Hello everybody ဗျိုးဟစ်ခြင်း

တောရွာတွေမှာ အလှူပေးတဲ့အခါ တရွာလုံးကိုဖိတ်ရင် ရွာဆော်လုပ်သူကနေ လမ်းဆုံလမ်းမကရပ်ပြီး၊ အလှူကို ကြွရောက်ဖို့ရာ အော်ဖိတ်တယ်။ ဗျိုးဟစ်တယ်လို့ခေါ်တယ်။ အယုတ်အလတ်အမြတ်မရွေး ကြွရောက်ကြပါလို့ဖိတ်တာပါ။

ဝေဖန်ရေးလုပ်တဲ့အခါမှာ တချို့ကဗျိုးဟစ်သလိုလုပ်ကြတယ်။ ဆရာဝန်တွေအကုန်၊ စစ်သားစစ်ဗိုလ်တွေအကုန် စသဖြင့် ကောင်းတယ် မကောင်းဘူးပြောကြ ရေးကြတယ်။ ယေဘုယျချခြင်းအမှားမကင်းဆိုပြီး စာလေးတပုဒ်ရေးထားသေးတယ်။

တမြန်နေ့က Goat အကောင်ပျောက်ရှာဖွေရေး အော်ပရေးရှင်းကိုရေးတော့ သဘောပိုက်မိသူ အတော်နည်းတယ်။ သက်သတ်လွတ်စားတာမှတ်တဲ့သူက မှတ်သေးတယ်။ ကုလားဆိုတဲ့အသုံးဟာ အခုအစိုးရလက်ထက်မှာပေါ်တဲ့ ဗန်းစကားလို့ရေးတာပါ။ ကုလားအသုံးက မှားတယ်။ ကုလားဆိုတိုင်း မကောင်းလို့ထင်ကြတာ မှားတယ်။ ဗုဒ္ဓဘာသာ အမည်ခံတိုင်းလည်း ဓမ္မနဲ့ညီတာ မဟုတ်ဖူးလို့ ပြောချင်တာ။

ဆရာဝန်တွေထဲ၊ စစ်တပ်ထဲမှာလည်း အယုတ်အလတ် အမြတ်တွေ ရောထွေးနေပါတယ်။ ဖေ့စ်ဘွတ်ကနေ ဗျိုးမဟစ်မိကြပါစေနဲ့လို့ ဗျိုးဟစ်လိုက်ပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး