The view from afar လှမ်းမြင်ခြင်း

Oo Yetun ပို့စ်တခု = ဘယ်သူနိုင်သလဲ
USDP အတွင်းနောက်ဆုံးဖြစ်ပေါ်ခဲ့သောဖြစ်စဉ်များအပေါ် အများပြည်သူနှင့် မီဒီယာ အမြင်တွင် ပြုပြင်ပြောင်းလဲရေးလိုလားသူ ဦးရွှေမန်း အရေးနိမ့်သွားသည်ဟုထင်မြင်ယူဆပြီး ပြည်သူလူထုနှင့် အတိုက်အခံ ဒီမိုကရက်အင်အားစုများ ကရုဏာသက်မှူကို ရရှိနှိုင်ချေရှိပါသည်။ သို့ဖြစ်ရာ ရှုံးသော်လည်းနိုင်သည်ဟုဆိုနိုင်ပါသည်။

ကျွန်တော် အဝေးကနေလှမ်းမြင်တာကတော့
ဦးရွှေမန်းဖြစ်လာလည်း ထူးစရာရယ်လို့ ကက်ဘိနက်လူစာရင်းသာဖြစ်ပါမယ်။ ခရိုနီအုပ်စုတွေထဲမှာတော့ သူ့အုပ်စုက လက်ဝါးကြီးပိုအုပ်နိုင်တာပြောင်းပါမယ်။ သမတမိန့်ခွန်းရေးသူတယောက်ပြောင်းပြီး စကားပြော (ဖလိုး) တော့ ပြောင်းလာပါမယ်။

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အစိုးရကလုပ်ခဲ့တာတွေတချို့ကို ပြောင်းပြန်လှန်စရာရှိပါမယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က လုပ်ခဲ့တာတွေကတော့ တစက်ကလေးမှ ပြောင်းစေမယ်လို့ မထင်ပါ။

တခါတလေမှာ အဝေးကကြည့်တာ ပိုသိပါတယ်။ အနားနေရသူတွေက အားနာမြင်ပါနေတတ်ပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

News commentary

သတင်း = နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူတဲ့အချိန်မှာ အခြေခံဥပဒေအရ ပါတီလုပ်ငန်း လုပ်ဆောင်ခွင့် မရှိတဲ့အတွက် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် ၉ ၉ (ခ) အရ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းကို ဥက္ကဌ တာဝန်ပူးတွဲထမ်းဆောင်ဖို့ လွှဲပေးခဲ့ပါတယ်။ ပါတီညီညွတ်ရေးနဲ့ ပါတီဂုဏ်သိက္ခာမြင့်မားရေးအတွက် သမ္မတက သူရဦးရွှေမန်းကို ဥက္ကဌ ပူးတွဲတာဝန်ပေးထားမှုကိုရပ်ဆိုင်းပြီး အထွေထွေအတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ ဦးဌေးဦးကို ပါတီဥက္ကဌအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

သုံးသပ်ချက်
၁။ ကြံ့ခိုင်ရေးပါတီမှာ ပါတီဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကို လုံခြုံရေးအင်အားသုံးပြီးဖြုတ်လို့ရတယ်ပေါ့။
၂။ ဦးရွှေမန်းက ပါတီဥက္ကဋ္ဌရယ်လို့ပြောနေတာကကြာလှပြီ။ ဘာလို့အခုမှလည်း။
၃။ သမ္မတက သူရဦးရွှေမန်းကို ဥက္ကဋ္ဌပူးတွဲတာဝန်ပေးထားမှုကိုရပ်ဆိုင်းတယ်ဆိုတာ သမတက ပါတီအလုပ်ကိုလုပ်တာ မဟုတ်ပါလား။ ဖွဲ့စည်းပုံနဲ့ညီပါသလား။
၎။ ဦးရွှေမန်းကို လွှတ်တော်တာဝန်ကနေဖြုတ်ဘို့ကတော့ ကိုယ့်ဥပဒေနဲ့ကိုယ်လုပ်မရလို့သာ မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး