Classic Election ဂန္တဝင်ရွေးကောက်ပွဲ

ကျွန်တော်က နိုင်ငံရေးမှာ ၁၉၉ဝ ဘက်ရှ်ကမို့ လူဟောင်းစာရင်းဝင်ပါတယ်။ အဟောင်းတိုင်းလဲ မကောင်းပါ၊ အသစ် ဆိုတာထဲမှာလဲ မဖြစ်သင့်တာတွေပါတယ်။ ဆန်ခါတင်စစ်ထားတာကိုမှ ကြာတော့ ဂန္တဝင်မြောက်တယ်လို့ ခေါ်တယ်။

• မိုးလေမမှန်၊ မြစ်ရေမမှန်၊ လူတွေမမှန်၊
• မြန်မာပြည် ဥတုရာသီ ရွေးကောက်ပွဲကိုမှီ။

• မိုးလေ၊ မြစ်ရေ မှန်ပါစေ၊
• လူရှူရတဲ့လေ သန့်ပါစေ၊
• လေရှူရတဲ့လူတွေ သန့်ပါစေ။

• လူညစ်တွေပေါ်မှာ ခဲမိုးရွာပါစေ၊
• လူသစ်တွေပေါ်မှာ မဲမိုးရွာပါစေ၊
• ရွေးကောက်ပွဲတွေ ဂန္တဝင်မြောက်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး