေးတွေ Pepper Spray ကိုင်ဆောင်လို့မရဘူးလို့ အသိတစ်ယောက်က ပြောပြတယ်ဆရာ။ အဲဒီ့အစား Hair Spray ဆောင်ထားလို့ပြောတာပဲ။ အမေရိကားမှာတော့ မိန်းကလေးတွေ Pepper Spray သုံးခွင့်ရှိမယ်ထင်တယ်။

သင်္ကြန်တွင်းမှာ ရေသေနတ်နဲ့အတူ ပစ်ပါသေနတ်ပါကို ဆောင်ထားသင့်ကြတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ရေးသုံး Pepper-spray ငရုတ်သီးသေနတ်မှာ Capsicum (ကက်ပစီယန်) ပါတယ်။ ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။

• Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
• Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင်နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
• Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။

ငရုတ်သီးသေနတ်နဲ့အပစ်ခံရရင်
• မျက်စိကို ရောင်ရမ်းဖြစ်စဉ် ချက်ချင်းဖြစ်လာစေမယ်။ မျက်စိကိုပိတ်လိုက်ရမယ်။
• အသက်ရှူရလဲ ခက်စေမယ်။ နှာရည်ယိုမယ်။ ချောင်းဆိုးမယ်။
• ဘယ်လောက်ခံသလဲဆို ဘယ်လောက် ပြင်းတာ သုံးသလဲအပေါ်မှာ မူတည်တယ်။
• ပျမ်းမျှ မိနစ် ၃ဝ ကနေ ၄၅ မိနစ်ကြာတယ်။
• တကြိမ်ထဲထိရင် မျက်စိကို နာတာရှည် ဆိုးကျိုးတွေ မရစေပါ။
• ၁၅-၃ဝ မိနစ်တော့ မျက်စိကြည့်မရဖြစ်လိမ့်မယ်။ အရေပြား ပူလောင်နေတာကတော့ ၄၅-၆ဝ မိနစ်ကြာမယ်။
• ၃-၁၅ မိနစ် စကားမပြောနိုင်ဖြစ်မယ်။

ဖြစ်ခံရတာကို ဘယ်လိုကုမလဲ
• (ကက်ပစီကန်) ဟာ ရေထဲမပျော်ဝင်ဘူး။ ရေးဆေးလို့ မထူးလှဘူး။ မျက်တောင်ကို ခပ်ကြမ်းကြမ်း ခဏခဏ မှိတ်-ဖွင့်လုပ်ပါ။ မျက်ရည်များများထွက်လာမှ သက်သာမယ်။
• Contact lens solution မျက်ကပ်မှန်ဆေးရည်ကလဲ သက်သာစေတယ်။
• အရေပြား ပူလောင်နေတာအတွက် ထုံဆေး 2% lidocaine gel သုံးနိုင်တယ်။ ကလေးခေါင်းလျှော်ရည်၊ နွားနို့နဲ့ ရေသုံးပြီး ဆေးကြောပါ။
• အရေပြား လောင်တဲ့နေရာကို မထိမကိုင်ပါနဲ့။
• Triple-action pepper sprays အမျိုးအားထဲမှာ Tear gas (CS gas) မျက်ရည်ယိုဓါတ်ပါတယ်။ Sodium metabisulfite (Campden tablets) နဲ့ ဓါတ်ပျယ်စေနိုင်တယ်။

Riot control လူစုလူဝေးနှိမ်နင်းရေးမှာလဲ သုံးတယ်။ ၁၃-၂-၂ဝ၁၄ နေ့က အိန္ဒိယ ပါလီမန်မှာ အမတ်တွေက ပြည်နယ်သစ်အရေးမှာ အချင်းချင်း အခြေတင်ဖြစ်ရာကနေ သုံးခဲ့ကြလို့ ‘လွှတ်တော်သုံးလက်နက်’ လို့ခေါ်နိုင်လာပါပြီ။

ဒေါက်တာတင့်ဆွေ
၉-၄-၂ဝ၁၄
၂၂-၂-၂ဝ၁၆

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...