Urine output at different ages ကလေးတွေ ဆီးဘယ်လောက်သွားသလဲ

ဆရာရေ တပတ်သားကလေး ဆီး တရက်ကို ဘယ်နှစ်ကြိမ်သွားသင့်လဲဆရာ။ ကျွန်မကလေးက ဆီး ခဏခဏ မသွားဘူးဆရာ။ ၃-၄ နာရီမှ တခါလောက်ဆီးသွားတယ်ဆရာ။ မိခင်နို့၊ ရေ၊ နို့မှုန့် တိုက်ဖြစ်တယ်ဆရာ။ ဆီးသွားတာလည်းနည်းတယ်။ ဝမ်းလည်းမသွားတာကြာပြီမို့ စိတ်ပူနေရတာဆရာ။

ကလေးအသက်နဲ့ တနေ့ဆီးသွားသင့်တဲ့ပမာဏ
ဝ-၄၈ နာရီ = 15 to 60 ml
၃-၁ဝ ရက် = 100 to 300 ml
၁ဝ-၆ဝ ရက် = 250 to 450 ml
၂-၁၂ လ = 400 to 500 ml
၁-၃ နှစ် = 500 to 600 ml
၃-၅ နှစ် = 600 to 700 ml
၅-၈ နှစ် = 650 to 1000 ml
၈-၁၄ နှစ် = 800 to 1400 ml

ရာသီဥတုနဲ့ အခန်းတွင်းအပူချိန်အပေါ်လည်း မူတည်တယ်။ ခုခေတ်မှာ ကလေးအထူးကုဆရာဝန်တွေက ကလေ ၆ လအထိရေအတိုက်မခိုင်းဘူး။ အဲတာက ကလေးမှာ မိခင်နို့လုံလောက်ရင် ရေထပ်မလိုဘူးလို့ဆိုလိုတာဖြစ်တယ်။ ကလေးမှာ အသားဝါနေရင်၊ ဆီးနည်းနေရင်၊ ဝမ်းချုပ်နေရင်၊ ဝမ်းလျှောနေရင် ရေလိုပါမယ်။ ကျွန်တော်က ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး