Red cotton flower on the snow လက်ပံနဲ့ နှင်း

(မနှစ်ကစာ)
• အဲသည်နှစ်နွေမှာ ငါရွာတကာရောက်ရှိ၊
• အဲသည်နှစ်မေမှာ ငါအဖြေရရှိ၊
• ရွေးကောက်ပွဲမှာ ငါနိုင်၏။
• အဲသည်နှစ်ဆောင်းမှာ ငါ့ကိုလာဖမ်းကြတော့၏၊
• အဲသည်နှစ်ဆောင်းမှာ ငါပုန်းအောင်းခဲ့ရ၏၊
• အဲသည်နှစ်ဆောင်းည ငါထွက်ပြေးရတော့၏။
• အဲသည်နှစ်ဒီဇင်္ဘာ ငါအိမ်မှာမရှိ၊
• အဲသည်နှစ်ဒီဇင်္ဘာကတည်းက ငါ့အိမ်ကိုပြန်မကြည့်၊
• အဲသည်နှစ်ဒီဇင်္ဘာကစပြီး အိမ်ပြန်မရောက်နိုင်တော့မှန်းငါမသိ၊
• နှင်းပြင်ပေါ်မှာ လက်ပံတွေကြွေကျနိုင်တဲ့ကမ္ဘာ ငါရောက်ချင်ပါဘိ။
• ၂ဝ၁၆ နှစ်ဦးအထိ လက်ပံတွေဟာ ခရောင်းတောမှာသာ ကြွေကျနေဆဲဖြစ်၏။

ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၅
၂၁-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး