Predator သန်းကောင်ယံ တောင်ပံကျိုး

အာဏာယူပါတီတွင်း အပြောင်းအလဲတခုနဲ့ပါတ်သက်ပြီး ပြောသံဆိုသံတွေကြားနေရတယ်။

လွှတ်တော်ထဲမှာ NLD က ဦးရွှေမန်းနဲ့ဆက်ဆံရေး ပြေပြစ်တာကို မဟာမိတ်လိုလို သုံးသပ်ကြတယ်။ နောင်အလားအလာပါ သာသာထိုထိုး ယိုးစွဲကြတယ်။ အခုသူတို့ပါတီ ထိပ်ပိုင်းပြောင်းသွားတာ NLD နာတာပဲလို့ သုံးသပ်တော်မူကြတယ်။ သဘောမတူပါ။ ကျွန်တော် NLD ထဲမှာ ထဲထဲဝင်ဝင်မရှိသလို လွှတ်တော်နဲ့ကလည်း မိုင်း ၈ ထောင်ကျော်ဝေးပါတယ်။

မနေ့က Food chain သင်္ခန်းစာကျောင်းမှာသင်တော့ ဘာသာပြန်ကူရတယ်။ အပင်ကို သမင်စား၏။ သမင်ကို ခြင်္သေ့စား၏။ အရွက်စုံ ယုန်စား၏။ ယုန်ကို မြွေစား၏။ မြွေကို စွန်စား၏။ ခြင်္သေ့နှင့် စွန်တို့သည် သားရဲ (ပရီဒေတာ) များ ဖြစ်ကြ၏။

(ပရီဒေတာ) ဆိုတာ သူ့ကိုစားမယ့်သူမရှိတဲ့အကောင်ပါ။ တောထဲမှာ သားရဲတွေများ၏။ ယုန်ဘဝ မြင်မြင်သမျှ ကြောက်နေရတယ်။ NLD ကိုယ်တိုင်ဟာ တောရိုင်းထဲမှာ သားကောင် (ပရေး) သာဖြစ်၏။

မြန်မာပြည်ကြီး တောရိုင်းအဖြစ်ကနေ သာယာနေပျာ်ဖွယ်ကောင်းတဲ့ ဥယျာဉ်ဖြစ်ပါစေ။ (ပရီဒေတာ) တွေကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး