Paper elephant စက္ကူဆင်ဖြူတော်

ဟိုဘုရင်တွေလက်ထက်ကတန်ဘိုးထားခဲ့တဲ့ ဆင်ဖြူတော်ကို(နဝတ)စစ်အစိုးရခေတ်မှာတန်ဘိုးဖျက်တယ်။ အဲတာကိုအမြင်ကပ်လို့ Chikungunya ကို ဆင်ဖြူတော်တုပ်ကွေးဆိုပြီးဆေးစာတပုဒ်ရေးထားလိုက်တယ်။

Paper tiger စက္ကူကျားဆိုတာဟာစစ်အေးခေတ်မှာအနောက်အုပ်စုကနေတရုပ်ခေါင်းဆောင် မော်စီတုန်းကိုထိုးနှက်ရာမှာ သုံးခဲ့တဲ့စကားလုံး ဖြစ်တယ်။

ဒီအစိုးရလက်ထက်မှာ White Elephant Paper (Kyat note) မြန်မာဆင်ဖြူတော်ငွေစက္ကူက ပြောစမှတ်ရှိလာပြန်ပြီ။ ဆင်ဖြူတော်ပုံပါတဲ့ ၅ဝဝဝ တန် ငွေစက္ကူကို တရုပ်ကနေအတုတွေလုပ်တဲ့သတင်း ၂ဝ၁၄ ခုနှစ် ဧပြီလလောက်တုံးက ထွက်နေတယ်။

ဆင်ကြံကြံသူတွေခေတ် မြန်မြန်ကုန်ပါစေသတည်း။

Chikungunya ဆင်ဖြူတော် တုပ်ကွေးhttp://dts-medicaleducation.blogspot.com/2010/10/chikungunya.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး