Attention to အရွေးမခံကြသူများခင်ဗျား

အခုပဲ အထဲကလူရွယ်တယောက်နဲ့ စကားစမြီပြောဖြစ်တယ်။ အနုတ်သဘောဆောင်တာတွေကိုရေးပြပြီး ဒါပေမဲ့ လှုပ်ရှားမှု့တော်တော်များများမှာ လူငယ်တွေပါဝင်လာတယ်။ ဖေ့စ်ဘွတ်ခ် ကွန်ယက်အကျိုးကျေးဇူးများလာတယ်။ အရာတိုင်းကို အရင်လိုလက်မခံကြဘူး။ တွေးလာကြပြီ။ စာလည်းပြန်ဖတ်လာကြတယ်။ ကျမတို့တိုင်းပြည်က သဘောင်္ကြီးနစ်တာ ဆန်ဆေးတောင်းနဲ့ဆယ်ရသလိုဖြစ်နေတော့၊ အားမှန်သမျှစုနေရမှာ။ စုန်းပြူးတွေနဲ့ ထိပ်ချလို့ ဓားပြမှန်းမသိသူတွေကလွဲရင် NLD ကိုမဲပေးမယ်။ ထုတ်/ထွက်တွေကို ကောက်စားလည်း အားအများကြီး ပါမသွားရင်တော်ပါပြီ။ ပြန်တိုက်တိုင်းလဲမရ၊ မိုက်တိုင်းလဲ ထောင်နန်းကြွရတဲ့ ဒီအာဏာရှင်အစိုးရ ကျဆုံးပွဲက ဖဲ့ချွေနည်းနဲ့ပဲ တိုးဝင်နေရသလို ဖြစ်နေပြီ။ ဆရာရေ့ ကျမလဲ နိုင်ငံမခြားတဲ့ နိုင်ငံခြားမှာနေတယ်။ တရုတ်ပြည်ရဲ့ မန္တလေး။

ဆရာ စာတပုဒ်ရေးပြီးပြီ။ ပို့ထားတယ်။ မကြာခင် တင်မယ်။
- အနုပညာသည်တွေ စာပေပညာရှင်တွေရဲ့အစွမ်းကို လျှမ်းလျှမ်းတောက်စေချင်နေတယ်။
- အရွေးမခံကြသူတွေရဲ့ အတ္တနည်းပါးမှုနဲ့ ပရဟိတစိတ်ကို ဖိတ်ခေါ်ချင်တယ်။
- လူငယ်လူရွယ်တွေ ဉာဏ်နဲ့မာန်ကို သိချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး