Baschi ပိန်ဆေး အကြောင်းသိကောင်းစရာများ

ယခုတလော ၄င်းပိန်ဆေးနဲ့ပတ်သက်ပြီးလာမေးကြတာများလို့ တင်ပေးလိုက်ပါတယ်။ သူ့ မှာ သဘာဝပစ္စည်းများသာ ပါဝင်ပါတယ်။ အဆီကို စုပ်ယူပေးပြီး စွန့်ပေးတဲ့စနစ်နဲ့ ဝိတ်လျော့စေပါတယ်။ ထိုင်းနိုင်ငံမှထုတ်တာဖြစ်ပြီး ပန်းရောင်နဲ့ အပြာဆိုပြီးရှိပါတယ်။ အပြာရောင်က ပိုပြီးထိရောက်စေပါတယ်။

မသုံးခင်သိထားသင့်သည့်အချက်များကတော့ -
၁။ ဆီးချို သွေးချိုနဲ့ နှလုံးရောဂါ ရှိသူများ မသောက်ရ
၂။ ကိုယ်ဝန်သည်နှင့် နို့ တိုက်မိခင်များ မသောက်ရ။
၃။ အသည်း ကျောက်ကပ်နှင့် အဆုတ်ရောဂါ ရှိသူများ အားနည်းသူများ မသောက်ရ။
၎။ အစာအိမ်ရောဂါနှင့် အခြားရောဂါရှိသူများ ဆေးစွဲသောက်နေရသူများ မသောက်ရ။
၅။ အရက်နှင့်တွဲမသောက်ရ။
၆။ အသက် ၁၈ အောက်နှင့် အသက် ၅ဝ ကျော်များမသုံးရ။

ဆေးနဲ့မတည့်ပါက နှလုံးတုန်ခြင်း၊ မူးဝေအော့အန်ခြင်း၊ သွေးဖိအား BP ကျခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်လုံးများပြာခြင်း၊ ရီဝေခြင်း၊ ချွေးစီးထွက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသက်ရှုမဝခြင်း၊ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း သတိလစ်ခြင်း၊ ရေဓာတ်ကုန်ခမ်းခြင်း၊ ဝမ်းချုပ်ခြင်း၊ သို့မဟုတ် ဝမ်းသွားခြင်းများ ဖြစ်တတ်ပါတယ်။ အထက်ပါ ရောဂါလက္ခဏာ တစ်ခုခုခံစားရလျှင် နီးစပ်ရာဆေးခန်းသို့အမြန်သွားသင့်ပါတယ်။
မသောက်ခင် မိသားစုဆရာဝန်နှင့်တိုင်ပင်ပြီး သောက်နိုင်ပါတယ်။

(ဒေါက်တာမာရီး သိလိုရာမေး online ဆေးခန်း)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ