Originality ကဗျာ၊ သီချင်း၊ စာသား

ဒီရာသီမှာ ရဲနီအောင်ပွင့်တဲ့ လက်ပံပင်ပုံတွေကြည့်ဖြစ်တယ်။ ခေါင်းစီးစာသားတွေကိုလည်း ဖတ်ပါတယ်။ မှားနေတာတွေ တွေ့တယ်။ တယောက်က (ရွာလေးမို့ မမေ့ပါတယ်၊ လက်ပံပွင့်ကောက် အရောက်လာမယ်) တဲ့

အဆိုတော် မာမာအေး၊ အေးအေးသွယ်၊ မိမိလေးတို့က သီဆိုထားကြတဲ့သီချင်းပါ။ စာသားအမှန်က -

သီချင်းသံပြိုင်သီကာရယ်၊ သီချင်းသံပြိုင်သီကာရယ်၊ လက်ပံပွင့်ကောက် အရောက်လာမယ်၊
ရွာဓလေ့မို့ မွေ့ပျော်ဖွယ်၊ ရွာဓလေ့မို့ မွေ့ပျော်ဖွယ်၊
သူဦး ကိုယ်ဦး မြူးထူးလုယက်၊ ပျော်ကွက်ကိုရှာ နှစ်သိမ့်ကာနေမယ်။

မူရင်းစာသား၊ မူလသတ်ပုံ၊ နဂိုတန်ဘိုး၊ အရင်းဆိုလိုချက်တွေကို မပျက်စေချင်တဲ့ စိုးရိမ်မှုက အမြဲရှိနေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး