Whom to blame ထမင်းရေပူ

မြန်မာစာ၊ အင်္ဂလိပ်စာမှာ အလွဲအမှားလေးတွေကိုရေးတော့ ဖတ်တဲ့သူက အတော်ကိုများပြီး ကွန်မင့်တွေကလည်း များတာမို့ လိုက်ခ်ပြန်လုပ်ရတာ အတော်ပဲအချိန်ယူပါတယ်။ တချို့ကိုတော့ လိုက်ခ်ပြန်မလုပ်ပါ။ နှစ်ယောက်ကိုတော့ ဆဲတဲ့အသုံးပါလို့ ဘလော့ခ်လုပ်ရတယ်။ တမြန်နေ့ကပဲ ဆဲရေးတဲ့သူ မရှိသလောက်နည်းသွားပြီလို့ ဝမ်းသာအားရ ရေးမိသေးတယ်။

ပါမောက္ခတွေကို အပြစ်မတင်ပါနဲ့၊ စစ်တပ်အသိုင်းအဝိုင်းလို့ မထင်ပါနဲ့လည်း ရေးတယ်။ လူတိုင်းမှားတတ်ကြလို့ ခွင့်လွှတ်ပေးဘို့လည်း ရေးတယ်။ အဲဒီစာရေးတာ တနှစ်တိတိရှိပါပြီ။ ပြန်တင်မှသိတဲ့သူတွေများတယ်။ ထောက်ပြတာလေးချည်းသာ မှားနေလွဲနေတာတော့ မဟုတ်ပါ။ ပညာရေးဌာနချည်းလည်း မဟုတ်ပါ။

အခုအစိုးရကိုရေးသလို နောက်အစိုးရကိုလည်းရေးရဲလားတဲ့။ ကျွန်တော်ကတော့ NLD ကိုလည်း အခုကတည်းက ရေးပါတယ်။ တချို့အကြောင်းအရာတွေကို ပါတီတွင်းမှာ အသိပေးတယ်။ ရေဒီယိုကနေလည်း ပြောသင့်ရင် NLD ကိုပါ ပြောပါတယ်။ အစွဲဆိုတာတော့ရှိပါတယ်။ မှန်စေချင်တဲ့အစွဲပါ။

အမှားဆိုတာလူတိုင်းမှာ စကားပုံက မြန်မာပြည်မှာသာ ရှိတာမဟုတ်ပါ။ ပြင်ဘို့သင်မပေးရင် ဆက်မှားတယ်။ အမြဲတန်း သင်ပေးနေကြရ၊ သင်ယူနေကြရပါတယ်။ သားသမီးမကောင်းဘယ်သူ၊ တပည့်မကောင်းဘယ်ဝါဆိုတာ လူတိုင်း သိပါတယ်။ အဲတာက တာဝန်ရှိတာကိုပြောတာ။ ထောက်ပြစရာတွေရှိရင် (ခေါင်း) လိုက်ရှာကြတာဟာ ဒီထုံးနှလုံးမူတာ ဖြစ်တယ်။

ပညာရေးမှာ စာမေးပွဲမေးခွန်းဆိုတာ အလွန်သိသာထင်ရှားတဲ့နမူနာဖြစ်လို့ထောက်ပြတာဟာ တရားနည်းလမ်းကျတယ်။ ဘယ်သူ့မှာ တာဝန်ရှိသလည်းလို့ ကျွန်တော်တော့ မသိလို့မပြောပါ။ ထမင်းရေပူလျှာလွှဲနေလည်း အမှားနည်းစေမှာ မဟုတ်ပါ။

ကျန်းမာရေးမေးတဲ့သူတွေကနေ ဘာလို့ဖြစ်တာလည်းနဲ့ စိုးရိမ်ရလားလို့ချည်းမေးရင် ကျွန်တော်က မဖြေချင်ပါ။ ဘယ်လို ပျောက်အောင်လုပ်ရမလည်းကိုသာ ဖြေချင်တယ်။ ဘယ်လိုကာကွယ်ရမလည်းကို မမေးပဲဖြေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၆
Photo from Umyintthan Tun

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ