California nuns fight ban on marijuana businesses ဆေးခြောက်နှင့် သီလရင်
အခုလေးတင် ဖေ့စ်ဘွတ်ဖရင်း ရင်းလည်းရင်းနှီးတဲ့အမျိုးသမီးတယောက်က သူ့ပုံသူကို ခရစ်ယန်သီလရှင်လို ဝတ်စားပြီး ပုံတင်တယ်။ သူ့ပုံမမြင်ရခင်လေးတင် တီဗွီမှာ သတင်းတပုဒ်လာပါတယ်။ (အယ်လ်အေ) ခေါ် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ တားမြစ်ထားတဲ့ ဆေးခြာက်ပင်စိုက်ပျိုးရေးကို ခရစ်ယန်သီလရှင်တွေက အံတုနေကြပါသတဲ့။
Sisters of the Valley တောင်ကြားလွင်ပြင်ကညီအမတွေလို့ တင်စားခေါ်ပါတယ်။ Merced (မားဖိဒ်) မြို့မှာ စစ်စတာ ကေသီနဲ့ စစ်စတာ ဒါစီတို့ကနေ ဆေးခြောက်စိုက်ပျိုးကြပါတယ်။ စစ်စတာဆိုပေမယ့် သူတို့ဟာ အစဉ်အလာ ဘာသာရေး အဖွဲ့နဲ့တော့ ဆက်စပ်မှုမရှိဘူးဆိုပါတယ်။
Marijuana ကိုရော Cannabis ကိုပါ ဆေးခြောက်ခေါ်တယ်။ THC (Tetrahydrocannabinol) ဒြပ်ပေါင်းပါတယ်။ Psychoactive စိတ်ကို ပြောင်းလဲစေနိုင်စွမ်းရှိတယ်။
မြို့တော်ကောင်စီကတော အဲလိုမူးယစ်ဆေးပင်တွေကိုတာမြစ်ဘို့စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာမှာ ပြည်နယ် အုပ်ချုပ်ရေးမှူ ဂါဗာနာ ဂျယ်ရီ ဘရောင်းက ဥပဒေတရပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။ သူ့ပြည်နယ်ထဲမှာ ဆေးခြောက် စိုက်ပျိုးသူတွေကို လိုင်စင်ချပေးပါမယ်။
စစ်စတာတွေကတော့ ABC-7 Chicago တီဗွီမှာ အဲတာ ဝိဉာဉ်တော်အလိုအရလို့ ဆိုပါတယ်။ ဘုရားသခင်အလိုအရကို မဆန့်ကျင်သင့်ဘူးလို့လည်းဆိုကြပါတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၆

Comments
Post a Comment