Excitement at new cancer treatment

စိတ်လှုပ်ရှားစရာ ကင်ဆာကုသနည်းသတင်း

လွန်ခဲ့တဲ့ (၄) နာရီကတက်လာတဲ့သတင်းပါ။ ကင်ဆာနောက်ဆုံးအဆင့်ရောက်နေသူလူနာ ၉ဝ% မှာ ဆေးကုသနည်းသစ်ကြောင့် ကင်ဆာနောက်ဆုတ်သွားတာကို တွေ့လာရပါတယ်။ လူနာတွေမှာ ခုခံအားစနစ် ပြန်ရလာကြတယ်။

လူကီးမီးယားခေါ် သွေးကင်ဆာလူနာဆီကနေ သွေးဖြူဥကိုထုတ်ယူ၊ ဓါတ်ခွဲခန်းထဲမှာ ပြုပြင်ပြီး လူနာသွေးထဲကို ပြန်ထိုးပေးပါတယ်။ ဒေတာကိုလည်း ထုတ်ပြန်တာမလုပ်သေးပါ။ လူနာ ၂ ယောက်မှာ ခုခံမှုလွန်ကဲရာကနေ သေဆုံးသွားပုံရပါတယ်။ ဒီတွေ့ရှိချက်က အင်မတန်စိတ်လှုပ်ရှားဘို့ကောင်းပေမယ့် လက်တွေ့သုံးဘို့တော့ စောလွန်းပါသေးတယ်။

American Association for the Advancement of Science အဖွဲ့ရဲ့ နှစ်ပါတ်လည်အစည်းအဝေးမှာ တင်ပြတာ ဖြစ်ပါတယ်။ သွေးဖြူဥ T-cell တွေကိုထုတ်ယူ အေးခဲစေပြီးစမ်းတာပါ။ ပုံမှန်ဆိုရင်တော့ အင်ဖက်ရှင်ဝင်လာရင် သူတို့ကနေ ပိုးတွေကို တိုက်ထုတ်ကြတာပါ။ တခြားလေ့လာသူတွေက Checkpoint inhibitors ခေါ်တဲ့ pembrolizumab နဲ့ ipilimumab ဆေးတွေကနေ ကင်ဆာကို တိုက်ထုတ်ဘို့ ခုခံအားကို သက်ရောက်စေတယ်လို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၂-၂ဝ၁၆
http://www.bbc.com/news/health-35586834

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး