Mean world syndrome မီဒီယာရောဂါ မကုတတ်ပါ

ကျွန်တော့်ပို့စ်တခုဖြစ်တဲ့ ခြင်ဆေးဆရာဝန် ခြင်ကိုက်ခံရခြင်းထဲမှာ အရေးအသားက မီဒီယာအဆင့်ရှိတယ်။ ပြစ်ပြစ်နှစ်နှစ်ရှိတယ်။ ပက်ပက်စက်စက်နိုင်တယ်လို့ရေးခဲ့တာကို အခုစာရတော့ နည်းနည်းပြင်လိုက်ပါတယ်။

Phyu Nwe Nwe Htun ဆရာစာထဲမှာ အရေးအသားက မီဒီယာအဆင့်ရှိတယ်။ ပြစ်ပြစ်နှစ်နှစ်ရှိတယ်။ ပက်ပက်စက်စက် နိုင်တယ် ဆိုတာလေးတွေ့မိလို့ မီဒီယာသမားတစ်ယောက်ဖြစ်တဲ့ သမီးအနေနဲ့ ရှင်းပြချင်လာပါတယ်ရှင်။ သမီးတို့နိုင်ငံမှာ မီဒီယာသမားအတုက အစစ်ထက်များပါတယ်။ စုံစမ်းသိရသလောက်က ထောင်ထဲမှာ သတင်းစာပညာ သင်ယူခွင့် ရခဲ့တာတွေလည်း ရှိနေတာတွေ့ရပါတယ်။ သူတို့ဟာ အက်သစ်တွေကို အကုန်ချိုးဖောက်လေ့ရှိကြပြီး အများပြည်သူကို မီဒီယာသမား (သတင်းထောက်) တွေဆိုရင် အယုံအကြည်ကင်းမဲ့အောင်၊ ကြောက်အောင်၊ အထင်သေးလာအောင်၊ မကူညီပဲသံသယဝင်နေအောင်၊ အဓိကရည်ရွယ်ပြီး သတ်လျိုသွေးခွဲလာတာကိုလည်း တွေ့ရပါတယ်။ သတင်းသမား အချင်းချင်း ဝင်ငွေကွာဟချက်များလို့ ပညာအရည်အချင်းအနည်းအများဟာ သမီးတို့ သတင်းသမား (မီဒီယာ) တွေကို စိတ်ဝမ်းကွဲစေတဲ့ အဓိကအချက်တွေဖြစ်နေပါတယ်ဆရာ။ သမီးတို့ပြည်တွင်းမှာ အရည်အချင်းပြည့်မှီလာရင် အလုပ်ခန့်မယ့်တိုက်က လစာကောင်းကောင်းမပေး လိုအပ်တဲ့ပစည်းကိရိယာမပေးပါဘဲ ကိုယ့်မိဘဝယ်ပေးထားတဲ့ ဖုန်းလေးကိုသာ အသံဖမ်းစက်လုပ်ရ ကင်မရာလုပ်ရနဲ့ အင်မတန်မျက်နှာငယ်ရပါတယ်။ သူများတိုက်တွေကပေးထားတဲ့ ကင်မရာတွေ ရကော်ဒါတွေမရတဲ့သတင်းသမားတွေကို အချင်းချင်းကလည်း ဖေးမလေ့မရှိပါဘူး။ အခုလို မူမမှန်တဲ့စာတွေ ရေးပြီး ဆရာ့လိုဆရာကို စော်ကားလိုက်သလို သမီးတို့လို မီဒီယာသမားတွေကိုပါ ပုံဖျက်စော်ကားနေတာပါဘဲဆရာ။ ဇီကာဗိုင်းရပ်စ် မကူးပဲ ဦးနှောက်သေးသေးနဲ့ အယောင်ဆောင် မီဒီယာတွေက သမီးတို့နိုင်ငံရဲ့ အနာဂတ်မှာ အစွမ်းကုန် ခြယ်လှယ်ဖို့မျိုးစုံယုတ်မာနေတာပါဆိုတာကို ဆရာ့ကို သိစေချင်ပါတယ်ရှင်။ လေးစားစွာဖြင့် - ဖြူမာပိုင် (ရုပ်သံ သတင်းထောက် - Zoomin.TV Netherlands)

ဆောရီး။ အခုလို စနစ်တကျထောက်ပြတာအတွက် ကျေးဇူးတင်ပါတယ်။ စာကိုပြင်လိုက်ပါမယ်။ ဆရာလည်း မီဒီယာ နာမည်တပ်ထားသူတချို့နဲ့ မတည့်ပါ။ တချို့က ဆရာကြီးတွေ၊ သမ္ဘာရင့်တွေပါ။ လူရွယ်တွေအတွက် လမ်းလွဲသွားမှာ အတော်စိုးရိမ်တယ်။ ဘယ်ပညာမဆို ဦးနှောက်တခုတည်းနဲ့ (ပညာ၊ သမ္ဘာ၊ ဘွဲ့) လုပ်တာမျိုးကို  သဘောမတူပါ။ စိတ်ထားစေတနာ (နှလုံးသား) ပါသူဆိုရင် ပညာအရည်အချင်း မပြည့်စုံသေးလည်း အားပေးပါတယ်။

ကျွန်တော့် ကိုယ်ပိုင်စည်းကမ်းကတော့ မီဒီယာမှန်ရင် ရန်မဖြစ်နဲ့။ ကိုယ်ပဲခံရမယ်။ စာအုပ်ဖတ်ပြီး သိတာမဟုတ်ပါ။ ခံခဲ့ရတာတွေများလို့ပါ။ အမွှေးအတောင်မစုံပါစေ၊ (ပရီဒေတာ) ဖြစ်ဖြစ် ရန်သွားမဖြစ်နဲ့။

လွန်ခဲ့တဲ့ ၅ နှစ်မှာတော့ အဲလို ကိုယ့်စည်းကမ်းနဲ့သာနေခဲ့လို့ မခံရဘူးထင်ပါတယ်။ ဒါပေမယ့် မှိုခင်းထက်ကြီးမားတဲ့ မီဒီယာကိုတော့ အခင်းအစပ်လောက်သာ လက်လှမ်းမီပါတယ်။

အနှစ် ၂ဝ ကျော်အတွင်း ပြည်ပဒီဒီယာမှာ နှံ့နှံ့စပ်စပ်သာမကာ ပါးစပ်အဟခိုင်းစရာမလိုပဲ အူအခွေ ရေတွက်နိုင်ပါတယ်။ ဘယ်သူလို့ပြောတာနဲ့ တန်းသိပါတယ်။ သူများတိုင်းပြည်က မီဒီယာသမားတွေနဲ့လည်း သိခွင့်ရခဲ့ပါတယ်။ အိန္ဒိယမှာ မီဒီယာအကုန်နဲ့ အမြဲထိတွေ့ခဲ့ရတယ်။ သတင်းစာ၊ ပုံနှိပ်၊ အွန်လိုင်း။ တီဗွီဆိုရင် ပုဂ္ဂလိကသာမက (ရာဂျာဆာဘား) အထက်လွှတ်တော်နဲ့ပါ မိတ်ဆွေဖြစ်တယ်။ လန်ဒန်အခြေစိုက်၊ ဒိုဟာအခြေစိုက်၊ ဆစ်ဒနီအခြေစိုက် မီဒီယာတွေနဲ့လည်း အကြိမ်ပေါင်းမနည်းခဲ့ပါ။ သူတို့တတွေနဲ့တော့ အဆင်ပြေတယ်။ သူတို့က ဒီမိုကရေစီဖက်မှာနေကြလို့ပါ။ မြန်မာမီဒီယာထဲက တချို့တလေနဲ့တော့ အဆင်မပြေခဲ့ပါ။ သူတို့ဒီမိုကရေစီနဲ့ ကျွန်တော့်ဒီမိုကရေစီ မတူကြလို့ပါ။ မတူတာ ပြောတာပါ ကျွန်တော့်ဟာက ပိုကောင်းတယ်လို့မပြောပါ။

နိုင်ငံရေးထဲမှာ တချိန်ကတကယ်လုပ်ခဲ့သူတွေတချို့ဟာ တချိန်မှာ ခြံခုန်သွားကြတယ်။ ကိုင်းကူးသွားကြတယ်။ မီဒီယာသမားချည်းသာ ပြောတာမဟုတ်ပါ။ နိုင်ငံရေးထဲဆက်လုပ်နေသူတွေနဲ့ ပညာရှင်ဆိုသူတွေလည်း အတူတူပါပဲ။ အတတ်ပညာမှာတော့ ပြောစရာမရှိပါ။ အတည့်မသုံးကြတာ နှမြောစရာကောင်းလှတယ်။

Mean world syndrome ဆိုတာရှိတယ်။ သုတေသီ George Gerbner (ဂျော့ ဂါဘနာ) ရဲ့အသုံးပါ။ အများကြည့်တဲ့ မီဒီယာမှာ အကြမ်းဖက်မှုတွေလွှမ်းမိုးနေလို့ ကြည့်ရသူတွေကနေ ကမ္ဘာကြီးဟာ တကယ့်ကိုကြောက်စရာကောင်းတယ်လို့ အမှန်ထက်ကဲလွန်ပြီး ထင်မြင်စေတယ်လို့ ထောက်ပြတာပါ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ