Monday, August 31, 2015

Amnesia အတိတ်မေ့ရောဂါ

ကျွန်တော့်ပို့စ်တခု = Khamauk ရာဇဝင်ထဲက ခမောက်

ကွန်မင့်တခု = Ye Thit ဥပါဒန်ကတယ်ကြီးသကိုး။ ၁၉၉ဝ ကသားမမွေးသေးဘူး အခုလူပျိဖြစ်နေဘီ။ အတိတ်ကို ထားလိုက်ပါ။ အနာဂါတ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ထင်ပါ့ဗျာ။

Tint Swe မြန်မာပြည်လွတ်လပ်ရေးရတော့ ကျွန်တော် မမွေးသေးပါ။ ဒါပေမယ့် မေ့ထားလို့တော့မရပါ။ (အနာဂတ်) လို့ ရေးရပါတယ်။ အနာဂတ်ကို အပြုသဘောမြင်တာတော့ ကောင်းပါတယ်။

ဥပါဒါန်နဲ့ မေ့မထားတာ မတူပါ။
- ဥပါဒါ = မှီ၍၊ စွဲ၍၊ အကြောင်းပြု၍၊
- ဥပါဒါန = ကပ်ငြိခြင်း၊ မြဲစွာယူခြင်း၊ စွဲလမ်းခြင်း၊ ကပ်၍ယူခြင်း၊

သမိုင်းကြောင်းဆိုတာလည်း မမေ့စကောင်းပါ။

George Santayana (ဂျော့ စန်တာယာနာ) အမည်ရှိတဲ့ စပိန်လူမျိုးဖြစ်ပြီး အမေရိကမှာကြီးပြင်တဲ့ ဖီလော်ဆော်ဖါ၊ ကဗျာဆရာ၊ အက်ဆေးဆရာ၊ ဝတ္ထုရေးဆရာတဦးရှိတယ်။ သူ့ရဲ့အကြော်ကြားဆုံး အဆိုတခုကတော့ -
"Those who cannot remember the past are condemned to repeat it"
အတိတ်သမိုင်းကို သတိမရသူဟာ အဲတာကိုထပ်လုပ်မိဖို့ရာ ဒဏ်သင့်ခံထားရသူသာဖြစ်တယ်တဲ့။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...