Sweet words ဗမာလိုဗိုလ်လို နှုတ်ချိုချို

- မင်္ဂလာပါလို့မပြောဖူး မရေးဖူးပါ။ ကောင်းသောမနက်ခင်းပါလို့လည်း မသုံးပါ။
- ဆောရီးလို့တော့ ပြောလည်းသလို ရေးလည်းရေးနေတယ်။ သိုင်းကျူးလို့တော့ ဗိုလ်လိုပြောပေမယ့် ဗမာလိုမရေးပါ။
- အိပ်မက်ချိုချိုလို့တော့ တခါမှဘာသာမပြန်ဖူးပါ။ (ဆွိ ဒရင်းမ်) လို့ အင်္ဂလိပ်စာလုံးနဲ့ရေးပါတယ်။
- ရင်းနှီးတဲ့သူကနေ အဲလိုရေးလာရင် မနက်ရောက်တော့ ဆီးချိုစစ်ပါလို့ပြန်ရေးတယ်။
- မနေ့ညက ဆေးခန်းမှာလာကူခဲ့တဲ့ဆရာမတယောက်ကနေ အဲလိုရေးတာဖြစ်လို့ (အင်စူလင် ဒရင်းမ်) လို့ရေးလိုက်တယ်။ (အင်စူလင်) ဆိုတာ ဆီးချိုအတွက် ထိုးဆေး။
- မြန်မာနိုင်ငံသားတွေ နှုတ်လည်းချိုကြပါစေ၊ ဆီးချိုဘေးကဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး