Hot water shower
၁၉၇၂-၇၃ မှာ ဆေးကျောင်းပြီးတော့ အလုပ်သင်ဆရာဝန် တနှစ်တိတိလုပ်တဲ့အခါ သူငယ်ချင်းတွေနဲ့အတူ မေမြို့ စစ်ဆေးရုံမှာ တာဝန်ကျတယ်။ ကျွန်တော်တို့တတွေ အတော့်ကိုဟောင်းနွမ်းဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက အိမ်တလုံးမှာ စုနေကြရတယ်။
အလုပ်သင်စဝင်တော့ ဆောင်းတွင်းရောက်ပြီ။ အေးလိုက်တာမပြောပါနဲ့။ မန္တလေးမှာနေလာကြသူတွေဆိုတော့ မေမြို့ဆောင်းကိုကြောက်တယ်။ ရေတထပ်ချိုးဘို့ဆိုတာ စွန့်စားခန်းပဲ။ အမြဲနေကြတဲ့ ဆရာဝန်စစ်ဗိုလ်တွေ ဘယ်လို နေကြမသိဘူး အောက်မေ့နေတာ။ သူတို့ကတော့ ရေနွေးရကြတာကိုး။ စစ်ဗိုလ်တွေက အရပ်သားတွေလောက် ရေးအေးနဲ့ချိုးရဲတဲ့ သတ္တိမှမရှိကြတာပဲ။
ကျန်း-ဦးစီးမှာက ရေနွေးတည်ပေးကြရမှာလား။
ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၅

Comments
Post a Comment