Way of the mundane world နိန္ဒာ ပသံသာ

ကွန်မင့်တခု = ရဲရဲ ရင့်ရင့် Friend SSW ရေ့ တော်ရုံတန်ရုံပဲ ကောင်းပါတယ်ဗျာ။ အမေစုလည်း ဒီလိုနဲ့ သာယာ နစ်မျောသွားတယ်။

အဲလိုသတိပေးတာ ကောင်းတယ်။ ကျွန်တော်ကတော့ ကောင်းကောင်းနာလည်တယ်။ စိတ်တော့မပူပါ။
လူတွေထဲမှာ စိတ်လှုပ်ရှားမှု များတာ-သင့်တာ-နည်းတာတွေ အခွင့်အခါတိုင်းမှာရှိကြတယ်။

ကျွန်တော်က ဒေါ်စုမဟုတ်ပါ။ မဟုတ်ပါဆိုတာ ဒေါ်စုအဲလိုဖြစ်နေတယ်လို့ မထင်တာရယ်၊ ဂုဏ်ကြီး-နာမည်ကြီး မဟုတ်တာနဲ့ တာဝန်ရှိမှုအရ နှိုင်းမရတာကိုပြောတာဖြစ်ပါတယ်။

နောက်တချက်က ကျွန်တော်က မြေပြင်ပေါ်မှာသာချည်းနေရသူဖြစ်ပါတယ်။ တခါတခါ မြေကြီးအောက်တောင် ရောက်ရသူလည်းဖြစ်တယ်။ ချီးမွမ်း-ကဲ့ရဲ့ဆိုတဲ့လောကဓံကို ကောင်းကောင်း နောကျေလာနေပါပြီ။ သူများတွေကိုသာ လောကဓံတရားထဲက အနုတ်သဘောလေးခုကိုကြုံရင် စိတ်အားမငယ်ကြဘို့ရာ လောကဓံတရားအပေါင်းလေးခု ဖြစ်တာမှာလည်း စိတ်လှုပ်ရှားမှု မများဘို့ဆိုပြီး ပြောပြနေသူဖြစ်ကြာင်းပါဗျာ။ ကျေးဇူးအထူးတင်ပါတယ်။

ကျွန်တော်က ချီးမြှောက်စကားကိုသာယာပြီး လွတ်သွားသူမဟုတ်ပါ။ လွန်မြောက်သူလည်း တကယ်ကိုမဟုတ်ပါ။ လောကဓံကို ကြံ့ကြံ့ခံနေကြသူတွေထဲက တယောက်သာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး