Fighting season အသူရာ သိကြားမင်း စစ်ခင်းကာပြိုင်ကြသည်

Fighting season အသူရာ သိကြားမင်း စစ်ခင်းကာပြိုင်ကြသည်
အရင်တယောက်ကိုဖြုတ်တုံးက ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးပြောခဲ့တဲ့သူဆိုပြီး ထောက်ပြကြတယ်။ ကျွန်တော် မြင်ကြည့်တာက အထက်မှာနေကြသူတွေအချင်ချင်း စစ်ခင်းနေတာပါ။

ကသစ်ပန်းသီချင်းကို သတိရမိတယ်။

နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရိုး အာလမ္ဗရာ၊ ကျော်ဝန်းသံဝါ ဆော်ရွမ်းညံစာစာ၊ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ၊ အုံ့မှိုင်းညိုပြာ၊ မိုးထက်ကယ်ဝဠာ ကိုးချက်နယ်မှာ၊ တိမ်ခိုးယှက် မိုးသက်လေးတွေဖြာ့။

အသူရာနတ်မင်းပြည်မှာ နီနီရဲရဲဆုပ်ဆုပ်ခဲခဲ ကသစ်ပန်းတွေပွင့်စမြဲဖြစ်တယ်။ မိုးကျတော့မယ်ဆိုရင် ဘော်ငွေရောင် တလက်လက်ဖွေးဖြူနေတဲ့ သခွပ်ပန်းတွေပွင့်တယ်။ အဲဒီအခါမှာ အသူရာနတ်မင်းဟာ သူ့ကိုလှည့်စား အနိုင်ယူသွားတဲ့ သမက်တော်သိကြားမင်းရှိရာ မြင့်မိုရ်တောင်ထိပ်က တာဝတိန်သာနတ်ပြည်ကို စစ်ချီတက်တယ်။

သိကြားမင်းရဲ့ နတ်စစ်သည်တွေက ပုဇွန်လက်မရိုးအခွံနဲ့လုပ်ထားတဲ့ အာလမ္ဗရာစည်တော်ကို တီးခတ်ပြီးစစ်ချီကြတယ်။ အရပ်ရှစ်မျက်နှာ မိုးကောင်းကင်တခုလုံးမှာ အုံ့မှိုင်းပြီး တိမ်မှောင်ပြာတွေခြုံသိုင်းတွယ်ဆိုင်းထားသလိုနေတယ်။ အသူရာ နတ်မင်းကြီးရဲ့စစ်အခင်းအကျင်းဟာ နဂါး၊ ဂဠုန်၊ ဂုမ္ဘာန်၊ ယက္ခတွေနဲ့ အာလိန်ငါးဆင့်စီကာဆင့်ထားတယ်။ သိကြားမင်းဟာ ယူဇနာ တသိန်းခြောက်သောင်းရှစ်ထောင်မြင့်တဲ့ မြင့်မိုရ်တောင်ကြီးကို ပေါက်ထွက်သွားနိုင်တဲ့ ဝရဇိန်လက်နက်ကို ဆွဲကိုင်ပြီး နတ်မြင်းတစ်ထောင်ကတဲ့ နတ်စစ်ရထားဝေဇယန္တာကိုစီးပြီး စစ်ထွက်ရတယ်။

လူ့ပြည်မှာတော့ မိုးတွေသည်းအပြီးမှာ စစ်ခင်းနေပါတယ်။ အသူရာနိုင်နိုင်၊ သိကြားမင်းနိုင်နိုင် လူတွေကိုတော့ ရေလျှံတာအပြင် စစ်ဘေးဒဏ်ပါမခံရစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး