Three Musketeers သုံးယောက်ပေါင်းသော်

NLD အောင်နိုင်ရေး ပြေးလွှားနေသူတွေကို အားပေးနေတယ်။ မျှော်မှန်းချက်အတိုင်းမဖြစ်လို့ စိတ်ပျက်သူတွေကိုလည်း အားပေးပါတယ်။ ကျန်းမာရေးမေးတဲ့သူ အတော်များများကို စိတ်ကိုအပြုသဘောဆောင်ပါလို့ အကြံပေးရတတ်တယ်။

NLD မှာ အောင်စာရင်းထဲမပါသူတွေကို ဝယ်နေသတဲ့။ ဝယ်သွားပြီတဲ့။ ကျွန်တော့်နယ်ကစာရင်းရလာတယ်။ လူနာမည်သုံးလုံးနဲ့သူက ဦးဆောင်ပြီး၊ အတိုကောက်သုံးလုံးက ဦးစီးတဲ့ပါတီကတဲ့။ အဲတာတွေထိပ်မှာက လက်ရှိသမားတဲ့။ သူတို့လုပ်မှာက NLD မဲမရရေးတဲ့။ စကားပုံတခုရှိတယ်။ သူများမကောင်းကြံ ကိုယ့်ဘေးဒဏ်ထိတဲ့။

ငယ်တုံးကကြည့်ဖူးတဲ့ ရုပ်ရှင်တကားက သုံးယောက်ပေါင်း လောင်းကျော်တဲ့။ Three Musketeers ကို မြန်မာမှု ပြုထားတာပါ။ (မာစကက်တီးယား) ဆိုတာ ပြောင်းရှည်သေနတ်ကိုင်တဲ့ စစ်သားတဲ့။

ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၅

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်