Penal transportation ရာဇဝတ်သား အဝေးသွား စကားလာမပြောနဲ့

လွန်ခဲ့တဲ့ ၁၇ နာရီက Block means ကိုတင်ခဲ့တယ်။ ဘလော့များများလုပ်ရအောင် ကြိုးစားပြီးရေးရမယ်လို့ပါတယ်။ ပါတီနဲ့ ပိုက်ဆံအောက်မှာ ကွန်မင့်ရေးသူတဦးက သည်လိုရေးလာပါတယ်။

Aung Kyi Thein = we must go one way

Aung Kyi Thein = your are far from home

Tint Swe = Sorry I can't get your point. Please explain. Thanks.

Aung Kyi Thein = pls we don't want past story

Tint Swe = So you mean delete History.

အတိအကျတော့ ဘာသာမပြန်တော့ပါ။ သွားစရာက တလမ်းပဲတဲ့။ ခင်ဗျားက အဝေးကြီးမှာနေတာတဲ့။

ကျေးဇူးပြုပြီး ရှင်းပြပါဆိုတာ အတိတ်ကြောင်းတွေ မလိုပါတဲ့။ ဒါဖြင့် သမိုင်းကိုဖျက်လိုက်တော့လို့ ဆိုလိုပါသလားလို့ မေးတာ ခုထိတော့ ပြန်မဖြေသေးပါ။ သူရေးတာတွေကို မဖျက်ပါ။ သူ့အမြင်ကို သူပိုင်ပါတယ်။ သဘောထားကွဲခွင့်ရှိတယ်။

ဦးနေဝင်းလက်ထက်မှာ ထောင်ဒဏ်တသက်တကျွန်းသမားတွေကို ကိုကိုးကျွန်းကိုပို့ခဲ့တယ်။ လူဖြူအစိုးရက နယ်လ်ဆင်မန်ဒဲလားကို ရော်ဘင်ကျွန်းကိုပို့ထားခဲ့တယ်။ ၁၇၈၈ နဲ့ ၁၈၆၈ ကြားမှာ ဗြိတိသျှအစိုးရကနေ ထောင်ဒဏ်ပေးခံရသူပေါင်း ၁၆၂ဝဝဝ ယောက်ကို သြစတေးလျတိုက်ကိုပို့ခဲ့တယ်။

ကျွန်တော့်မှာလည်း အဝေးမှာနေရတဲ့အမှုက တသက်တကျွန်းကျတဲ့အတိုင်းပဲ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၅
ဓါတ်ပုံ = ၁၇၉၂ အင်္ဂလန်က အမျိုးသမီးတွေ သူတို့ချစ်တဲ့အမျိုးတွေကို အစိုးရကနေ Botany Bay ကို ပို့ခံရချိန်မှာ ငိုယိုနေကြတဲ့ပုံ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး