Medical Writings ဆေးပညာစာ

• ဆေးပညာစာ ရေးရတာ၊ ကောင်းတယ်ဆိုတာမပါ၊
• ရောဂါ၊ ဝေဒနာ၊ ကင်ဆာ၊ သွေးရောဂါ၊ ကလေးရောဂါ၊ မွေးရာပါ၊
• ရေးတဲ့ခါ လျှော့မရ၊ ပေါ့မရ၊ ငေါ့မရ၊ တခါတလေတော့ ပြန်ချော့ရ။

• စာထဲမှာ ရသပါမရ၊ ကဗျာဆန်မရ၊
• ဖတ်ကြသူတွေ ပျင်းကြ၊ ဟင်းချ၊
• အတွင်းကျကျရေးရ၊ ဖတ်တဲ့သူတွေကို အားနာရ၊ တခါတလေတော့ တောင်းပန်ရ။

• ၉၆ ပါးဝေဒနာ မေးကြတာမှာ
• လှချင်သူ၊ ဝချင်သူ၊ ရချင်သူ၊ မရချင်သူ၊ ရာတာနဲ့ အားမရသူ၊
• တားချင်သူ၊ များချင်သူ၊ သူများမသိစေချင်သူ၊ ကိုယ့်ကိုယ်ကို မသိသူ။

• ပျောက်ချင်သူ၊ ဖေါက်ချင်သူ၊
• စိတ်နောက်လိုက်ချင်သူ၊ စိတ်အောက်ကျနေသူ၊ ကြောက်နေရသူ၊ ကြောက်ရကောင်းမှန်းမသိသူ၊
• လေထနေသူ၊ လေဖြတ်နေသူ၊ လေငတ်နေသူ၊ အနေမတတ်သူ၊ အသေမှတ်သူ၊ ငွေမတတ်နိုင်သူ။

• ထူးချင်သူ၊ မြူးချင်သူ၊ မူးချင်သူ၊ တကယ့်အမူးရောဂါရှိသူ၊ ဆုတ်စူး စားရူးဖြစ်နေကြသူ၊
• ထိန်နေလို့မေးသူ၊ ငြိမ်နေလို့မေးသူ၊ လိင်မပြောသူ၊ လိမ်ပြောသူ၊ ကျိန်ပြောသူ၊
• အိမ်မှာမနေရသူ၊ အိမ်ကလူအတွက် ပူနေကြရသူ။

• မယူလဲ အတူနေကြသူ၊ ပြီးမှနောင်တရသူ၊
• ယူမဖြစ်သေးလို့ ကယ်ပါအုံးဆိုသူ၊ ယူကြုံးမရဖြစ်ရသူ၊ လူလုံးမလှဖြစ်ကြသူ၊
• အိပ်မရသူ၊ ဝိတ်ချချင်သူ၊ စိတ်လှတဲ့သူ၊ ကျိတ်ငိုနေရတဲ့သူ၊
• အတိတ်ကိုမေ့နေသူ၊ အတိတ်တစ္ဆခြောက်ခံနေရသူ။

• ရှည်ချင်သူ၊ အရှည်မမြင်သူ၊
• ပွေချင်သူ၊ အနေမဆင်ခြင်သူ၊ မြွေမမြင်သူ၊
• ဖျက်ချချင်သူ၊ အသက်ရပေမဲ့ ဆက်လှချင်သူ၊
• လှတာမက်လို့ ညစာခက်နေသူ။

• ကုမရတဲ့ရောဂါရှိသူ၊ ကုမနေချင်တော့သူ၊
• ဘယ်သူ့ဆီက ရလာမှန်းမသိသူ၊ ကြက်ကန်း ဆန်အိုးတိုးသူ၊
• အရေးပေါ်အမျိုးအစား ပဲလှော်လိုသဘောထားသူ၊
• အမြဲစားရမဲ့ဆေး အထင်သေးသူ၊ လမ်းဘေးဆေးနဲ့ ဘေးတွေ့သူ။

• အသက်တည့်မရေးသူ၊ အချက်ကျကျရေးတတ်သူ၊
• ရေးထားတာ နားမလည်ဘူးဆိုသူ၊ ရေးထားမဖတ်သေးဘဲ ထပ်မေးသူ၊
• အရပ်ထဲပြောသလိုမေးသူ၊ ချတ်ထဲပြောသလိုရေးသူ။

• တောရွာမှာ သားဖွါးဆရာမအားကိုးနဲ့ လူဦးရေတိုးပွါးရသူ၊
• ကိုယ့်နိုင်ငံမှာ ဘယ်ဆရာအားကိုးရမှန်းမသိသူ၊
• ဆရာဝန် မချေမငံမို့ နောက်တဖန်ပြန်မသွားချင်တော့သူ၊
• နိုင်ငံခြားမှာ စကားမပေါက်လို့ ဒုက္ခရောက်နေရသူ။

• ကျန်းမာရေးလိုက်စားသူ၊ အပျော်အပါးလိုက်စားသူ၊
• အသိကိုတန်ဘိုးထားသူ၊ အသိကိုမျှဝေပေးချင်သူ၊
• ဝေးနေနီးနေ ဘယ်မှာနေနေ မြန်မာနိုင်ငံသားတွေ၊ ကျန်းမာချမ်းသာကြပါစေ။ ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး