Peasants Day တောင်သူလယ်သမားနေ့

Win Zaw Linn သြော့့် မဟာအလွဲကြီးတခုကို အမှတ်မှားမိလေခြင်း။ ဇန်နဝါရီလ (၁) ရက်နေ့ဟာ တောင်သူလယ်သမားနေ့။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ဝယ်ပြီး ဇန္နဝါရီလကိုကြည့်တိုင်း နှစ်ဆန်း (၁) ရက်နေ့ကို သတိမထားပဲမနေမိပါ။ တောင်သူလယ်သမားနေ့ဖြစ်လို့ပါ။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရကတည်းက နှစ်စဉ် ဇန္နဝါရီလ (၁) ရက်နေ့ကိုသာ တောင်သူလယ်သမားနေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာသိမ်းလိုက်တယ်။

၂-၃-၁၉၆၃ ကနေ ၆-၃-၁၉၆၃ နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာမှာကျင်းပတဲ့ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲဆုံးဖြတ်ချက်လုပ်ပြီး စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ရက်ကိုသာ တောင်သူလယ်သမားနေ့လို့ ပြင်ပြီး သတ်မှတ်လာခဲ့တာ ကနေ့အထိဖြစ်ပါတယ်။

International Day of Peasants' Struggle နိုင်ငံတကာတောင်သူလယ်သမားများ ကြိုးပမ်းမှုနေ့ကို ဧပြီလ (၁၇) ရက်မှာ တချို့တိုင်းပြည် (တန်ဇန်နီးယား၊ မက်ဆီကို) တွေမှာ ကျင်းပကြတယ်။ လန်ဒန်မှာလည်းလုပ်တယ်။ တိုက်ဆိုင်နေတာက မြန်မာပြည်မှာ နှစ်ဆန်း (၁) ရက်နေ့ဖြစ်တယ်။

အဲဒီလို ၂-၃-၁၉၆၂ ကနေစလိုက်တဲ့ တိုင်းပြည်အာဏာကို တပ်မတော်ကဦးစီးရမယ်ဆိုတဲ့အစဉ်အလာဟာ ၂ဝဝ၈ ဖွဲစည်းပုံထဲမှာ အသေအချာထည့်ထားတယ်။

မြန်မာပြည်က တောင်သူလယ်သမားတွေ ၂ဝ၁၆ နှစ်သစ်ကစပြီး စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ပြီးသကာလ ဥစ္စာဓန ကုံလုံကြွယ်ဝကြပါစေ။

ဒေါက်တာတင့်ဆွေ
Photo by Sein Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး