Bridge game ကုလားဆိုတာဘာလည်း

ကွန်မင့်တခု = ကုလားမပါရင် ထောက်ခံတယ့့်။

ကုလားဆိုတာ ဘာကိုပြောသလည်း မသိပါ။

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်ထဲမှာ တခြားတိုင်းတပါးသွေးတွေအပြင် အိန္ဒိယသွေး (ပန်ချာ၊ တမီးလ်၊ မဒရပ်ဆီ၊ ဘီဟာရီ၊ ဘင်္ဂါလီ၊ ဇေတပါရီ)၊ မဏိပူသွေး (ကသည်း၊ ပုဏ္ဏား) အရှေ့ပါကစ္စတန်သွေး (ခေါ်တော၊ ဘင်္ဂါလီ)၊ နီပေါသွေး (ဂေါ်ရခါး) သွေးပါသူတွေ နိုင်ငံရေးပါတီကြီးတိုင်းမှာ ပါနေတယ်။ ပြည်ခိုင်းဖြိုးမှာ အမတ်တွေတောင်ပါတယ်။ တခြားပါတီတွေမှာ မပါပါ။

၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်းတော်ကဦးစောလှိုင် (ကွယ်လွန်) ကို ပန်ချာသွေးပါတယ်ဆိုပြီး ပယ်ခံရလို့ NLD က ၄၄ ယောက်မှာ ၄၃ ယောက်သာ အနိုင်ရခဲ့ပါတယ်။ သူဟာ ၁၉၉ဝ မှာရွေးကောက်ခံခဲ့ရသူဖြစ်တယ်။

တရားဝင်နိုင်ငံသားဖြစ်ပြီးသူတိုင်း ဘယ်သွေးပါနေနေ၊ ဘယ်ဘာသာကိုးကွယ်နေနေ တန်းတူညီမျှမှုရှိကြပါတယ်။ အဲတာက စစ်အုပ်စုအလိုကျရေးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရဖြစ်ပါတယ်။

Kala ကလား (ကုလား) ဆိုတာ အိန္ဒိယမှာ ကလေးနာမည်တခုဖြစ်တယ်။ အသားမည်းတယ်လို့ခေါ်တယ်။ ဗမာပြည်မှာ ကုလားကို အသားမည်းတယ်လို့ပြောကြပေမယ့် ပန်ချာသွေးပါတဲ့အမျိုးသမီးတွေဟာ အနောက်တိုင်းအဖြူမတွေလို အသားဖြူတယ်။

Kala ကလားဆိုတာ ဟင်ဒီလို အချိန်ရဲ့ဘုရားသခင်လို့ အဓိပ္ပါယ်ရတယ်။ နောက်အဓိပ္ပါယ်တခုက ကလားဆိုတာ အင်မတန်ချောမောလှပတဲ့အမျိုးသမီးဖြစ်တယ်။

Kala စာလုံးဟာ ဟာဝေယန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နဲ့ စကင်ဒီနေဗီးယားမှာလည်းရှိတယ်။ Sarah ဆာရာ ဆိုတာ ကလားဖြစ်တယ်။

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကုလားဖဲတချပ်ကို ဖဲသမားက မကစားမီကတည်းက လက်ထဲဝှက်ကိုင်ထားတာကို သိစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး