Robbers ဒုက္ခကိုဓါးပြတိုက်သူများ သတိထားပါ
May Pyo ဆရာ လှူတဲ့ရေဘေးအတွက်ပစ္စည်းတွေ တကယ့် ဒုက္ခသည်တွေဆီမရောက်ပဲ ပျောက်ကုန်ကြတာ ရေးပေးပါဦးလား။ ကလေးမြို့မှာ တော်တော်ဆိုးတယ်တဲ့။ ကျမက ကလေးမြို့ကပါ။ ခုတော့ ရန်ကုန်မှာနေနေတယ်။ သတင်းတွေကြားရတာ တော်တော် မကောင်းလို့ပါ။ ကလေးလေဆိပ်ကို ရောက်လာတဲ့ လှူစရာပစ္စည်းအပုံကြီးတွေကို ညနေဆို စစ်ကားတွေနဲ့ အကုန်လာသယ်သွားကြရောတဲ့။
အော့့် အချက်အလက်ရရင် ရေးပါမယ်။ ဆရာကိုယ်တိုင်သိတာက နာဂစ်တုံးကပေါ့။ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမာကနေ ဆရာဆီကတဆင့် ရူးပီး ၅ သိန်းလှူတယ်။ (ဒုတိယအကြိမ်ပါ။) ဆရာက ကိုယ်တိုင်သိတဲ့ ပြည်တွင်းက ဘုန်းကြီး ၅ ပါးဆီကိုပို့ပြီး လှူစေခဲ့ရတယ်။ ထိုင်းဖက်ကနေလှူတာတွေအများစုက အဟောသိကံ ဖြစ်သွားခဲ့တယ်။
ဆရာကိုယ်တိုင်ပါပဲ ၁၉၉ဝ ကျော်ကာလတွေမှာ ပြည်ပကနေအထဲကို အကူညီတွေ ပို့ပေးခဲ့ရတုံးကလည်း လမ်းမှာပျောက်တာမျိုးတွေရှိခဲ့တယ်။
ဒေါက်တာတင့်ဆွေ
၆-၈-၂ဝ၁၅

Comments
Post a Comment