The Union ပြည်ထောင်စုဆိုတာ

• မြန်မာနိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်။ ဒေသတခုနဲ့တခု မတူပါ။ နေရာတခုကကြိုက်တာကို နေရာတိုင်းမှာ အကုန်လိုက်လုပ်လို့ မရပါ။
• တရားသဖြင့်နိုင်ငံရေးအာဏာရတဲ့အများစုကလွှမ်းမိုးမှုရခြင်းဟာ ပြည်ထောင်စုသဘောမှာ အားနည်းချက်ဖြစ်သလို အားသာချက်လည်းဖြစ်တယ်။ အများစုကိုထင်ဟပ်စေတာလုပ်တိုင်းလည်း လူမျိုးကြီးဝါဒလို့ တံဆပ်ကပ်မရပါ။ ဥပမာ ဗမာစကားပြောဆိုရေးသားတာ၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ သင်္ကြန်ရက်တွေကို နေ့အားရက်လုပ်တာ။
• အဲလိုပါတီမျိုးကို နေရာတကာပြစ်တင်ဝေဖန်ပြီး ကိုယ့်လောဘ (ထောက်ခံမှုရရေး) ကိုရယူလိုခြင်းဟာ အမြင်ကျဉ်းမြောင်းလွန်းတဲ့ စည်းရုံးရေးသာဖြစ်ပြီး ပြည်ထောင်စုမူကို ခြိမ်းခြောက်ရာရောက်တယ်။
• ကိုယ့်နိုင်ငံတခုတည်းသာ ကွက်လုပ်တာလဲ နိုင်ငံတကာဆက်ဆံရေးမှာ လုပ်မဖြစ်သလို၊ ကိုယ့်လိုဘ တခုတည်းအတွက်သာ ကွက်ကြည့်ခြင်းဟာ ပြည်ထောင်စုတခုလုံးနဲ့ဆိုင်တဲ့နိုင်ငံရေး မဟုတ်ပါ။
• ပြည်ထောင်စုတခုလုံးမှာ ကိုယ်စားပြုမဲ့နိုင်ငံရေးပါတီတိုင်းဟာ ပြည်ထောင်စုအမြင်ရှိဘို့ လိုတယ်။ ပြည်ထောင်စုလို့ နာမည်၊ ခေါင်းစီးတပ်ထားတိုင်း ပြည်ထောင်စုအနှစ်အရသာကို ပေးစွမ်းနိုင်တာမဟုတ်ပါ။
• တရားဝင်နယ်နိမိတ်အတွင်းက တရားဝင်နေထိုင်ကြတဲ့လူမျိုးတွေရဲ့ တရားတဲ့အလိုဆန္ဒတွေအားလုံးကို ခြုံကြည့်နိုင်စွမ်းတဲ့ နိုင်ငံရေးသည်သာ တရားနည်းလမ်းကျပါတယ်။ အဲလိုအမြင်ရှိတဲ့နိုင်ငံရေးပါတီကဦးဆောင်ခြင်းဟာ သူ့ထက်သင့်မြတ်တာမရှိလို့ ကြည့်ကြည်ဖြူဖြူလက်ခံအားပေးရပါမယ်။

ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၄
၁၁-၂-၂ဝ၁၆
ပုံ = နယူးဒေလီမှာနေခဲ့စဉ်က ရိုက်နှိပ်ဖြန့်ချိခဲ့တဲ့ ၁၂-၂-၂ဝဝဝ နေ့ထုတ် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ရေးသားသော ပြည်ထောင်စုနေ့အကြောင်းစာအုပ်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး