The story of a father ကလေးတယောက်တိုးပြီ
၁။ ဆရာရှင့် ကျွန်မ ညအိမ်တဲ့အခါ ခေါင်းကချွေးထွက်ပါတယ်။ နောက်တခုက နဲနဲလှုပ်ရှားမှု့များတာနဲ့ နုံးချိနေတတ်တယ်။ လက်တွေတောင်မမြှောက်ချင်ပါဘူး။ ပင်ပမ်းနေသလိုခံစားရပါတယ်။ အရင်တုန်းက ဆရာဝန်နဲ့ ဆေးစစ်ဖူးပါတယ်။ သွေးပေါင်ကျတယ်ပြောတယ်။ သွေးအားတိုးဆေးပဲအမြဲပေးပါတယ်။ ဒါကလည်း ဆေးသောက်တုန်း ခဏပါပဲဆရာ။ ပြီးရင်ပြန်ဖြစ်တာပါပဲ။ ဆေးစစ်တာလည်း ၃ ခါရှိပါပြီ။ ခေါင်းချွေးထွက်ပြီး အမြဲနုံးချိနေတာ ဘာဖြစ်နိုင်ပါလည်းဆရာ။ ရိုသေစွာဖြင့်။
အသက် မသိပါ။ ကျန်တာတွေလည်း မသိပါ။ မေးနည်းစည်းကမ်းအရ မမေးလိုသူများ ဘလော့မှာဖတ်လိုက ဖတ်နိုင်ကြပါတယ်။
၂။ ဆရာရှင့် သမီးမျက်နှာမှာ နှုတ်ခမ်းမွှေးတွေ ပေါက်နေလို့ပါ။ အရင်တုန်းက သိပ်မထင်ရှားပေမယ့် အခုကျတော့ တဖြည်းဖြည်းနဲ့ မဲပြီးထင်ရှားလာလို့ပါ။ ဘာကြောင့်ဖြစ်ရတာလဲ။ ကုသလို့ကော ရလားလို့သိချင်လို့ပါ။ အသက်က ၃ဝ ပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။
အသက်သာသိရပါတယ်။ အဲတာလည်း နောက်ဆုံးမှရေးလို့ ထပ်ဖတ်ရတယ်။ ကျန်တောတွေကို မသိပါ။ မေးနည်းစည်းကမ်းအရ မမေးလိုသူများ ဘလော့မှာဖတ်လိုက ဖတ်နိုင်ကြပါတယ်။
အဲလို မေးနည်းအဆီအငေါ်မတည့်တာ ၄-၅-၆ ခုလာအပြီးမှာ ဝမ်းမြောက်စရာလာလို့ စိတ်ချမ်းသာရာရပါတယ်။
ဆရာ မင်္ဂလာပါခဗျာ။ ကျွန်တော်ကတော့ ဆရာကို ဟိုတခါက ဝှေးစေ့တစ်လုံးနဲ့ ကလေးရနိုင်လားလို့မေးတဲ့တယောက်ပါ။ အဲဒီတုန်းက ကျွန်တော့့် နိုင်ငံမှာပါ။ ဆရာ့ရဲ့အားပေးမှုကြောင့် ကျွန်တော် မြန်မာပြည်ပြန်ပြီး ကလေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခုတော့ဆရာပြောသလို ကလေးလည်းတကယ်ရခဲ့ပါပြီ။ အဲဒါကြောင့် ဆရာ့ကို ကျေးဇူး အထူးတင်တဲ့အကြောင်း စာပြန်ပို့ရတာပါ။ ဆရာသာ ရှင်းမပြခဲ့ဘူးဆိုရင် ကျွန်တော်ကလေးယူဖို့ ကျွန်တော့် မိန်းမကို ဖွင့်ပြောဖို့သတ္တိရှိခဲ့မှာမဟုတ်ပါဘူး။ ကျွန်တော့့် မြို့ဘက်က တောသားတစ်ယောက်ပါ။ ကျွန်တော်တို့ဆီမှာက ကျွန်တော့်လို ဝှေးစေ့တစ်လုံးတည်းဆိုရင် နတ်ကွတ်ထားတာတဲ့။ ကလေးမရနိုင်ဘူးလို့ ပြောကြတော့ ကျွန်တော့် မိန်းမကိုလည်း ဖွင့်မပြောရဲခဲ့ဘူးဆရာ။ အခုမှ ဆရာစေတနာနဲ့ရှင်းပြခဲ့လို့ ကလေးယူဖြစ်ခဲ့တယ်။ အောင်လည်း အောင်မြင်ခဲ့တယ်။ အဲဒါကြောင့် ဆရာ့ကိုကျေးဇူးအထူးတင်ရှိပါတယ်လို့ ဆရာလဲကျန်းမာပါစေ။
ဒေါက်တာတင့်ဆွေ
၁၃-၂-၂ဝ၁၆

Comments
Post a Comment