Low-fat diets for weight loss

ကိုယ်အလေးချိန်ကျအောင် ကာဗွန်ဟိုက်ဒရိတ်လျှော့စားတာထက် အဆီလျှော့စားပါလို့ ၁၄-၈-၂ဝ၁၅ နေ့က ထွက်လာတဲ့ ဆေးသုတေသနသတင်းတခုကဆိုပါတယ်။ အမှန်က ဒီအယူအဆက အရင်ကတည်းကရှိပြီးသားပေမယ့် အချို (ကစီဓါတ်) လျှော့စာဘို့ သတိပေးချက်က ဒီကြားထဲမှာထွက်လာလို့ ပြန်လည်ဆန်းသစ်တာလို့ ပြောရပါမယ်။

ဆေးပညာရှင်တွေကြားမှာ Fat or Carbs ကိုငြင်းခုန်နေတာပါ။ အခုတော့ အဆီကိုပိုလျှော့ပါတဲ့။

အချိုစားတာနည်းရင် အဆီဖြစ်တာနည်းမယ်။ အဆီကိုပိုလျှော့ရင် အလေးချိန်ပိုကျတယ်။ သီအိုရီက အမျိုးမျိုး။ အချိုလျှော့စားရင် အင်စူလင်အထွက်နည်းမယ်။ ဆက်ပြီး သိုလှောင်ထားတဲ့အဆီကို ထုတ်သုံးစေမယ်။

လေ့လာမှုမှာ အလွန်ဝတဲ့ လူ ၁၉ ယောက်ကို တနေ့မှာ ကယ်လိုရီ ၂၇ဝဝ စားစေတယ်။ ၂ ပါတ်အတွင်းမှာ ကယ်လိုရီ ၃ ပုံ ၁ ပုံသာစားစေတယ်။ ကယ်လိုရီလျှော့ဘို့ ၂ မျိုးရှိတယ်။ အချိုလျှော့တာနဲ့ အဆီလျှော့တယ်။ သူတို့အသက်ရှူရာက ထွက်တဲ့ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို တိုင်းတာတယ်။ သူတို့ဆီးထဲက နိုက်ထရိုဂျင်ကိုလည်းတိုင်းတယ်။

၆ ရက်နေတဲ့အခါ အဆီလျှော့သူတွေမှာ အဆီအလေးချိန် ၄၆၃ ဂရမ်လျှော့လာပြီး၊ ကာဗွန်ဟိုက်ဒရိတ်လျှော့သူတွေမှာ ၂၄၅ ဂရမ်သာလျှော့တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး