Summer food နွေမှာ နွေစာတွေလာတော့မည်

ဒီစာရေးခဲ့ (၃) နှစ်ရှိပြီ။ ဒေလီမှာနေတုံးကရေးခဲ့တာပါ။

• ရှေ့အိမ်ကသရက်ပင်မှာ ဝေဆာနေအောင်ဖူးနေတာကို အိမ်ရှေ့ထွက်တိုင်း မြင်နေရလို့ သရက်ရွက်နု၊ သရက်ဖူး၊ သရက်ကင်း၊ သရက်သီးစိမ်းနဲ့ သရက်သီးမှည့်တွေ စဉ်တိုက်ဆက်တိုက်လာတော့မယ်ဆိုတာသိနေရပြီ။
• မြန်မာတွေက ထန်းတပင်လုံးအသုံးချနည်း၊ မန်ကျည်းတပင်လုံးအသုံးချနည်းဆိုတာတွေမှာ ထူးချွန်ကြတယ်။ ဒီမှာက မန်ကျည်းဆို မန်ကျည်းသီးမှည့် တမျိုးကလွဲရင် ဘာမှသုံးတာမရှိဘူး။
• ဒေလီမှာက သရက်ဆိုရင် သရက်သီးမှည့်နဲ့ သရက်သီးကုလားတည် နှစ်မျိုးတည်းသာစားတတ်ကြတယ်။ မြန်မာတွေလို သရက်သီးစိမ်းကို ဓါးနဲ့ပေါက်၊ ဓါးနဲ့ရစ်လှီးပြီး သရက်ချဉ်၊ သရက်သီးဆီစိမ်မျိုးကို မလုပ်တတ်ကြပါ။ မရမ်းသီးဆိုရင် အစိမ်းရောအမှည့်ပါ မရှိပါ။
• သူတို့က ညောင်ရွက်၊ တမာရွက်လဲမစားတတ်ကြပါ။ ကိုယ့်ထဲကိုယ့်ဟာ တယောက်ယောက်က ခူးဆွတ်ရောင်းပါမှ၊ ပေးပါမှစားရတယ်။ ခါတိုင်းခူးရောင်းနေကြတယောက်က အမေရိကားရောက်သွားလို့ သည်နှစ် တမာရွက်နဲ့ ညောင်ရွက် စားရမဲ့အလားအလာကို မှန်းမရသေးပါ။
• အဝေးနေရသူတွေကပြောတဲ့ လွမ်းစရာတမ်းစရာတွေကိုဖတ်ပြီး၊ အထဲနေရသူတွေက တပမ်းသာတယ်လို့ ကျေနပ်ကြစေချင်ပါတယ်။
• ဂျန့်ဖုဒ်တွေ၊ ဖတ်စ်ဖုဒ်တွေ၊ အစာတုတွေကို အဟုတ်မထင်ကြစေချင်ပါ။ မမြင်ရတာကြာပြီဖြစ်တဲ့ မုန့်ပျားသလက်နဲ့ ဖုန်းတချက်ခေါ်တာနဲ့ အရောက်လာပို့မဲ့ ပီဇာမလဲနိုင်ပါ။
• နွေမှာ ဘာဂါ မစားချင်ပါ၊ နွေစာသာစားချင်ပါသည်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၃
၁၆-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ