Makeshift Fence ရွာစည်းရိုး

• ဇာတိရွာမှာနေရတုံးကအမြင်ဟာ ရွာခြံစည်းရိုးပြင်ဖက် တိုးမထွက်နိုင်ပါ။
• မြို့ကိုရောက်တော့ မြို့ပတ်လမ်းတလျှောက် ပေါက်မြောက်တယ်။
• မြို့ကြီးသွားပြီးစာသင်ရတော့ နန်းမြို့ဟောင်းအထိ မြင်ကြည့်လာနိုင်တယ်။
• ဟိုနယ်သည်နယ် ပြောင်းရွှေ့ရတော့ အမြင်အတွေ့တွေက ရွေ့ရွေ့လာတယ်။
• သူများတိုင်းပြည်ကို ထွက်ပြေးရတော့ မြင်စရာမကပါ တွေးစရာပါရလာတယ်။
• ဟိုဟိုသည်သည် သူများတိုင်းပြည်တွေပါရောက်တော့ ကမ္ဘာ့မြေပုံလောက်ထိသိလာတယ်။
• အာကာသထဲထိတော့ သွားနိုင်ဘို့မရှိ။
• ခုထိ ဉာဏ်အသိက ရွာခြံစည်းရိုးထဲမှာသာရှိသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၆
ပုံ = ဇာတိ၊ ပုလဲမြို့နယ် မင်းရွာ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး