All politics is personal အမျိုးသားနိုင်ငံရေး

ပို့စ်တခု = (ကို)့ ရေ ပရဟိတလုပ်တာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ စာတော့ဖတ်စေ့ချင်တယ်။ ပါတီနိုင်ငံရေးတို့ အမျိုးသားနိုင်ငံရေးတို့ ခွဲပြောနေကတည်းက စာမဖတ်တာသေချာတယ်။

ကျွန်တော့်ကိုလည်း အသိဘုန်းဘုန်းတပါးက အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေး ရေးပါအုံးတဲ့။ ကြံချောင်းကို အရင်းနဲ့အဖျား အကြိုက်မှာ ပညာပြိုင်ကြသလိုမျိုး ပညာမပါလို့ ဘာရေးရမလည်း စဉ်းစားနေတုံးပါဘုရားလို့ လျှောက်ထားခဲ့တယ်။

အမေရိကန်နိုင်ငံရေးကို All politics is national နိုင်ငံရေးဟူသမျှ အမျိုးသားရေးဖြစ်တယ်လို့ ၁၃-၇-၂ဝ၁၂ နေ့က ဂျော့ မေဆင် ဥပဒေ တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေးဗစ် ရှလက်ချာကနေ အတ်တလန်းတစ်ဂျာနယ်မှာ ရေးခဲ့တယ်။

အရင်က မြန်မာ့သမိုင်းမှာ အမျိုးသားရေးဆိုတာ ကိုလိုနီဆန့်ကျင်ရေးအဖြစ်သုံးစွဲခဲ့ပါတယ်။ အခုသုံးနေတာက ကိုလိုပြုသူတွေဖက်ကနေသုံးလာတာသာဖြစ်တယ်။ တိုင်းပြည်အာဏာသိမ်းသူတွေကစပြီး အမျိုးသားနိုင်ငံရေး စကားလုံးကို ဘာလိုလိုညာလိုလိုသုံးရာကနေ ကူးစက်ရောဂါလိုဖြစ်လာတယ်။ အဲတာလည်း အဘရောဂါပါပဲ။

ဒီမိုကရေစီသာဆိုရင် ပါတီနိုင်ငံရေးမလုပ်ရင် ဘာလုပ်မှာလည်း။ တသီးပုဂ္ဂလလို့တော့မပြောနဲ့။ အဲတာက တကိုယ်တော် နိုင်ငံရေးပါတီပါပဲ။ ငါကမှ အများအတွက်ပြောအုံးမလား။ အဲတာလည်း ငါနိုင်ငံရေးပါတီပါပဲ။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ