Clot-busting drug lowers death risk in this group of stroke survivors

သွေးခဲပျော်ဆေးကြောင့် ဆထုပ် ရသူတွေမှာ သေဆုံးမှုနည်းစေ

Science World Report ကမ္ဘာ့သိပ္ပံအစီရင်ခံချက်မှာ ၁၉-၂-၂ဝ၁၆ နေ့ကတင်တဲ့ ဆေးပညာသတင်းဖြစ်ပါတယ်။ ဆထုပ်ခေါ် ဦးနှောက်သွေးကြောပေါက်ထွက်ရာကနေ အသက်မသေသူတွေအတွက် ဆေးကုသနည်းသစ်ဖြစ်ပါတယ်။

သုံးတဲ့ Alteplase (အယ်လ်တက်ပလေ့စ်) ဆေးဟာ tissue plasminogen activator (tPA) အမျိုးအစားဖြစ်တယ်။ လော့စ်အင်းဂျလီးစ်မှာကျင်းပတဲ့ နှစ်ပါတ်လည်ကွန်ဖရင့်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

Hemorrhagic stroke ဆထုပ်ခေါ် ဦးနှောက်သွေးကြောပေါက်ထွက်တဲ့ လူနာတွေထဲမှာ ၆ဝ% ကနေ ၈ဝ% ဟာ အသက်မရှင်ကြပါ။ ၉ဝ% ဟာလည်း အလုပ်ပြန်လုပ်နိုင်စွမ်းမရှိကြပါ။

အခုဆေးပေးလို့ သေဆုံးရတာနည်းစေတယ်လို့ ချီကာဂိုတက္ကသိုလ်က ဒေါက်တာ (အစ်ဆမ် အာဝဒ်) ကတင်ပြပါတယ်။
အဲလိုရောဂါရှိတဲ့ လူနာပေါင်း ၅ဝဝ ကို tPA ဆေးကို ဦးနှောက်ကသီတာနဲ့ ထိုးသွင်းကုသခဲ့ပါတယ်။ ၂ဝဝ၉ ကနေ ၂ဝ၁၅ အထိဆက်လက်စောင့်ကြည့်ခဲ့ပါတယ်။ saline ဆေးသာသွင်းသူတွေထက် ၁ဝ% သေဆုံးမှုနည်းတယ်။ သူတို့ထဲက ၁၈% မှာ သွေးခဲကအတော်ကြီးတယ်။ သွေးထုတည် ၂ဝ စီစီမကရှိကြတယ်။ လူနာ ၇၉့၈%ကို ဒီဆေးသွင်းပေးတော့ ၉ဝ% မှာသွေးခဲပျော်သွားတယ်။

နောက်လေ့လာမှုတခုကို ဂျွန်ဟော့ပကင်းတက္ကသိုလ်မှာလုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း သေဆုံးမှု ၁ဝ% နည်းတာ တွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး