Chatting online လူငယ်တယောက်နဲ့ စကားပြောရခြင်း
15 minutes ago ဆရာ ရေကြီးတာလည်းကြီးတာပေါ့။ ဒီတခါ NLD ကို အစာမကြေဖြစ်နေတာ မေးချင်လို့ပါ။့ တို့ တို့ကို ချန်လှပ်ထားခဲ့တဲ့ကိစ္စ နားမလည်ဖြစ်နေပါတယ်ဆရာ။ ဆရာအားတဲ့အချိန်မှ ဖြေပေးပါ။
ဆရာလည်း လိုက်နေရတုံးပဲ။ ကြားကနေ အပြောမှားလို့မဖြစ်ဘူးမဟုတ်လား။ သတင်းလည်း မစုံသေးပါ။
အရင်ရက်တွေကတည်းက ဆရာ့ကိုမေးချင်နေတာ။ တကယ်လို့တမင်ချန်ခဲ့ရင်တော့ အတော်အပေါက်အလမ်းမတည့်တဲ့ လုပ်ရပ်ပါပဲ။ ထောက်ခံသူတွေလည်း ဒီသတင်းကြောင့် အားလျော့စိတ်ပျက်မိကြတယ်။
ဆရာတော့ မှန်းကြည့်နိုင်ပါတယ်။ ပါတီထဲမှာ အဲလိုဟာတွေအမြဲရှိပါတယ်။ နယ်ကအသံတွေလည်း ဆရာ့ကို နေ့တိုင်း လှမ်းပြောနေကြလို့ သိပါတယ်။
အခုဟာက့ တို့ကျ ပါတီကတောင် ရွှေလက်နဲ့ကြိုရမဲ့လူမဟုတ်လားဆရာ။ ခုလိုပုတ်ထုတ်လိုက်တော့ နားမလည်နိုင်တာ။ သမီးတော့နားမလည်လို့ ဆရာ့စောင့်နေတာ။ ဆရာ့ထင်မြင်ချက်ကလေးများ သိခွင့်ရမလား။
နိုင်ငံရေးမှာ ကိုယ်ထင်မထားတာတွေဖြစ်တယ်။ ဆရာ့ ကနေ့စိတ်နေသဘောထားကတော့ တကယ်လို့ ဆရာအထဲမှာနေ၊ ဆရာ့နာမည်ပါတဲ့ အရွေးခံမယ့်စာရင်းကို မြို့နယ်ကတင်လိုက်လို့ ဗဟိုကပယ်ချလိုက်လည်း ဆရာကနေတတ်ပါမယ်။ ပိုနည်းလည်လာလို့ပါ။ ကိုယ့်ကိုယ်ကိုပဲပြင်ရမယ်။ သူများကိုပြင်လို့မရဘူးဆိုတဲ့ လောကဖြစ်စဉ်ကို သိရမယ်မဟုတ်လား။
ဟုတ်ကဲ့ဆရာ။ ကိုယ့်ကိုယ်ကိုပဲပြင်ရမယ်။ သူများကိုပြင်လို့မရဘူးဆိုတဲ့စကားကို အသေအချာမှတ်သားထားပြီး လိုက်နာပါ့မယ်။ ကျေးဇူးကြီးပါပေ့ ဒီနေ့ကစပြီး ဆရာ့ကို သင်ဆရာလို့မှတ်လိုက်ပါပြီ။
ဆရာ ဒီတခါ ရီစရာမပြောပါ။ ရင်းနှီးလာသူတိုင်းကို စာအဆုံးမှာ ရီသလိုမောသလိုပြောလေ့ရှိတယ်။ အခုမပြောပါ။ စာလေးတပုဒ်ရေးလိုက်မယ်။
ဟုတ်ကဲ့ပါဆရာ။
ဒေါက်တာတင့်ဆွေ
၅-၈-၂ဝ၁၅

Comments
Post a Comment