Posts

Showing posts from August, 2015

Minimum wage for placard holders အနည်းဆုံးလုပ်ခ

Image
ဆရာ ကျန်းမာရေးမဟုတ်ပါ။ နိုင်ငံရေးပါ။ အမေစု့။ ဗေဒင့့်။ မနေ့ကလည်း ကျမတို့နေပြည်တော် သပြေကုန်းဈေးနားမယ် အမေစုဟောပြောပွဲရှိတာ ဟောပြောပွဲမတိုင်ခင် ၁ နာရီအလိုမှာ အဖျက်လုပ်ရပ်လုပ်ပါတယ်။ အဲထဲမှာ ကျမတို့ဈေးက ကောင်မလေးတယောက်တောင် အဖျက်ဆိုင်းဘုတ်ကိုင်တာ ပိုက်ဆံရလို့ သွားကိုင်တာတွေ့တယ်ဆရာ။ ကျမပြောချင်တာလေးတွေပါ။ အသိပေးလို့ ကျေးဇူးတင်ပါတယ်။ လာမယ့်လွှတ်တော်မှာ အနည်းဆုံး ပိုစတာကိုင်ခ ဥပဒေတင်ရတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၅

1990 Memoir

Image
၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံတွေကို ပုလဲမြို့နယ် ၁၉၉ဝ NLD အလုပ်အမှုဆောင်ကော်မတီဝင်တွေထဲက သတ္တိအကောင်းဆုံးတဦးဆီကနေ ၈-၂-၂ဝ၁၄ မှာ ရရှိပါတယ်။ ဒေါက်တာတင့်ဆွေ ပုလဲမဲဆန္ဒနယ်မြေ အမှတ် (၂) ၁၉၉ဝ ရွေးကောက်ပွဲမတိုင်မီကာလ စည်းရုံးရေးခရီးအနေနဲ့ ပုလဲမြို့နယ်၊ အလယ်ဘုံရွာကိုရောက်စဉ်က၊ ကျွန်တော်နဲ့ ဇနီး ဒေါ်မြမြအေး။ ဓါတ်ပုံပို့ပေးတဲ့ အိမ်ရှင် မမျိုးဝင်းကို ကျေးဇူးတင်ပါတယ်။ ဒေါက်တာတင့်ဆွေ ပုလဲမဲဆန္ဒနယ်မြေ အမှတ် (၂)

Essay စာစီစာကုံး

Image
စစ်ကိုင်းတိုင်း ပုလဲနဲ့ နေ့ရောညပါ (အိပ်ချိန်ကလွဲရင်) အဆက်အသွယ်တွေ ရနေတယ်။ ကိုယ့်နယ်ကိုယ် နိုဝင်္ဘာအမီ အားပေးဝိုင်းကူဖို့ဖြစ်ပါတယ်။ မနေ့က တယောက်ကပြောတယ်။ မုံသွင်၊ ချင်ပြစ်မှာ ဆရာမတွေကနေ ကလေးတွေကို ခိုးနည်းကိုအားကျအောင်လုပ်ပေးပြီး၊ အနာဂတ်ကို ဖျက်ဆီးနေတယ်တဲ့။ ကျွန်တော်က ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေဖက်ကနေ အမြဲဘက်လိုက်တတ်လို့ ရှင်းအောင်ပြန်မေးရတယ်။ သည်လိုဆရာ့ ပုလဲနယ်က ထင်ပေါ်ကြော်ကြားသူတဦးအကြောင်း စာစီစာကုံးရေးခိုင်းတယ်။ အဲတာ ဦးကျော်ဆန်း အကြောင်းတဲ့။ ကျွန်တော်တို့ပုလဲက တောမြို့လေးပါ။ ထင်ပေါ်လှတာမဟုတ်ပါ။ လွတ်လပ်ရေးရကာစမှာ သူပုန်တွေကြီးစိုးလို့ နာမည်ထွက်ပါတယ်။ အလံနီတွေလှုတ်ရှားခဲ့တယ်။ သခင်စိုးရဲ့အသံလွှင့်ရုံက ပုံတောင်ပေါ်မှာ ရှိခဲ့တယ်။ ဦးကျော်ဆန်း ဖခင်ကလည်း အလံနီပဲ။ မဆလခေတ်မှာတော့ သိပ်မထူးလှပါ။ စစ်အစိုးရရောက်တော့ နာမည်ပြန်ထွက်လာတယ်။ တက်လာတာတော့ မဟုတ်ပါ။ ပုလဲအနောက်ဖက် ၆ မိုင်ဝေးတဲ့ မင်းတိုင်ပင်ရွာဟာ ကင်းဝန်မင်းကြီးဦးကောင်းဇာတိ ဖြစ်တယ်။ ဦးကောင်းရဲ့မိခင် မယ်မင်းဆီအုတ်ဂူလည်းရှိတယ်။ ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတံ

Victory ပျော်ချင်လဲ ဆင်ခြင်ရတဲ့ခေတ်

Image
၁၉၉ဝ ခုနှစ်၊ မေလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ ပုလဲ မဲဆန္ဒနယ်မြေ၊ အမှတ် (၁) ဦးသန်းစိန် (ကွယ်လွန်) နဲ့ အမှတ် (၂) ဒေါက်တာတင့်ဆွေတို့ တခဲနက်အနိုင်ရခဲ့ကြပါတယ်။ NLD စည်းရုံးရေးမှူးတွေအားလုံး ဝမ်းသာပျော်ရွှင်ကြပေမယ့် စစ်အစိုးရ အစိုးမရတာသိလို့ ရွေးကောက်ပွဲပြီးနောက် ရက်တွေကြာပြီးမှ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောရွာကိုသွားပြီး အောင်ပွဲခံခဲ့ကြရပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် အောင်ပွဲနိမိတ်အဖြစ်ပြန်ပြီးတင်တာပါ။ ဒေါက်တာတင့်ဆွေ ၃ဝ-၈-၂ဝ၁၅

Khamauk ရာဇဝင်ထဲက ခမောက်

Image
၁၉၉ဝ မှတ်တမ်းဓါတ်ပုံတွေထဲမှာ ကျွန်တော်ဝတ်ထားတဲ့ ဂန့်ဂေါလုံချည်ဟာ ခမောက်ဒီဇိုင်းဖြစ်ပါတယ်။ ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်ကြာနေခဲ့ရတုံးက (အာဆမ်) ခေါ် အာသန်ပြည်နယ်မြို့တော် (ဂဝါဟာတီ) ကို မကြာမကြာ သွားပြီး ဗမာပြည်အရေး ဟောပြောခဲ့ရတယ်။ အာသန်ဆိုတာ မြန်မာဘုရင်တွေ သွားတိုက်ခဲ့တဲ့နေရာပေါ့။ အာသန်လူမျိုးတွေရဲ့ သင်္ကေတက ခမောက်ဖြစ်တယ်။ လေးစားယုံကြည်သူကိုသာ ခမောက်ကို လက်ဆောင်အဖြစ် ပေးကြတယ်။ အစည်းအဝေးတွေကနေပေးလို့ အာသန်ခမောက် နှစ်လုံးရဘူးတယ်။ ဒေသပြောင်းလာရတော့ သယ်မလာနိုင်လို့ မမောက်တွေကို အသေအချာလက်လွှဲ ပေးထားခဲ့ရတယ်။ အာသန်လူမျိုးတွေက သူတို့ရဲ့အမြတ်တနိုးခမောက်ကို မရိုမသေလုပ်သူကို လိုက်သတ်တယ်တဲ့။ ၁၉၉ဝ တုံးကလူထုဆန္ဒကို ကိုယ်စားပြုတဲ့ ခမောက်ကိုအသက်ဆုံးတဲ့အထိ ကာကွယ်သွားမယ်။ ခမောက်သင်္ကေတ ဘယ်ရောက်ရောက် လူထုဆန္ဒကတော့ ခိုင်မြဲတယ်။ ၁၉၉ဝ ကလိုပဲ ၂ဝ၁၅ မှာလည်း လူထုကပြသကြလိမ့်မယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၅

Looking forward to မျှော်ကြည့်မိခြင်း

Image
၁၉၉ဝ မှတ်တမ်းဓါတ်ပုံတွေထဲက ကျွန်တော့်ဓါတ်ပုံကိုကြည့်ပြီး အသက်မေးလို့ ၄၂ နှစ်လို့ဖြေပါတယ်။ မိတ်ဆွေတယောက်က နုပျိုခြင်းတွေ လေကြမ်းကြမ်း နေကြမ်းကြမ်းနဲ့ တိုက်စားသွားလို့ မှတ်ချက်ပေးလာတယ်။ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်စဉ်က တောကျောင်းဆရာတော်က ကျွန်တော့်အသက်ကိုမေးတယ်။ အဲဒီတုံးက ကျွန်တော့်အသက်က ၃ဝ တောင်မပြည့်သေးပါ။ အသက် ၄ဝ ဆိုတာ လူ့သက်တမ်းမှာ အသန်စွမ်းဆုံးလို့မိန့်ပါတယ်။ အဲဒီအသန်စွမ်းဆုံးအချိန်မှာ ကျွန်တော်နိုင်ငံရေးထဲ စရောက်ပါတယ်။ စိတ်အားထက်သန်စွာနဲ့ အစွမ်းဆုံးလုပ်ခဲ့ပါတယ်။ လေကြမ်းကြမ်း နေကြမ်းကြမ်းဒဏ်တွေကို အန်တုနိုင်ပေမယ့် ဇာတာသက်က ဆက်သွားနေပါတယ်။ နေညိုချိန်လို့လည်း တွက်မနေပါ။ ခုနေမှာ အသန်စွမ်းဆုံးအရွယ်တွေအများကြီးက ဆက်လုပ်နေကြလို့ အိုကြီးအိုမတွေလည်း နူပျိုလန်းဆန်းရပါတယ်။ သူတို့တတွေပါ ကျွန်တော်လို့ စမြုံ့ပြန်နိုင်တဲ့ကာလမှာတော့ မြန်မာပြည်ဟာ သာယာနေမှာပေါ့လို့ မျှော်ကြည့်နေမိပါတော့တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၅

Amnesia အတိတ်မေ့ရောဂါ

Image
ကျွန်တော့်ပို့စ်တခု = Khamauk ရာဇဝင်ထဲက ခမောက် ကွန်မင့်တခု = Ye Thit ဥပါဒန်ကတယ်ကြီးသကိုး။ ၁၉၉ဝ ကသားမမွေးသေးဘူး အခုလူပျိဖြစ်နေဘီ။ အတိတ်ကို ထားလိုက်ပါ။ အနာဂါတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ထင်ပါ့ဗျာ။ Tint Swe မြန်မာပြည်လွတ်လပ်ရေးရတော့ ကျွန်တော် မမွေးသေးပါ။ ဒါပေမယ့် မေ့ထားလို့တော့မရပါ။ (အနာဂတ်) လို့ ရေးရပါတယ်။ အနာဂတ်ကို အပြုသဘောမြင်တာတော့ ကောင်းပါတယ်။ ဥပါဒါန်နဲ့ မေ့မထားတာ မတူပါ။ - ဥပါဒါ = မှီ၍၊ စွဲ၍၊ အကြောင်းပြု၍၊ - ဥပါဒါန = ကပ်ငြိခြင်း၊ မြဲစွာယူခြင်း၊ စွဲလမ်းခြင်း၊ ကပ်၍ယူခြင်း၊ သမိုင်းကြောင်းဆိုတာလည်း မမေ့စကောင်းပါ။ George Santayana (ဂျော့ စန်တာယာနာ) အမည်ရှိတဲ့ စပိန်လူမျိုးဖြစ်ပြီး အမေရိကမှာကြီးပြင်တဲ့ ဖီလော်ဆော်ဖါ၊ ကဗျာဆရာ၊ အက်ဆေးဆရာ၊ ဝတ္ထုရေးဆရာတဦးရှိတယ်။ သူ့ရဲ့အကြော်ကြားဆုံး အဆိုတခုကတော့ - "Those who cannot remember the past are condemned to repeat it" အတိတ်သမိုင်းကို သတိမရသူဟာ အဲတာကိုထပ်လုပ်မိဖို့ရာ ဒဏ်သင့်ခံထားရသူသာဖြစ်တယ်တဲ့။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၅

Way of the mundane world နိန္ဒာ ပသံသာ

Image
ကွန်မင့်တခု = ရဲရဲ ရင့်ရင့် Friend SSW ရေ့ တော်ရုံတန်ရုံပဲ ကောင်းပါတယ်ဗျာ။ အမေစုလည်း ဒီလိုနဲ့ သာယာ နစ်မျောသွားတယ်။ အဲလိုသတိပေးတာ ကောင်းတယ်။ ကျွန်တော်ကတော့ ကောင်းကောင်းနာလည်တယ်။ စိတ်တော့မပူပါ။ လူတွေထဲမှာ စိတ်လှုပ်ရှားမှု များတာ-သင့်တာ-နည်းတာတွေ အခွင့်အခါတိုင်းမှာရှိကြတယ်။ ကျွန်တော်က ဒေါ်စုမဟုတ်ပါ။ မဟုတ်ပါဆိုတာ ဒေါ်စုအဲလိုဖြစ်နေတယ်လို့ မထင်တာရယ်၊ ဂုဏ်ကြီး-နာမည်ကြီး မဟုတ်တာနဲ့ တာဝန်ရှိမှုအရ နှိုင်းမရတာကိုပြောတာဖြစ်ပါတယ်။ နောက်တချက်က ကျွန်တော်က မြေပြင်ပေါ်မှာသာချည်းနေရသူဖြစ်ပါတယ်။ တခါတခါ မြေကြီးအောက်တောင် ရောက်ရသူလည်းဖြစ်တယ်။ ချီးမွမ်း-ကဲ့ရဲ့ဆိုတဲ့လောကဓံကို ကောင်းကောင်း နောကျေလာနေပါပြီ။ သူများတွေကိုသာ လောကဓံတရားထဲက အနုတ်သဘောလေးခုကိုကြုံရင် စိတ်အားမငယ်ကြဘို့ရာ လောကဓံတရားအပေါင်းလေးခု ဖြစ်တာမှာလည်း စိတ်လှုပ်ရှားမှု မများဘို့ဆိုပြီး ပြောပြနေသူဖြစ်ကြာင်းပါဗျာ။ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်က ချီးမြှောက်စကားကိုသာယာပြီး လွတ်သွားသူမဟုတ်ပါ။ လွန်မြောက်သူလည်း တကယ်ကိုမဟုတ်ပါ။ လောကဓံကို ကြံ့ကြံ့ခံနေကြသူတွေထဲက တယောက်သာဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၈-၂ဝ၁၅

Bridge game ကုလားဆိုတာဘာလည်း

Image
ကွန်မင့်တခု = ကုလားမပါရင် ထောက်ခံတယ့့်။ ကုလားဆိုတာ ဘာကိုပြောသလည်း မသိပါ။ မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်ထဲမှာ တခြားတိုင်းတပါးသွေးတွေအပြင် အိန္ဒိယသွေး (ပန်ချာ၊ တမီးလ်၊ မဒရပ်ဆီ၊ ဘီဟာရီ၊ ဘင်္ဂါလီ၊ ဇေတပါရီ)၊ မဏိပူသွေး (ကသည်း၊ ပုဏ္ဏား) အရှေ့ပါကစ္စတန်သွေး (ခေါ်တော၊ ဘင်္ဂါလီ)၊ နီပေါသွေး (ဂေါ်ရခါး) သွေးပါသူတွေ နိုင်ငံရေးပါတီကြီးတိုင်းမှာ ပါနေတယ်။ ပြည်ခိုင်းဖြိုးမှာ အမတ်တွေတောင်ပါတယ်။ တခြားပါတီတွေမှာ မပါပါ။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်းတော်ကဦးစောလှိုင် (ကွယ်လွန်) ကို ပန်ချာသွေးပါတယ်ဆိုပြီး ပယ်ခံရလို့ NLD က ၄၄ ယောက်မှာ ၄၃ ယောက်သာ အနိုင်ရခဲ့ပါတယ်။ သူဟာ ၁၉၉ဝ မှာရွေးကောက်ခံခဲ့ရသူဖြစ်တယ်။ တရားဝင်နိုင်ငံသားဖြစ်ပြီးသူတိုင်း ဘယ်သွေးပါနေနေ၊ ဘယ်ဘာသာကိုးကွယ်နေနေ တန်းတူညီမျှမှုရှိကြပါတယ်။ အဲတာက စစ်အုပ်စုအလိုကျရေးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရဖြစ်ပါတယ်။ Kala ကလား (ကုလား) ဆိုတာ အိန္ဒိယမှာ ကလေးနာမည်တခုဖြစ်တယ်။ အသားမည်းတယ်လို့ခေါ်တယ်။ ဗမာပြည်မှာ ကုလားကို အသားမည်းတယ်လို့ပြောကြပေမယ့် ပန်ချာသွေးပါတဲ့အမျိုးသမီးတွေဟာ အနောက်တိုင်းအဖြူမတွေလို အသားဖြူတယ်။ Kala ကလားဆိုတာ ဟင်ဒီလို အချိန်ရဲ့ဘုရားသခင်လို့ အဓ

Harvoni and Sovaldi အသည်းရောင် (စီ) ဆေးများ

Image
Harvoni (sofosbuvir 400 mg + ledipasvir 90 mg) ဆေးဟာ HCV genotype 1 အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) အတွက် နောက်ဆုံးပေါ် ၉၄% - ၉၉% ထိရောက်တဲ့စားဆေးဖြစ်တယ်။ မူရင်း အမေရိကန်ဆေးကုမ္ပဏီ Gilead Sciences ရောင်းဈေးများလွန်းလို့ အိန္ဒိယအပါအဝင် တခြားတိုင်းပြည်တွေက ဆေးကုမ္ပဏီတွေကို ဈေးချုချိုနဲ့ ဆေးကို Generic name နာမည်ရင်းအတိုင်းထုတ်ဖို့အတွက် လိုင်စင်ပေးထားပါတယ်။ Harvoni ကို ယူအက်စ်မှာ ၂၈ လုံး (၄ ပါတ်စာ) ကို အနည်းဆုံး $32,138 ကုန်ကျတယ်။ ၁၂ ပါတ်အတွက် $94,500 ကနေ $96,414 အထိကုန်ကျပါတယ်။ အိန္ဒိယကနေ လာမယ့်နိုဝင်္ဘာနောက်ပိုင်းကစပြီး တရားဝင်ထုတ်ရောင်းနိုင်မယ်လို့ ၂၈-၇-၂ဝ၁၅ နေ့သတင်းကဆိုပါတယ်။ သတင်းအရတော့ ၁၂ ပါတ်စာ $2,500 ကုန်ကျမယ်လို့ပါရှိပါတယ်။ Harvoni side effects ဘေးထွက်ဆိုးကျိုးများ = အားယုတ် (17%)၊ ခေါင်းကိုက် (16%) နဲ့ ပျို့-အန်ချင်၊ ဝမ်းပျက်နဲ့ အိပ်မရတာတွေဖြစ်တယ်။ Hepatitis C genotypes 2 နဲ့ 3 တွေအတွက် Gilead Sciences ကနေထုတ်တဲ့ Sovaldi ဆေးကအကောင်းဆုံး ဖြစ်ပါတယ်။ ဒီဆေးကိုလည်း ယူအက်စ်မှာ တပြားကို $1,000 နဲ့ ၁၂ ပါတ်စာ $84,000 ပေးရပြီး ဈေးချိုတဲ့ဆီမှာ ၁၂ ပါတ်စာကို ဒေါ်လာ ၁ဝဝဝ ထက်မပေးရအောင

Three arrows မြားသုံးစင်း

Image
Htein Linn လူတစ်ယောက် ဆန္ဒမဲ သုံးခုပေးရမယ်ဆိုတာကို သိတဲ့သူ အတော်နည်းနေတယ်ပြောရမယ်ဆရာ။ နယ်မြို့မို့လို့လားမသိဘူး။ စိတ်ဝင်စားမှု အားနည်းကြတယ်။ ဟုတ့့် အမျိုးသားလွှတ်တော်အတွက်တမဲ + ပြည်သူ့လွှတ်တော်အတွက်တမဲ + တိုင်းဒေသကြီး/ပြည်နယ်အတွက်တမဲ၊ မဲပေးခွင့်ရှိသူတိုင်းမှာ စုစုပေါင်း (၃) မဲစီပေးပိုင်ခွင့်ရှိကြပါတယ်။ မဲပုံး (၃) မျိုးရှိမယ်။ သက်ဆိုင်တဲ့မဲကို သက်ဆိုင်တဲ့ မဲပုံးထဲမှာ ကိုယ်တိုင်ထည့်ရပါမယ်။ သုံးမဲလုံးကို ပါတီတခုတည်းက ကိုယ်စားလှယ်လောင်းတွေကို ထည့်မှာလား၊ သုံးမဲကို သုံးပါတီ ခွဲပေးမှာလား။ ကလေးသုံးယောက်ကို မုန့်ဝေသလိုမလုပ်သင့်ပါ။ ပံ့သကူ အလှူလိုလည်းမလုပ်သင့်ပါ။ ယတိပြတ်ဆုံးဖြတ်ချက်ချပါ။ အကြိုက်ဆုံးပါတီမှာ ပုံအောလိုက်ပါ။ လက်ရှိနိုင်ငံရေး၊ စီးပွါးရေးစတာတွေကို အားရကျေနပ်တယ်ဆိုရင် အဟောင်းကိုသာပေးပါ။ ပိုကောင်းစေချင်တယ်ဆိုရင် အသစ်ကိုပေးပါ။ အသစ်ဆိုတာ တခါမှမကြားဖူးသေးတဲ့ပါတီ မဟုတ်ပါ။ ၁၉၉ဝ တုံးက မဲဆန္ဒနယ်ပေါင်း ၄၈၅ နေရာရှိတာ ၃၉၂ နေရာမှာ NLD ပါတီကိုသာမဲပေးခဲ့ကြတယ်။ အများက အားဖြစ်တယ်။ စုန်းမပြူးစေလိုပါ။ ဘီလူးသူရဲတွေလည်း မဲပေးတာကိုချောင်းကြည့်မနေပါ။ မြားသုံးစင်းလုံးကနေ ပစ်မှတ်ကိုထိမှန်ပါစေ။ ဒေါက

Treatment of HCV Genotype 1 အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) ကုသခြင်း

Image
နောက်ဆုံးအပ်ဒိတ် ၂၃-၈-၂ဝ၁၅ အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) ဟာ ၇ဝ-၇၅% နဲ့အများဆုံးဖြစ်တယ်။ ဆေးကုသမှုလေ့လာမှုကိုလည်း အများဆုံး လုပ်ထားပြီးဖြစ်တယ်။ အစဉ်အလာအရ အကုရခက်ခဲ့ပေမယ့် နောက်ဆုံးပေါ်စားဆေးနည်းဟာ ၉ဝ% မက ထိရောက်မှု ရှိပါတယ်။ အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) အစပျိုးကုသခြင်းအတွက် ၁၉၉၈ ကနေ ၂ဝ၁၃ ခုနှစ်အထိတုံးက - Interferon ထိုးဆေးတမျိုးတည်းနည်း၊ - Peginterferon ထိုးဆေးတမျိုးတည်းနည်း၊ - Peginterferon + Ribavirin ထိုးဆေး + စားဆေးနည်း၊ - Peginterferon + Ribavirin + a NS3A/4A protease inhibitor (Boceprevir or Telaprevir) ဆေး ၃ မျိုးတွဲနည်းကို သုံးခဲ့တယ်။ ၂ဝ၁၃ ကနေ ၂ဝ၁၄ အတွင်းမှာ Peginterferon + Ribavirin + either Sofosbuvir or Simeprevir ဆေး ၃ မျိုးနည်းသစ်သုံးခဲ့တယ်။ ၂ဝ၁၅ မှာတော့ daclatasvir, fixed-dose ledipasvir-sofosbuvir, fixed-dose ombitasvir-paritaprevir-ritonavir and dasabuvir, simeprevir, and sofosbuvir တွေကိုသုံးလာပါတယ်။ Daclatasvir ကိုတော့ FDA ကနေ အသိအမှတ် မပြုရသေးပါ။ ဘယ်လိုလူနာတွေအတွက်အကောင်းဆုံးလည်း = genotype subtype (1a or 1b) ဖြစ်ရမယ်။ အရင်ကလည်းကုဖူးမယ်နဲ့ အ

Facebook has a billion users in a single day

Image
ဖေ့စ်ဘွတ်သုံးစွဲနေသူပေါင်း တနေရတည်းမှာ သန်းတထောင်အထိရောက်တယ်လို့ ဖေ့စ်ဘွတ် ကုမ္ပဏီတည်ထောင်သူ (မာ့ခ် ဇူကာဘဂ်) ကနေ ပြောလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူသား ၇ ယောက်မှာ ၁ ယောက်နှုန်းက ဖေ့စ်ဘွတ်ကို သုံးနေကြပြီတဲ့။ သန်းပေါင်း ၁၅ဝဝဝ လောက်ဟာ တလမှာတခါအနည်းဆုံးဖေ့စ်ဘွတ်သုံးနေကြတယ်။ တရက်တည်းမှာ အများဆုံးသုံးကြတာက အခုကြာသပတေးနေ့ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ကုမ္ပဏီကို ဟားဗတ်ကျောင်းသား (မာ့ခ် ဇူကာဘဂ်) ကနေ ၂ဝဝ၄ မှာစပြီးထူထောင်ပါတယ်။ ဒီစာဖတ်နေသူဟာ အဲဒီနေ့က လူပေါင်း သန်းတထောင်ထဲကတယောက်ဖြစ်မှာပါ။ ကိုယ့်ဖေ့စ်ဘွတ်ကို ကိုယ်ပိုင်တယ်။ အကောင်းဆုံးဆိုတာကို တင်ခဲ့မယ်လို့သိတယ်။ လာမယ့် နိုဝင်္ဘာ (၈) ရက်နေ့မှာ လူကြီးမင်းဟာ မြန်မာပြည်က လူပေါင်း ၃၂ သန်းလောက်ထဲကတယောက်ဖြစ်မှာပါ။ ကိုယ့်မဲကို ကိုယ်ပိုင်တယ်။ အကျိုးအရှိဆုံး အသုံးချလိမ့်မယ်လို့လည်း တထစ်ချယုံကြည့်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၅

Good omens အတိတ်ကောက်

Image
- ငုနဲ့ပိတောက် နွေမှာလှိုင်သည်။ စုနဲ့ ခမောက် မေမှာနိုင်မည်။ - ဆောင်းအဝင် ဒေါင်းကြယ်စင်၊ ကောင်းကင်တမွတ် အောင်ပန်းဆွတ်။ ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၅

Selection and Election ရွေးတတ်ကြရမည်

Image
• လူပြောသူပြော ဘယ်လိုခံနေရနေရ  စစ်အုပ်စုမဟုတ်တဲ့နိုင်ငံရေးပါတီများသည် ဒီမိုကရေစီဖက်ကဖြစ်ကြ၏။ • လူပြောခံရနေမယ့် မဲပေးရမှာဆိုရင်တော့ အဲလိုပါတီကိုသာပေးရမည်။ • နိုင်ငံရေးမှာ ဝင်လုပ် (ဝင်ရှုတ်) နေနေ ဘုန်းကြီးသည် သံဃာသာဖြစ်၏။ • သင်္ကန်းကပ် အလှူပေးရင်တော့ ကျောင်းရွေးကြရသည်။ • အဝတ်အစားဘယ်လိုပြောင်းထာထား စစ်တပ်ကိုသာအားထားသူများသည် စစ်အုပ်အုပ်စုသာဖြစ်၏။ • လူထုကိုအားမကိုးသူများအား မဲပေးရင်တော့မှားကြမည်။ ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၅

The great physician သမားတော်ကြီး

Image
အခုလေးတင် ဖေ့စ်ဘွတ်မှာတွေ့ပါတယ်။ ဆရာဝန်အလုပ်ဟာ စိတ်ထားကောင်းမွန်ပါက ကုသိုလ် ၅ မျိုးရနိုင်တယ်တဲ့။ မေတ္တာဘာဝနာကုသိုလ်၊ ကရုဏာဘာဝနာကုသိုလ်၊ မုဒိတာဘာဝနာကုသိုလ်၊ ဥပေက္ခာဘာဝနာကုသိုလ်နဲ့ ဒါနကုသိုလ်။ ဘာသာရေး ရေးထားတာမို့ လူငယ်လူရွယ်တွေက စိတ်ဝင်စားနည်းကြမှာပါ။ ကျွန်တော်လို အရွယ်အိုသူတောင်မှ လုံးစေ့ပတ်စေ့ မဖတ်ဖြစ်ပါ။ အဲလိုစာမျိုး မဖတ်ဖူးလည်း စိတ်ထားကောင်းတဲ့ဆရာဝန်တွေ (နိုင်ငံခြားသားတွေအပါအဝင်) ဒုနဲ့ဒေးရှိပါတယ်။ ဒါလုပ်တာ ကောင်းတယ်လို့ ဆရာတွေက သင်ပေးထားတိုင်းလည်း၊ စာကောင်းပေမွန်တွေကနေဖတ်ထားတိုင်းလည်း ကောင်းတာကို လိုက်နာတဲ့သူက မများလှပါ။ ကောင်း-မကောင်းဖြစ်ဖို့ရာ စာ-ပညာက အခယာတော့ကျပါတယ်။ ဗီဇ-ဝါသနာလည်းလိုတယ်။ ကံတရားလည်းရှိမှ ဖြစ်မယ်။ ပါရမီလည်းထည့်ပြောရတယ်။ ဒါ့ပြင် ကံကောင်းသူနဲ့ကြုံရဆုံရတဲ့ ကံတရားလည်းရှိသေးတယ်။ သမားတော်ဇီဝကဟာ သူကုသပေးတဲ့လူနာမှန်သမျှ  အသက်မသေကြဘူးလို့ ပြောစမှတ်ရှိတယ်။ မဖြစ်နိုင်ဖူးလို့ ထင်တဲ့သူတွေကထင်ကြမယ်။ သူနဲ့ကုသခွင့်ရတဲ့ ကံတရားလိုလာတယ်။ ကံတရားလို့မခေါ်ချင်နေပါ။ ကြုံကြိုက်မှုပေါ့။ ကောင်းတဲ့သူမျိုးနဲ့ ဆုံတွေ့ ရင်းနှီး ကျွမ်းဝင်ရခြင်း အကျိုးပေးမှုဆိုတာ အလွန်မတန်ဆန်းကျယ်တယ်။ ဒေ

Pamela Anderson အသည်းရောင်စီနဲ့ မင်းသမီး

Image
၂၇-၈-၂ဝ၁၅ နေ့စွဲနဲ့ထွက်လာတဲ့ သတင်းကတော့ ဟောလိဝုဒ်ရုရှင်မင်းသမီး (ပမ်းမလာ အင်ဒါဆင်) ဟာ သူ့မှာ ကူးစက်ခံထားရတဲ့ အသည်းရောင်စီပိုးကို တလအတွင်းပျောက်အောင်ကုသနိုင်လို့မျှော်လင့်ကြောင်းပြောတာ ဖြစ်ပါတယ်။ Baywatch မှာသရုပ်ဆောင်တဲ့ မင်းသမီးမှာ အသည်းရောင် စီပိုးရှိနေတာ ၁၆ နှစ်တောင်ရှိပြီ။ ဆေးသစ်နဲု့မယ်လို့ ဆိုပါတယ်။ ရောဂါသိကာစ သူပြောတာက သေဒဏ်ချမှတ်ခံရသလိုခံစားရတယ်လို့ ဆိုပါတယ်။ သူ့အရင်ယောက်ျား Tommy Lee (တော်မီ လီ) နဲ့ ဆေးထိုးအပ်မျှသုံးခဲ့ရာကနေ ကူးစက်တာပါတဲ့။ အသည်းရောင် (စီ) ဟာ တဖြေးဖြေးချင်းသာတိုးတိုးလာတယ်။ အသည်းကိုဖျက်ဆီးတယ်။ အသည်းခြောက် စေနိုင်တယ်။ အသည်းကင်ဆာဖြစ်လာစေနိုင်တယ်။ တယောက်နဲ့တယောက်မှာ အသည်းကို ထိခိုက် ပျက်စီးစေတဲ့နှုန်း မတူကြပါ။ ယူအက်စ်မှာ လူ ၃့၂ သန်းမှာပိုးရှိနေကြတယ်။ ကလေးတွေမှာများတယ်။ တနှစ်ကုန်ရင် စီပိုးကြောင့် သေဆုံးရတာ ၁၅ဝဝဝ ယောက်ရှိတယ်။ စောစောကုသလေ သက်သာရာရလေဖြစ်တယ်။ သွေးကနေတဆင့်ကူးစက်တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၅

Harvoni အသည်းရောင်စီ ဂျီနို (၁) အတွက်ဆေး

Image
အသည်းရောင်စီပိုးရှိနေသူတွေကို အရင်က ထိုးဆေးအပါအဝင် ဆေးအမျိုးမျိုးနဲ့ကုသခဲ့ရတယ်။ အခုတော့ Harvoni ကို သုံးနေပါပြီ။ ဆေး ၁ လုံးတည်း၊ တနေ့မှ ၁ ခါတည်း၊ ထိုးဆေးမလို၊ Ribavirin လည်းမလိုပါ။ ကုသရေးဆိုင်ရာလေ့လာမှုတွေအရ ၉၆% ကနေ ၉၉% ပျောက်ကင်းတယ်။ ဆေးပေးရချိန် ၁၂ ပါတ်သာကြာတယ်။ ပျောက်တယ်ဆိုတာ (စီ) ပိုးတွေကို စမ်းလို့မတွေ့တာကိုပြောတာဖြစ်တယ်။ အရင်က ဆေးမကုဘူးသေးတဲ့ Hep C genotype 1 လူနာ ၈၆၅ ယောက် (သူတို့ထဲမှာ တချို့က အသည်းခြောက်တာ နောက်ပိုင်းရောက်နေပြီ) ကို လေ့လာမှုတခုလုပ်ခဲ့တယ်။ Harvoni ဆေးကို တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်ပေးပြီးစမ်းတော့ ၂၁၃ ယောက်ထဲက ၂၁ဝ ယောက် (၉၉%) မှာ ပိုးရှာမတွေ့တော့ပါ။ နောက်လေ့လာမှုတခုမှာ ၆၄၇ ယောက်ကို အဲဒီနည်းအတိုင်း ဆေးကုပေးတော့ ၂၁၆ ယောက်ထဲက ၂ဝ၈ ယောက်မှာ ပိုးရှာမတွေ့တော့ပါ။ Harvoni ဆေးထဲမှာ Ledipasvir နဲ့ Sofosbuvir ဆေး ၂ မျိုးကို တခါတည်းရောထည့်ထားတယ်။ ၂ဝဝ၁ = Ribavirin တနေ့ ၆ တောင့်အထိ + Peginterferon တပါတ်ထိုးဆေး ၁ လုံး။ ၂ဝ၁၁ = Protease inhibitors + Ribavirin တနေ့ ၁၈ လုံးအထိ + Peginterferon တပါတ်ထိုးဆေး ၁ လုံး။ ၂ဝ၁၃ = Sofosbuvir တနေ့ ၇ လုံးအထိ + Peginterferon တပါတ်ထိုးဆေး ၁ လံ

Classic Election ဂန္တဝင်ရွေးကောက်ပွဲ

Image
ကျွန်တော်က နိုင်ငံရေးမှာ ၁၉၉ဝ ဘက်ရှ်ကမို့ လူဟောင်းစာရင်းဝင်ပါတယ်။ အဟောင်းတိုင်းလဲ မကောင်းပါ၊ အသစ် ဆိုတာထဲမှာလဲ မဖြစ်သင့်တာတွေပါတယ်။ ဆန်ခါတင်စစ်ထားတာကိုမှ ကြာတော့ ဂန္တဝင်မြောက်တယ်လို့ ခေါ်တယ်။ • မိုးလေမမှန်၊ မြစ်ရေမမှန်၊ လူတွေမမှန်၊ • မြန်မာပြည် ဥတုရာသီ ရွေးကောက်ပွဲကိုမှီ။ • မိုးလေ၊ မြစ်ရေ မှန်ပါစေ၊ • လူရှူရတဲ့လေ သန့်ပါစေ၊ • လေရှူရတဲ့လူတွေ သန့်ပါစေ။ • လူညစ်တွေပေါ်မှာ ခဲမိုးရွာပါစေ၊ • လူသစ်တွေပေါ်မှာ မဲမိုးရွာပါစေ၊ • ရွေးကောက်ပွဲတွေ ဂန္တဝင်မြောက်ပါစေ။ ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၅

Please save me statue! ဆင်းတုတော်ကယ်ပါ

Image
ဆရာ့ ဦးကျော်ဆန်းက ဝန်ကြီးခရီးစဉ်ကို ခုတုံးလုပ်ပြီး ငွေအားတွေနဲ့ စည်းရုံးရေးစနေပြီ။ • ပန်းရွာမှာ ကျောင်းဆောင်အတွက် ငွေလှူသွားတယ်။ • နွယ်ရှောက်မှာ လူရိုက်မှုဖြစ်လို့ လူတွေများနေတာကို သူကိုကြိုတယ်ထင်ပြီး ငွေဆယ်သိန်း လှူသွားတယ်။ • တနယ်မှာတော့ သမဝါယမက ထွန်စက်တွေ ထုတ်ပေးတဲ့အကြောင်းတွေ ပြောတယ်။ • ကျောက်ကုန်းမှာတော့ ကြိုဆိုမှုက ကြက်ဝိုင်းလောက်တောင်မရှိလို့ သူစိတ်ဓါတ်ကျသွားတယ်။ • အောက်လယ်ဓမ္မနားက ၅၅-မိုင်စခန်းမှာ ဘုရားဆင်းတုတော်လေးတွေကို မဲဖောက်ပြီး ပေးသွားသေးတယ်။ သိရလို့ ကျေးဇူးတင်တယ်။ ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၅

Handicapped တမျိုးတဘာသာ သန်စွမ်းသူများ

Image
လွှတ်တော်ကြီးရပ်နားလိုက်တော့ အသိမိတ်ဆွေကိုယ်စားလှယ်တဦးကရေးပါတယ်။ Oo Yetun ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ်တဲ့။ • ဘောလုံးကစားတာဆိုတော့ လက်နဲ့ထိလို့မရဘူးပေါ့။ • တယောက်တည်းသာ ခြေရောလက်ပါ ထိလို့ရတယ်။ • အသင်းတိုင်းက ခရာမှုတ်တဲ့သူကို ကြောက်ရတယ်။ • ပရိသတ်ကတော့ သိတဲ့အတိုင်းပဲ။ အားရရင်လက်ခုပ်တီး။ ဆိုဆဲစရာမှန်သမျှ မြိုသိပ်မထားကြဘူးဗျ။ • နောက်တပွဲလည်းလာအုံးမယ်။ ကွင်းမပြောင်း ဒိုင်မပြောင်းဘူး။ • လက်ရည်သာနေသူကနေ (ဟင်းဒိကက်ပ်) ယူထားတဲ့ပွဲပါပဲ။ Handicapped =  သိသာမြင်သာအောင် ကိုယ်စွမ်း ဉာဏ်စွမ်း အားနည်းချို့ယွင်းနေသူ။ ဥပမာ ဆွံ့အနားမကြားကျောင်း၊ ပြည်ထောင်စုလွှတ်တော်။ Handicap = ဂေါက်သီးကစားရာမှာ အားနည်းသူကို ရိုက်ချက်အရေအတွက် အကြောပေးခြင်း။ ဥပမာ စစ်တပ်အတွက် ၂၅% ပေးထားခြင်း။ ဒေါက်တာတင့်ဆွေ ၂၈-၈-၂ဝ၁၅

Delighted လူနာသက်သာ ဆရာဝန်စိတ်ချမ်းသာ

Image
၁။ ဆရာရှင့် သမီးက ဒုတိယကလေးမွေးထားတာ ၅ လလောက်ရှိပါပြီ။ အခု တင်ပါးနဲ့ပေါင်မှာ ယားပြီး နီနေပါတယ်။ နီနီအကွင်းလေးတွေပါ။ Betacloge cream လိမ်းတယ်ဆရာ ပျောက်သွားရင်ချပ်သွားတယ်။ ရက်နဲနဲကြာရင် ယားပြီး အဖုတွေထွက် နီနီအကွင်းတွေဖြစ်လာပြန်ရောဆရာ။ သူများတွေကတော့ ပွေးလို့ပြောတယ်ဆရာ ဟုတ်ပါသလား။ ကလေးကိုလဲ ကူးမှာကြောက်လို့ပါ။ ဆရာဆေးလေးညွှန်ပေးစေချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ အနားသတ်ရှိရင် ပွေးဖြစ်ပါမယ်။ Grisofulvin တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁ဝ ရက်သောက်နိုင်ပါတယ်။ ဖြစ်တာစောရင် Ring guard လိမ်းနိုင်တယ်။ ထိစပ်မိသူတွေကို ကူးစေနိုင်တယ်။ အရပ်ဆေးမသင့်ပါ။ ဆရာရေ ဆရာပေးတဲ့ဆေး ၁ဝ ရက်သောက်တာ လုံးဝပြန်မဖြစ်တော့ဘူးဆရာ။  လိမ်းဆေးကဝယ်မရလို့မလိမ်းရဘူး ဆရာ့ကို တကယ့်ကိုကျေဇူးတင်ပါတယ်ဆရာ။ နောက်မသိတာရှိရင်လဲ မေးခွင့်ပြုပါအုံးနော်ဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေ။ ဟုတ်။ ၂။ ကျေးဇူးအထူးတင်ပါတယ် ဆရာရှင်။ ကလေးလေးက အရမ်းငယ်တော့ ငိုရင် စိတ်ညစ်ရပါတယ်။ ဆရာပြောတဲ့ နည်းတွေနဲ့ အဆင်ပြေရင် သိပ်ကောင်းမှာပဲ။ လက်တွေ့ စမ်းသပ် လုပ်ကြည့်ပါမယ်။ ကျေးဇူးတင် ရိုသေလေးစားစွာဖြင့်။ ဟုတ်။ ဆရာပေးတဲ့ အနွေးဓာတ်ပေးတာ ကလေးလေး အဆင်ပြေနေပြါ

Vote for Change အပြောင်းအလဲအတွက် မဲပေးကြပါခင်ဗျား

Image
လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို၊ ဘယ်ပါတီကို မဲပေးမလဲ။ ဆက်ဖတ်ဖို့ မလိုတဲ့သူက များမှာပါ။ ကျနော်က ဘယ်ပါတီအတွက် မဲဆွယ်မလဲကို သိကြပြီး ဖြစ်လို့ပါ။ ဒါပေမယ့် ကျနော် သည်လိုစာရေးတာ အချိန်အတော် နောက်ကျတာကို သတိထားမိမှာပါ။ “ဦးဘယ်သူ၊ ဒေါ်ဘယ်သူ ကိုယ်စားလှယ်ဖြစ်ဖြစ် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနိုင်ရရှိရေးကို တတ်စွမ်းသရွေ့ လုပ်ပါမယ်” လို့ ဆိုရှယ်မီဒီယာကနေရော ပါတီကို တရားဝင်စာနဲ့ပါ ရေးခဲ့တာ ၆ လ မကတော့ပါ။ ဒီကြားထဲမှာ ထင်မထားတာတွေ အတော်လေး ဖြစ်ခဲ့တယ်။ အာဏာယူပါတီထဲမှာက တမျိုး၊ အန်အယ်လ်ဒီကိုယ်စားလှယ် ရွေးတာကလည်း ဟိုးလေးတကြော်။ သဘောထားပေးပါလို့ ပြောတာကို စကားလုံး ရွေးနေပါတယ်လို့ ပြန်ဖြေခဲ့ရတယ်။ အဲဒါဟာ ပါတီရွေးဖို့ အချိန်ယူခဲ့တာ မဟုတ်ပါ။ ဒေါ်စုကတော့ “ပါတီအမှတ်တံဆိပ်ကိုသာ ကြည့် မဲပေးပါ” လို့ ပြောထားတယ်။ ပါတီဥက္ကဋ္ဌက ပြောထားပြီးမှ ဘာထပ်ရေးစရာလိုသလဲမေးရင် ကျနော်က ဒေါ်စုမဟုတ်ပါ။ ပြောချင်တာက အဲဒါသာမကပါ။ အငြင်းပွားစရာတွေ များနေတဲ့ အန်အယ်လ်ဒီကိုသာ မယိမ်းမယိုင် ကျောက်စာတိုင်လို မဲပေးပါလို့ ပြောတာအပြင် “ဘာလို့ တခြားပါတီကို မဲမပေးသင့်သလဲ” ကိုပါ စဉ်းစားစေချင်ပါတယ်။ ဥပမာတခု တင်ပြပါရစေ။ ပုလဲမှာ အရွေးခံမယ့် အန်အယ်လ်ဒ

Orange semen သုက်ရည်ဝါနေခြင်း

Image
မင်္ဂလာပါဆရာ အခုရက်ပိုင်းအတွင်း အတူတူမနေတဲ့အချိန်မျိုးမှာ ကျွန်တော့်ရဲ့သုက်က အဖြူမထွက်ပဲ နည်းနည်း အဝါရောင်သန်းပြီး ထွက်လာပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲခင်ဗျာ။ ကျေးဇူးပြုပြီး အကြံဥာဏ်ပေးပါဦးဆရာ။ မိန်းမကို ဆေးစစ်ကြည့်တော့ B ပိုး၊ C ပိုး၊ AIDS တခုမှမရှိပါဖူး။ အခု သုက်ကအဝါရောင်ညစ်ညစ်ထွက်တာ ဘာကြောင့်ပါလဲ။ သုက်ရည်အရောင်ဝါရောင် (လိမ်မော်ရောင်) ဖြစ်နေတာဆိုရင် အထဲမှာ ဘီလီရူဘင်ခေါ် အသားဝါရောဂါရှိနေသလား၊ သွေးနည်းနည်းပါနေသလား၊ ဆီးနဲ့ရောနေသလား စစ်ရမယ်။ အစားအသောက်နဲ့ အသက်အပေါ်မှာလည်း မူတည်တယ်။ ပုံမှန်ဆိုရင် အဖြူရောင်နဲ့ မီးခိုးရောင်ဖြစ်တယ်။ နောက်နေတယ်။ နည်းနည်းလေးတော့ဝါနိုင်တယ်။ တခါတလေမှာ အရောင်ပြောင်းတာ စိုးရိမ်စရာမရှိပါ။ သုက်ရည်ထဲမှာ သုက်ပိုး + အင်ဇိုင်းမ် + ဖရပ်တို့စ်သကြားဓါတ်တွေပါနေတယ်။ အသီးတွေ၊ ဆနွင်းမှုံ့တွေဖြစ်တယ်။ ကော်ဖီ၊ အသားတွေကနေ သုက်ရည်ကို အခါးဓါတ်ပိုစေမယ်။ အရောင်စိမ်းနေရင် ဆီးကျိတ်ရောင်နေလို့ဖြစ်မယ်။ သိပ်ပျစ်နေတာဆိုရင် ဟော်မုန်းနည်းနေနေလို့။ ဆီးအိမ်နဲ့ ဆီးထွက်လမ်းကြောင်း၊ အသည်း၊ သည်းခြေအိတ်နဲ့ ဆီးကျိတ်တွေကို စစ်ဆေးသင့်တယ်။ ဒေါက်တာတင့်ဆွေ ၂၇-၈-၂ဝ၁၅

The exiles တက္ကသီလာ ပြည်ပမှာ

Image
Khin Lay ဆရာရေ ၈၈ မှာတောခိုလာတဲ့လူတွေအများစုက နိုင်ငံပြင်ပကိုရောက်လာရင် ဘာဖြစ်လို့ သဘောထားတွေ ပြောင်းကုန်တာလဲမသိဘူးဆရာ။ တကယ်ဆိုရင် သူတို့လဲအာဏာရှင်ကိုဖြုတ်ချဖို့က လိုရင်းဆိုရင် သူတို့တွေလုပ်ခဲ့တဲ့ တော်လှန်ရေးနဲ့ လက်ရှိလုပ်နေတဲ့ စိတ်ခံစားမှုကဘာဆိုလိုလဲဆိုတာ နားမလည်နိုင်အောင်ပဲဆရာရေ။ Tun Thein ကျွန်တော့်အမြင်ကတော့ ဟီးရိုးလုပ်ချင်တာ၊ အများနဲ့မတူပဲဆန့်ကျင်ခဲ့ရင် ထင်ပေါ်မယ်ထင်တာလို့ပဲ မြင်ပါတယ်ဆရာ။ အတော်မေးသင့်တဲ့မေးခွန်းပါ။ မေးတဲ့သူကိုယ်တိုင်က ကိုယ်ပိုင်လေ့လာမှုသဘောလုပ်ပြီးမှ ထွက်လာမျိုး။ ကာလအပိုင်းအခြား အနည်းဆုံးနှစ်ခုကို ကြည့်ရတာမျိုး။ စာတမ်းလိုမရေးချင်ပါ။ လူနာမည် အသင်းအပင်းနာမည်တွေလည်း မတပ်လိုပါ။ ကျွန်တော်တို့က ဝါအရပြောရင် အကြီးဆုံးလည်းမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့ (နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့) ခေတ်က ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ ဒိနောက်မှရောက်လာတဲ့အုပ်စုတွေလည်းရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု၊ စသဖြင့် ရှိသေးတယ်။ ပြည်ပနိုင်ငံရေးသက်တမ်း အကြမ်းအားဖြင့် ၂၅ နှစ်ဆိုပါစို့။ ဒီကာလထဲမှာ အာဏာယူထားသူက အပြောင်းအလဲမရှိသေးပဲ၊ အင်စတီကျူးရှင်းခေါ်တဲ့ တည်ဆောက်မှုပုံစံတော့ တမျိုးပြောင်းလာတ

Match box မီးခြစ်

Image
- ဆေးဝါးကအစ ဘာပစ္စည်းဝယ်ဝယ် ဘယ်နှစ်နှစ်အာမခံဆိုတာရှိတယ်။ - ဒေလီမှာနေတုံးက နွေရာသီမှာ ဝါတာကူလာဆိုတာ အိမ်တိုင်းမှာမရှိမဖြစ်သုံးကြရတယ်။ နောက်တနှစ်ဆို ပြင်ရမယ်။ ရောင်းတာကလည်း တရာသီသာအာမခံတယ်။ - မြန်မာပြည်မှာ ဥတုသုံးပါးခံဆိုတာ ပေါ်ကာစက နတ်သမီးတံဆိပ်နဲ့ ယမ်းမီးခြစ်။ - အခု ငါးနှစ်အာမခံဆိုတာ ရှာနေကြပြီ။ ယမ်းမပါတဲ့ မီးခြစ်ပဲလိုချင်တယ်။ ဒေါက်တာတင့်ဆွေ ၂၅-၈-၂ဝ၁၅

Sweet words ဗမာလိုဗိုလ်လို နှုတ်ချိုချို

Image
- မင်္ဂလာပါလို့မပြောဖူး မရေးဖူးပါ။ ကောင်းသောမနက်ခင်းပါလို့လည်း မသုံးပါ။ - ဆောရီးလို့တော့ ပြောလည်းသလို ရေးလည်းရေးနေတယ်။ သိုင်းကျူးလို့တော့ ဗိုလ်လိုပြောပေမယ့် ဗမာလိုမရေးပါ။ - အိပ်မက်ချိုချိုလို့တော့ တခါမှဘာသာမပြန်ဖူးပါ။ (ဆွိ ဒရင်းမ်) လို့ အင်္ဂလိပ်စာလုံးနဲ့ရေးပါတယ်။ - ရင်းနှီးတဲ့သူကနေ အဲလိုရေးလာရင် မနက်ရောက်တော့ ဆီးချိုစစ်ပါလို့ပြန်ရေးတယ်။ - မနေ့ညက ဆေးခန်းမှာလာကူခဲ့တဲ့ဆရာမတယောက်ကနေ အဲလိုရေးတာဖြစ်လို့ (အင်စူလင် ဒရင်းမ်) လို့ရေးလိုက်တယ်။ (အင်စူလင်) ဆိုတာ ဆီးချိုအတွက် ထိုးဆေး။ - မြန်မာနိုင်ငံသားတွေ နှုတ်လည်းချိုကြပါစေ၊ ဆီးချိုဘေးကဝေးကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၆-၈-၂ဝ၁၅

Attention to အရွေးမခံကြသူများခင်ဗျား

Image
အခုပဲ အထဲကလူရွယ်တယောက်နဲ့ စကားစမြီပြောဖြစ်တယ်။ အနုတ်သဘောဆောင်တာတွေကိုရေးပြပြီး ဒါပေမဲ့ လှုပ်ရှားမှု့တော်တော်များများမှာ လူငယ်တွေပါဝင်လာတယ်။ ဖေ့စ်ဘွတ်ခ် ကွန်ယက်အကျိုးကျေးဇူးများလာတယ်။ အရာတိုင်းကို အရင်လိုလက်မခံကြဘူး။ တွေးလာကြပြီ။ စာလည်းပြန်ဖတ်လာကြတယ်။ ကျမတို့တိုင်းပြည်က သဘောင်္ကြီးနစ်တာ ဆန်ဆေးတောင်းနဲ့ဆယ်ရသလိုဖြစ်နေတော့၊ အားမှန်သမျှစုနေရမှာ။ စုန်းပြူးတွေနဲ့ ထိပ်ချလို့ ဓားပြမှန်းမသိသူတွေကလွဲရင် NLD ကိုမဲပေးမယ်။ ထုတ်/ထွက်တွေကို ကောက်စားလည်း အားအများကြီး ပါမသွားရင်တော်ပါပြီ။ ပြန်တိုက်တိုင်းလဲမရ၊ မိုက်တိုင်းလဲ ထောင်နန်းကြွရတဲ့ ဒီအာဏာရှင်အစိုးရ ကျဆုံးပွဲက ဖဲ့ချွေနည်းနဲ့ပဲ တိုးဝင်နေရသလို ဖြစ်နေပြီ။ ဆရာရေ့ ကျမလဲ နိုင်ငံမခြားတဲ့ နိုင်ငံခြားမှာနေတယ်။ တရုတ်ပြည်ရဲ့ မန္တလေး။ ဆရာ စာတပုဒ်ရေးပြီးပြီ။ ပို့ထားတယ်။ မကြာခင် တင်မယ်။ - အနုပညာသည်တွေ စာပေပညာရှင်တွေရဲ့အစွမ်းကို လျှမ်းလျှမ်းတောက်စေချင်နေတယ်။ - အရွေးမခံကြသူတွေရဲ့ အတ္တနည်းပါးမှုနဲ့ ပရဟိတစိတ်ကို ဖိတ်ခေါ်ချင်တယ်။ - လူငယ်လူရွယ်တွေ ဉာဏ်နဲ့မာန်ကို သိချင်တယ်။ ဒေါက်တာတင့်ဆွေ ၂၆-၈-၂ဝ၁၅

System အပြစ် = စနစ်

Image
Hayman Nyinyi ဆရာအချိန်ရရင်ဖြေပေးပါဦးနော်။ အခုမြန်မာပြည်မှာ ဆရာဝန်အထူးကုတွေနဲ့ ဆရာဝန်ငယ်တွေကြားမှာ လူနာတွေ မြေစာပင်ဖြစ်နေကြပါတယ်။ ဆရာဝန်ကြီးက ဒီဆေးသောက်ပြီးရင် တသက်လုံးသောက်ပေါ့။ ဥပမာပြောရရင် သွေးတိုးလူနာပေါ့ဆရာ။ ငယ်တဲ့ဆရာဝန်ကြတော့ ၇ နှစ် ၈ နှစ်စွဲသောက်တာမကောင်းဘူး။ တခြားဆေးဖက်ဝင်အပင်က ထုတ်တဲ့ herbal အမျိုးအစားနဲ့အစားထိုးပေါ့ဆရာ။ လူနာမှာ ဘာလုပ်ရမှန်းမသိတော့ဘူးပေါ့ဆရာ။ ဆရာ့အနေနဲ့ ဒါကို ဘယ်လိုမြင်ပါလဲ။ တကယ်ဖြစ်သင့်တာက ဘယ်လိုပုံစံလဲ။ ဆရာဝန်အထူးကုတွေက ဒီမှာ ၁ နာရီအတွင်း ရှိသမျှ လူနာ အကုန်ကြည့်တော့ လူနာပြောတာနားထောင်ဖို့ အချိန်မရဘူးဆရာ။ ဆရာဝန်ကြီးအားလုံးကိုမဆိုလိုပေမယ့် အများစုကတော့ဖြစ်နေတယ်။ နှလုံးဆရာဝန်က သူ့ရောဂါကုဖို့ပဲ။ လူနာကဆီးချိုလဲဖြစ်နေတယ်။ ဆီးချိုဆေး သူမကြည့်တော့ဘူး။ လူနာမှဆေးတွေများပြီး ဆေးတထုပ်နဲ့ ဘာလုပ်ရမှန်းမသိတော့ဘူးဖြစ်ကြတယ်။ ဆရာ့အမြင် ဆေးကုသမှုတွေ ဘယ်လိုလုပ်ဖို့လိုလဲ။ လူနာအတွက် ဒုက္ခမဖြစ်ဖို့ ကျင့်ဝတ်တွေလိုက်နာဖို့လိုနေပြီလား။ လူနာကို အချိန်ပေးမှုအားနည်းတာက ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲဆရာ။ လူနာနဲ့ဆရာဝန်ဆက်ဆံရေးအားကောင်းဖို့ နှစ်ဖက်လုံးက ဘာတွေလုပ်သင့်လဲဆရာ။ ကျေးဇူးပြုပြီးဖြေပေး

Heel Spur ခြေဖနောင့်အရိုးအတက်ထွက်ခြင်း

Image
သမီးအကိုတယောက်က ယခု့ မှာအလုပ်လုပ်နေပါတယ်။ သူ့ခြေထောက်နာနေတာကြာနေပါပြီ။ မနက် အိပ်ယာထရင် မလှုပ်နိုင်သေးပါဘူး။ သွေးပူမှလှုပ်ရှားလို့ကောင်းလာပါတယ်။ ဖြစ်တာက ၆ လလောက်ရှိပါပြီ။ အသက်က ၂၈ နှစ်ပါ။ မနေ့ကမှ ဓါတ်မှန်ရိုက်တာ ခြေဖနောင့်မှာအရိုးအတက်ထွက်တယ်လို့ သိရပါတယ်ဆရာ။ ဆရာဝန်တွေကတော့ ခွဲရမယ်လို့ ပြောပါတယ်။ ငွေလဲကုန်မယ်လို့ပြောပါတယ်။ ဘယ်လိုလုပ်လို့ရပါလဲဆရာ။ ခြေဖနောင့်အရိုးအတက်ဆိုတာ အရိုးလိုပဲ ကယ်လ်စီယမ်တွေစုပုံနေတာဖြစ်တယ်။ ဓါတ်မှန်ရိုက်ရင် လက္ခဝက်လောက်ရှိတဲ့ အတက်လေးထွက်နေတာတွေ့ရမယ်။ တခါတလေမနာဘူး။ ကြာတော့နာလာမယ်။ Plantar fasciitis ခေါ်တဲ့ ခြေအရွတ်ပြား ရောင်တာနဲ့ ဆက်စပ်နေတတ်တယ်။ ဘာလို့ဖြစ်သလည်း မပြောနိုင်ပါ။ အားကစားသမားတွေ ပြေးရတာများရင်ဖြစ်တတ်တယ်။ ဝတဲ့သူမျာများတယ်။ ဖိနပ် မတော်တာစီးရင်လည်း ဖြစ်နိုင်တယ်။ အသက်ရလာတာ၊ ဆီးချိုရှိတာ၊ မတ်တတ်ရပ်များတာ၊ ခြေနှစ်ဖက် မညီတာတွေကနေ Plantar fasciitis ပါဖြစ်နိုင်တယ်။ နာရင် စူးရှပြီးနာတယ်။ အပ်နဲ့ထိုးသလိုနေမယ်။ နာတာက နားရုံနဲ့မသက်သာတတ်ပါ။ တချို့ဆို အိပ်ယာထ ပိုဆိုးသေးတယ်။ လမ်းလျှောက်ရင် နာတာသက်သာမယ်။ လေ့ကျင့်ခန်းနည်း + အနာသက်သာဆေး + ကော်တီဇုန်းထိုးဆေး နဲ့ ခွဲစ

Universal flu vaccine comes closer တုပ်ကွေးကာကွယ်ဆေးနီးစပ်လာပြီ

Image
လွန်ခဲ့တဲ့၉ နာရီကထွက်တဲ့ဆေးသုတေသနသတင်းဖြစ်ပါတယ်။ တုပ်ကွေးမျိုးစုံကို တသက်တာကာကွယ်နိုင်မယ့် ကာကွယ်ဆေးဖြစ်ပါမယ်။ အကောင်တွေကို စမ်းသပ်ပြီးပါပြီ။ အမေရိကန်ဆရာဝန်တွေကနေ နှစ်ဖွဲ့ခွဲပြီးစမ်းသပ်နေတာပါ။ လက်ရှိထိုးနေရတာက တနှစ်တခါထိုးရတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်က မြူတေးရှင်းခေါ်တဲ့မျိုးဗီဇပြောင်းပြောင်နေလို့ တနှစ်သာခံတယ်။ အဲဒီအခက်အခဲကိုကျော်လွှားတဲ့နည်းကရှာဖွေထားတာဖြစ်ပါတယ်။ လက်ရှိကာကွယ်ဆေးက ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ကိုပစ်မှတ်ထားပါတယ်။ အဲဒီနေရာက ပြောင်းလဲတတ်လို့ ဆေးသက်တမ်း ကြာကြာမခံပါ။ တုပ်ကွေးဆိုတာ နှာချေ ချောင်းဆိုးရာက တယောက်ကိုတယောက် ကူးစက်လွယ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၂၄-၈-၂ဝ၁၅ http://www.bbc.com/news/health-34038808

Vote Rain ပုလဲမှာရွာတဲ့မိုး

Image
- ပုလဲမှာရွာတဲ့မိုး ပေါင်းမြက်တွေကတိုး၊ - သစ်ပင်တွေအရိုးရှည် လူသူမနေကြာရှည်၊ - လွမ်းသလေမောင်ကြီး ရွေးကောက်ပွဲနီး၊ - သည်းကြီးမည်းကြီး ၁၉၉ဝ တုံးကလို နယ်အစုံမှာ မဲမိုးကြီးရွာစေသောဝ်။ ဒေါက်တာတင့်ဆွေ ၂၄-၈-၂ဝ၁၅ (ကနေ့ရိုက်ပို့လိုက်တဲ့ ပုလဲက ကျွန်တော့်ဆေးခန်းအိမ်ကလေး)

Perforated eardrum နားစည်ပေါက်ခြင်း

Image
ကျနော်က ကို့ ပါ။့ ရွာဇာတိပါ။ အသက်(၃၈)နှစ်ပါ။ ကျနော့်ညာဘက်နားစည်က ပုံပါအတိုင်း အပေါက် ဖြစ်နေပါတယ်။ အသံတွေကိုကွဲကွဲပြားပြားမကြားရပါ။ ဖြစ်နေတာ (၅)နှစ်လောက်ရှိပါပြီ။ နားကျပ်တံအမြဲသုံးပါတယ်။ ဘယ်လိုလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ။ နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားတယ်။ အပြင်ပိုင်း၊ နားစည်နဲ့ နောက်မှာ လေနဲ့ပြည့်နေတဲ့ နားအလည်ပိုင်း ရှိတယ်။ နှာခေါင်းနဲ့ နားအလည်ပိုင်းက (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်းကနေ ပြန်ထွက်တယ်။ ဦးနှောက်နဲ့ဆက်နေတဲ့ နားအတွင်းဆုံးပိုင်း။ နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။ ၁။ အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။ ၂။ အလည်နားပိုင်းကို အပြင်လောကကနေ အကာကွယ်ပေးထားတယ်။ နားစည် ဘာလို့ ပေါက်ရသလဲ - • Otitis media နားအလည်ပိုင်းပိုးဝင်တာကနေထွက်တဲ့အရည်ရဲ့ဖိအားကြောင့် နားစည်ပေါက်ရတယ်။ • Barotrauma နားစည်ရဲ့အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ လေဖိအား သိပ်ခြားနားတဲ့အခါမှာဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လဲ ဖြစ်တတ်တယ်။ • သေနတ်သံလို၊ ပေါက်ကွဲသံ၊ ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။ • နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။ • ခေါင

Facebook and Election ဖေ့စ်ဘွတ်နဲ့ ရွေးကောက်ပွဲ

Image
- ဖေ့စ်ဘွတ်မှာတော့ မဲလာဆွယ်လို့မရ။ အားလုံးက အရွေးခံမယ့်သူတွေထက်သာတယ်။ - အဲလိုလူတွေထက်သာတာက အရွေးမခံမယ့်သူ။ ဆူဆူလုပ်ရင် သန်းကောင်ယံမှာလာခဲ့မယ်တဲ့။ - ဘယ်ရမလည်း ဖေ့စ်ဘွတ်ကလူတွေကလည်း သန်းကောင်ထက် ညဥ့်မနက်သူချည်းပဲ။ - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ ဖရင်း ၅ဝဝဝ တိတိရှိတယ်။ အပ်ချင်သူရှိလာရင် အရင်လူတွေကို မိဘနှစ်ဆက် စစ်ကြည့်ပြီး ထုတ်လိုက်မယ်။ - ဖေ့စ်ဘွတ်မှာလို ပါဝါရှိတာက ကော်မရှင်။ ရွေးကောက်ပွဲရလဒ်ကြည့်ပြီး ဘလော့ဖို့ကအဆင်သင့်တဲ့။ - ဖေ့စ်ဘွတ်သုံးတာကို စိစစ်ရမယ်ဆိုသူကို ချိုတပ်ပေးလိုက်ပြီ။ - ဖေ့စ်ဘွတ်အထက်မှာ ဘယ်သူမှမရှိစေရ။ မဟုတ်သေးဘူး အဲလိုပြောတဲ့သူ ခံရတတ်တယ်။ - ဖေ့စ်ဘွတ်အပြင်ဖက်မှာ ၂ဝ၁၅ ရလဒ်ရှိတယ်။ ဒေါက်တာတင့်ဆွေ ၂၃-၈-၂ဝ၁၅

Radio broadcasting

Image
ရေဒီယိုကို မြန်မာ့အသံတခုတည်းသာရှိကတည်းက (အလယ်တန်းကျောင်းသားဘဝ) နားထောင်လာခဲ့ပါတယ်။ နောက်မှာ မိုးလုံးပြည့်မုသာဝါလို့ ဘွဲ့အမည်ရတဲ့ (ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ) ခေတ် (အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီ ကို မထည့်သေးပါ) ရောက်တော့လည်း နေ့-ည မပြတ်နားထောင်ခဲ့ပါတယ်။ အခုတော့ (ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ) သုံးခုကို တနေ့မှာ မနက်-ည အနည်းဆုံး နှစ်ခုကို အွန်လိုင်းကနေ နားထောင်ပါတယ်။ ပြောင်းလဲလာတာတွေကို သတိထားမိတယ်။ မြန်မာ့အသံခေတ်တုံးက ဆရာရွှေဥဒေါင်းကနေ မြန်မာ့အသံသည် ကျွန်ုပ်၏ နားကိုကလောစေ၏လို့ လုပ်သားပြည်သူ့နေ့စဉ်မှာရေးတာကို ဖတ်ဖူးတယ်။ အခုတော့ ပြည်ပရေဒီယိုများတွင် အင်တာဗျူးပေးသူများသည် ကျွန်ုပ်၏နားထဲ အဆီအငေါ်မတည့်ဝင်လာတတ်၏။ တခါတရံ အင်္ဂလိပ်-မြန်မာ အဘိဓါန်ကိုလှန်ခိုင်း၏။ အခုလေးတင်းကြားလိုက်သေးတယ်။ ကွန်ဆာလ်တေးရှင်း မီတင်တွေ လုပ်ပါသတဲ့။ ကျွန်တော်လည်း တခါခါ လျှာချော်သွားတတ်၏။ ဒေါက်တာတင့်ဆွေ ၂၃-၈-၂ဝ၁၅

PCOS and Clomid မျိးဥအိမ်ရောဂါနဲ့ ကလေးရအောင်လုပ်နည်း

Image
ဆရာရှင့် ကျွန်မ အသက် ၂၂ နှစ်ရှိပါပြီ။ အိမ်ထောင်ကျတာ ၃ နှစ်ရှိပါပြီ။ အမျိုးသားက ၂၆ ပါ။ အခုလက်ရှိ့ မြို့မှာ နေထိုင်ပါတယ်။ ကျွန်မ ရာသီမမှန်တာ အိမ်ထောင်စကျကတည်းကပါ။ အပျိုတုန်းကတော့ အမြဲရာသီမှန်မှန် လာပါတယ်။ အိမ်ထောင်ကျပြီးတော့ ၃လ သန္ဓေတားဆေးထိုးပြီးနောက်ပိုင်း ရာသီမမှန်လို့ OG နဲ့ ပြကြည့်တော့ PCOS ဖြစ်နေတယ်လို့ ပြောပါတယ်။ PCOS နဲ့ပတ်သက်ပြီး ဆရာရေးထားတဲ့စာတွေဖတ်ဘူးပါတယ်။ ဒါပေမဲ့ ကျွန်မမှာ PCOS ရဲ့ လက္ခဏာတွေဖြစ်တဲ့ အမွေးပေါက်များတာ ဝက်ခြံတွေအများကြီးထွက်တာ အဝလွန်တာတွေမရှိပါဘူး။ အာလ်ထာဆောင်း အဖြေမှာ ovaries မှာ ရေအိပ်သေးသေးလေးတွေ အများကြီးဖြစ်နေတာနဲ့ ရာသီ လုံးဝထိန်နေတာ ဖြစ်ပါတယ်။ သန္ဓေတားဆေးမသောက်ရင် လုံးဝရာသီမလာပါဘူး။ ကျွန်မဆီမှာ အမ ၂ ယောက်ရှိပြီး တစ်ယောက်က သားသမီး ထွန်းကားပါတယ်။ နောက်တစ်ယောက်ကလဲ PCOS ဖြစ်နေပါတယ်။ သူလဲအိမ်ထောင်ကျတာ ၅ နှစ်ရှိပြီး ကလေးမရသေးပါဘူး။ ကျွန်မ အခုလက်ရှိ တစ်နေ့ကို diane35 နဲ့ metformin 500mg ၁ လုံးစီ သောက်နေပါတယ်။ ဆရာရေးတဲ့စာထဲမှာ clomid ကိုသုံးရမယ်လို့ဖတ်ဘူးပါတယ်။ ကျွန်မအမ ရန်ကုန်မှာဆေးခန်းပြတော့ PCOS ရှိသူတွေကို သားဥကြွေဆေးသောက်ခိုင်းလို့မရဘူးလို့ သူ့ပြတဲ့ OG ကေ

All politics is personal အမျိုးသားနိုင်ငံရေး

Image
ပို့စ်တခု = (ကို)့ ရေ ပရဟိတလုပ်တာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ စာတော့ဖတ်စေ့ချင်တယ်။ ပါတီနိုင်ငံရေးတို့ အမျိုးသားနိုင်ငံရေးတို့ ခွဲပြောနေကတည်းက စာမဖတ်တာသေချာတယ်။ ကျွန်တော့်ကိုလည်း အသိဘုန်းဘုန်းတပါးက အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ရေးပါအုံးတဲ့။ ကြံချောင်းကို အရင်းနဲ့အဖျား အကြိုက်မှာ ပညာပြိုင်ကြသလိုမျိုး ပညာမပါလို့ ဘာရေးရမလည်း စဉ်းစားနေတုံးပါဘုရားလို့ လျှောက်ထားခဲ့တယ်။ အမေရိကန်နိုင်ငံရေးကို All politics is national နိုင်ငံရေးဟူသမျှ အမျိုးသားရေးဖြစ်တယ်လို့ ၁၃-၇-၂ဝ၁၂ နေ့က ဂျော့ မေဆင် ဥပဒေ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေးဗစ် ရှလက်ချာကနေ အတ်တလန်းတစ်ဂျာနယ်မှာ ရေးခဲ့တယ်။ အရင်က မြန်မာ့သမိုင်းမှာ အမျိုးသားရေးဆိုတာ ကိုလိုနီဆန့်ကျင်ရေးအဖြစ်သုံးစွဲခဲ့ပါတယ်။ အခုသုံးနေတာက ကိုလိုပြုသူတွေဖက်ကနေသုံးလာတာသာဖြစ်တယ်။ တိုင်းပြည်အာဏာသိမ်းသူတွေကစပြီး အမျိုးသားနိုင်ငံရေး စကားလုံးကို ဘာလိုလိုညာလိုလိုသုံးရာကနေ ကူးစက်ရောဂါလိုဖြစ်လာတယ်။ အဲတာလည်း အဘရောဂါပါပဲ။ ဒီမိုကရေစီသာဆိုရင် ပါတီနိုင်ငံရေးမလုပ်ရင် ဘာလုပ်မှာလည်း။ တသီးပုဂ္ဂလလို့တော့မပြောနဲ့။ အဲတာက တကိုယ်တော် နိုင်ငံရေးပါတီပါပဲ။ ငါကမှ အများအတွက်ပြောအုံးမလာ

Reading is the Key စာဖတ်နည်း

Image
လွန်ခဲ့တဲ့တနှစ်တိတိကတင်တာကို ဖေ့စ်ဘွတ်ကအသိပေးလို့ ပြန်တင်ပါရစေ။ • လူတိုင်းကိုယ်စီ ဝတ္ထ္ထုတိုရှည် ရှိကြသည်၊ • အပြောကောင်းသူပြောတာ နားထောင်ကောင်းမည်၊ • အရေးကောင်းသူရေး ဖတ်လို့ကောင်းမည်၊ • ရသတော့ရမည်၊ အတည်ယူလို့မရတာတွေ ရှိပါမည်၊ • မပြောတဲ့ဇာတ်လမ်းက ပိုကြမ်းနိုင်သည်၊ ပိုလွမ်းရနိုင်သည်၊ ပိုသင်္ခန်းစာရနိုင်စရာရှိမည်။ • ပြောချင်လျှက်နဲ့ ပြောမထွက်တာတွေ သေချာပေါက်ရှိကြပေသည်၊ • ကိုယ့်အကြောင်းသာမက သူများအကြောင်းတွေလဲ ထုတ်ပြောလို့မကောင်းတာတွေ ရှိပေသည်၊ • ပြောတိုင်း၊ ရေးပြတိုင်း အကုန်မယူသင့်သလို၊ ပြောမပြတာကိုပါ နားလည်ယူကြရမည်၊ • အပြောမခံရသူတိုင်းကို ကိုင်းရှိုင်းသင့်တယ်လို့ မထင်သင့်ပါ၊ • စာတွေလည်းဖတ်ပါ၊ စာထဲမှာမပါတာကိုလည်းဖတ်ပါ။     ။ ဒေါက်တာတင့်ဆွေ ၂၃-၈-၂ဝ၁၄

Dear Sir လူကြီးမင်းသို့

Image
• ငယ်ငယ်ကတည်းက ကျောင်းစာမဟုတ်တဲ့အပြင်စာတွေကို ဖတ်နိုင်သလောက်တော့ဖတ်ခဲ့တယ်။ ကာတွန်းကစပါတယ်။ • (ဖဆပလ) ခေတ်မှာ နိုင်ငံရေးပါတီတိုင်းမှာ ကိုယ်ပိုင်ကာတွန်းဆရာတွေနဲ့ ရွေးကောက်ပွဲ လုံးချင်း  ကာတွန်းစာအုပ်တွေ ထုတ်ကြတယ်။ အပြတ်အသတ်ချဲကြတယ်။ • အခုလာမယ့်ရွေးကောက်ပွဲမှာ သူ့အကြိုက်ကိုယ်အကြိုက်ရေးနေကြတယ်။ ကျွန်တော်နဲ့ သဘောမတူတာတွေလည်း မနည်းပါ။ အဲတာတွေကို ပြန်ချေပသလို မရေးချင်ပါ။ • ငယ်တုံးက မဂ္ဂဇင်းတွေလည်း လစဉ်ဖတ်ဖြစ်တယ်။ အမြင်ကတ်တာရှိတယ်။ စာရေးဆရာတယောက်ရေးတာကို နောက်တယောက်က မကျေနပ်လို့ ဝေဖန်တဲ့စာတွေဖတ်ရတော့ အသိအမြင်တော့ ရစေပါတယ်။ ကဗျာဆရာတွေလည်းပါတယ်။ ရသဆိုတာတော့ခံစားရပါတယ်။ • ဒါပေမယ့် စာရေးဆရာတွေ၊ ကဗျာဆရာတွေက သူတို့သာသိတဲ့ဝေါဟာရတွေ၊ အကြောင်းအရာတွေ၊ အကိုးအကားတွေကိုသာရေးကြတော့ လိုက်မမီပါ။ • သူတို့အချင်းချင်း အပြန်အလှန်ရေးနေကြတာတွေကို ဖတ်ရတာဟာ လမ်းပေါ်မှာရန်ဖြစ်နေကြတာကို ဘေးကနေ ရပ်ကြည့်နေရသလိုဖြစ်နေတယ်။ • ခုနေမှာ မဲပေးကြမယ့်သူတွေက အရေးအကြီးဆုံးပဲ။ သူတို့မသိတာတွေကို စကားတတ်တိုင်း၊ သုတရှိတိုင်း လျှောက်ရေးနေရင် ကျွန်တော်လိုလူမျိုးက အမြင်ကတ်တာခံရမယ်။ • ကျွန်တော်တော့ တည့်ဒိုးပဲရေးချင်တယ်။ ချေပစာမျိုးမ

Medicine advertisement ကြော်ငြာဆေးအမေးကနေ သက်တမ်းတိုစေတယ်

Image
ကြော်ငြာဆေးတွေ မေးလာကြပြန်ပြီ။ အရပ်ရှည်ဆေးနဲ့ ပိန်ဆေးတွေ။ တယောက်ပြီးတယောက်။ ၁။ ဆရာရှင့် ဆရာ့ post မှာ တစ်ခါတင်ဖူးတဲ့ပိန်ဆေးပါ ဘယ်လိုပုံစံနဲ့သောက်ရမလဲဆိုတာ သိချင်ပါတယ်ရှင်။ ကလေး မွေးပြီးထဲက တဖြည်းဖြည်းဝလာတာပါပဲ။ လက်မောင်းထဲထည့်တာပဲ။ တားဆေး အခြားဆေးဘာမှ မသောက်ပါဘူးဆရာ။ ကလေးမမွေးခင်ကတော့ အစာအိမ်ရောင်ဖူးပါတယ်။ သောက်လို့ရလားသိချင်လို့ပါ။ ကြော်ငြာဆေးဖြစ်တယ်။ ဂူဂယ်လ်မှာ ရှာမရပဲ ဖေ့စ်ဘွတ်သာရှိတယ်။ ဆိုလိုတာက ဆေးသုတေသနမရှိပါ။ ၂။ ဆရာ calcium USA အကြောင်သိချင်လို့ပါ။ ဆရာတင်ထာပြန်ရှာတော့ ရှာမတွေ့ဘူဖြစ်နေတယ်။ ကျေးဇူပြု၍ ပြန်တင်ပေအုန်းခင်ဗျာ။ High Up-Calcium USA အရပ်ရှည်ဆေးကိုမေးလို့ဖြေနေရတာ လူ ၂ဝ လောက်ရှိပြီ။ ဆရာဝန်တွေ တကယ်သုံးတဲ့ ဆေးမျိုးကို အဲလောက်မမေးကြပဲ ကြော်ငြာဆေးပဲမေးနေကြတယ်။ အဲလိုဟာတွေဖြေနေရတာ အချိန်ဖြုန်းနေရသလိုပဲ။ ခဏနေရင် ဘယ်မှာဝယ်ရမလည်းမေးအုန်းမယ်။ ကောင်းသလားလည်းမေးအုန်းမယ်။ အခုလည်းပြန်တင်ခိုင်းနေတယ်။ ဆရာရှင့် ကျွန်မအသက်၂၆ပါ။ အရပ်ပုပါတယ်။ အွန်လိုင်းမှာအရပ်ရှည်ဆေး ကြော်ငြာတွေ့လို့ စိတ်ဝင်စားမိပါတယ်။ တကယ်ပဲ ၂၆ ကျော်လဲရှည်တယ်ဆိုတာ ဟုတ်ပါသလား။ ၃ လ သောက်ရတယ် ပြောပါတယ်ဆရာ။ ဘေးထွက်ဆိ

Acute Periphreral Vertigo အမူးရောဂါ

Image
ကျွန်တော် မနက်အိပ်ယာထကတည်းက နေမကောင်းပါ။ ဒေါ်မြမြအေးက ကနေ့မနက် Colonoscopy screaming test အူမကြီးလမ်းကြောင်းစစ်ဆေးခံဖို့ရှိတယ်။ အဲတာကို ကျွန်တော်ကတော့ ၁၂-၃-၂ဝ၁၅ နေ့ကတည်းကစစ်ထားပြီးပါပြီ။ ၂-၂-၂ဝ၁၅ နေ့က ရုတ်တရက်ခေါင်းမူးပြီး ထိုင်ခုံမှာ ထိုင်လျှက်သားကျသွားတယ်။ ညပိုင်းမှာမသက်သာတာနဲ့ ER အရေးပေါ်ဆေးရုံကို သွားရတယ်။ Brain CAT အထိရိုက်စစ်တယ်။ ဦးနှောက်ကောင်းပါသတဲ့။ ရောဂါအမည်တပ်တာက Dizziness (Uncertain cause) ဖြစ်ပါတယ်။ Dizziness ဆိုတာ Vertigo ဖြစ်ပါတယ်။ Balance problem ကိုယ်ခန္ဓာ မထိန်းနှိုင်မှုပြဿနာကနေ ခေါင်းမူးတာဖြစ်ပါတယ်။ ဒီကြားထဲမှာ ဆေးလေး ၁ ပြားကို တခါတရံသာသောက်ရတယ်။ ဒါပေမယ့် ကနေ့မနက်အိပ်ယာအထ ပတ်ခြာလည်အောင် ခေါင်းမူးပါတော့တယ်။ ဆေးစစ်တဲ့ဆီမလိုက်နိုင်ပါ။ သားတယောက်နဲ့သာသွားရတယ်။ မိတ်ဆွေတယောက်ရောက်လာပြီး လိုတာလေးတွေလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဆေးရုံကပြန်လာတော့လည်း ကျွန်တော်က အိပ်ယာထဲမှာပဲ။ အန်တီမှာ အူမကြီးကင်ဆာမရှိ။ (ပေါလစ်) အသီးလေး ၂ ခုတွေ့လို့ တခါတည်းဖြတ်ပေးတယ်။ (ဘိုင်အော့ပ်စီ) လုပ်မယ်။ ၁ဝ ရက်နေ အဖြေသိရမယ်တဲ့။ ကျွန်တော့အမူးရောဂါ ဒီတခါ အတော်ဆိုးတယ်။ အန်ချင်တဲ့အထိ (ကန်တော့ပါ) မူးတယ်။ (ပ

VDRL ကာလသားရောဂါ စစ်ဆေးနည်းများ

Image
၁။ သမီးက ၂ဝ၁၂ လောက်က အသက်က ၂၇ ပါ ဆစ်ဖလစ်ရောဂါ ခံစားခဲ့ရဖူးပါတယ်။ အဲ့အချိန်တုန်းကတော့ အိမ်ထောင်မရှိသေးပါဘူး။ ဘယ်သူနဲ့မှလည်း အတူမနေဖူးပါဘူး။ သွေးလှူလှူနေရင်းနဲ့ ဘယ်လိုအကူးခံရလဲတောင် မသိခဲ့ပါဘူး။ စဖြစ်ခါစသွးစစ်တော့ VDRL 2 dilute (TPHA positive) ပြပါတယ်။ အထူးကုဆရာဝန်နဲ့ပြသခဲ့ပါတယ်။ ဆေးထိုးမယ်ပြောတော့ ပင်နီဆလင် တပတ် ၁ လုံးနဲ့ ၃ ပတ်တိတိ ဆေး ၃ ကြိမ်ထိုးခဲ့ပါတယ်။ အခုအသက်က ၃ဝ၊ ကိုယ်ဝန်က ၃ လ ရှိနေပါပြီ။ ဆေးကုသမှုလုပ်ပြီး တပတ်နေမှာ သွေးထပ်စစ်တော့ VDRL 1 dilute ဆိုပြီးပဲ ပြပါတော့တယ်။ အဲ့လိုနဲ့ သမီးလည်း သွေးကို non-reactive  မပြမချင်း သွေးစစ်သော်လည်း သွေးအဖြေက အခု ကိုယ်ဝန်ရှိချိန်ထိ VDRL 1 dilute ဆိုပြီးပဲ ပြနေတုန်းပါပဲ သမီးလည်းအဲ့ဒါနဲ့ ဆစ်ဖလစ်ဖြစ်တုန်းက ဆရာဝန်ကို ပြန်ပြတော့ ဆရာဝန်က ပြောပါတယ် active မဖြစ်ပါဘူး ဒါဟာ  သွေးထဲမှာတဲ့ အမာရွတ်လို ပုံစံနဲ့ကျန်နေတာပါတဲ့ ကလေးကိုလည်း မကူးစက်နိုင်ပါဘူးတဲ့ ဆေးဝါးကုသမှုလည်းမလိုပါဘူးလို့ OG ကိုပြောခိုင်းပါတယ် dilute တွေ တက်လာရင်သာ ဆေးကုသမှုလုပ်ရမှာပါတဲ့၊ 1 dilute နဲ့ 2 dilute ဆိုတာက ဘာမှမဖြစ်ပါဘူးတဲ့၊ ကွာဟမှု သိပ်မရှိပါဘူးတဲ့၊ ဆေးမှတ်တမ်းတွေကိုသာ သေချာသိမ်းထားပါ O

Transderm-Scop patch အမူး-အအန်ပျောက်ဆေးကပ်ခွါ

Image
ယာဉ်စီးရင် မူးတာ-ပျို့တာ-အန်တာ သက်သာစေဘို့မှာသုံးနိုင်တယ်။ မေ့ဆေးကြောင့် အဲလိုဖြစ်တာအတွက်လည်း သုံးနိုင်တယ်။ ကိုယ်ထဲမှာရှိနေကြတဲ့ acetylcholine နဲ့ norepinephrine တွေကို မျှခြေမှန်အောင် လုပ်ပေးတဲ့ဆေး ဖြစ်တယ်။ ဦးနှောက်မှာရှိတဲ့ ပျို့-အန်တာကိုအချက်ပေးစနစ်ကိုပါ ပိတ်ပေးစေနိုင်တယ်။ ကလေးတွေကိုမသုံးရပါ။ ကပ်ထားတာကိုခွါလိုက်ပြီး အမွှေးမထူတဲ့ သန့်တဲ့ကိုယ်အရေပြားတနေရာရာမှာကပ်ပါ။ ၃ဝ စက္ကန့်ကြာဖိပေးပါ။ ကပ်စရာမှာပါနေတဲ့ဆေးကို ၃ ရက်တာထုတ်ပေးနောတာကို အရေပြားကနေစုပ်ယူလိမ့်မယ်။ မူး-အန်စရာမဖြစ်မီ ၄ နာရီ ကြိုတင်ကပ်ထားပေးပါ။ နလိုရတော့ရင် စောပြီးခွါပါ။ လိုသေးရင် ၃ ရက်နေတော့ အသစ်လဲကပ်ပါ။ ဗိုက်ခွဲမွေးတဲ့ခွဲစိတ်မှုအတွက်ဆိုရင် မခွဲခင် ၁ နာရီသာကြိုတင်ပါ။ ဒါမှ ဆေးက ကလေးဆီမရောက်စေမှာဖြစ်တယ်။ ခွုပြီး ၂၄ နာရီမှာခွါပြစ်ပါ။ ဘေးထွက်ဆိုးကျိုးအရ သူငယ်အိမ်ကိုကျယ်စေလို့ ခဏတာ မျက်စိကြည့်မကောင်းတာဖြစ်စေမယ်။ ခွါပြစ်ပြီးနောက်မှာ နည်းနည်းခေါင်းမူးနေနိုင်တယ်။ ကိုယ်ခန္ဓာထိန်းရတာအားနည်းမယ်။ ခေါင်းနည်းနည်းကိုက်နိုင်တယ်။ ကြွက်သား အားနည်းနေနိုင်တယ်။ နှလုံးခုန်းနှေးမယ်။ အာခေါင်ခြောက်နေမယ်။ ချွေးထွက်နည်းမယ်။ ဝမ်းချုပ်မယ်။ ဆေးနည့်

The Upper hand အထက်လွှတ်တော်

Image
သတင်း = ရွေးကောက်ပွဲနဲ့ ရေဘေးအတွက် အမျိုးသားလွှတ်တော်ကြီးကို ရပ်နားလိုက်သည်။ ကမ္ဘာအဆိုးဝါးဆုံး သဘောဝဘေးတွေ (၂၅) ခုစာရင်းရှိတယ်။ ဘယ်မှာဖြစ်ဖြစ် သက်ဆိုင်ရာတိုင်းပြည်တွေမှာ သဘာဝေ ဘေးအန္တရာယ်ကြောင့် ဘယ်လွှတ်တော်၊ ဘယ်ကွန်ဂရက်မှ ရပ်နားရတယ်လို့မရှိပါ။ 1. 526 = Antioch Earthquake ဆီးရီးယား ငလျင် 2. 1138 = Aleppo Earthquake ဆီးရီးယား ငလျင် 3. 1348 = The Black Death ဥရောပ ပလိပ်ကပ် 4. 1600s = The Great White Plaque ဥရောပ တီဘီကပ်ရောဂါ 5. 1775 = North American Smallpox Epidemic မြောက်အမေရိက ကျောက်ကြီးရောဂါကပ် 6. 1918 = Spanish Influenza စပိန် တုက်ကွေးရောဂါကပ် 7. 1920 = Haiyuan Earthquake တရုပ် ငလျင် 8. 1931 = Yangtze River Floods ယန်စီမြစ်ရေလျှံခြင်း 9. 1970 = Bhola Cyclone ဘင်္ဂလာဒက်ရှ် ဆိုက်လုန် 10. 1976 = Tangshan Earthquake တရုပ် ငလျင် 11. 1985 = Nevado del Ruiz Volcano Eruption ကိုလမ်ဘီယာ မီးတောင်ပေါက်ကွဲခြင်း 12. 1993 = Hurricane Andrew အာဖရိကအနောက်ဖက်ကမ်းခြေ ဟာရီကိန်း 13. 1994 = North Korean Famine မြောက်ကိုရီးယား အစာရေစာငတ်မွတ်ခြင်း 14. 2000 = Mozambique Flood မိုဇမ်ဘစ် ရေလျြှံ