Dog tail မျိုးရိုးဗီဇ ပြောင်းမရ

လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က (နဝတ) ထဲမှာ ဗခက ခင်ညွန့်ဟာ ပြုပြင်ပြောင်းလဲရေးလိုလားသူလို့ဖြေတာ ကျွန်တော့်ရှေ့တင်။ အဲဒီကာလမှာ ပြည်ပမှာနေသူတွေ မြန်မာပြည်ထဲကိုအလည်သွားဖို့ဆိုတာ အင်မတိအင်မတန်ခက်တယ်။ IRI အဖွဲ့က မိုက် မစ်ချယ်လ်ကမေးလို့ မြန်မာပြည်ကပြန်လာခဲ့တဲ့ ဒေါ်သန်းသန်းနု (ဝန်ကြီချုပ်ဟောင်း ဦးနုသမီး) ကနေ ဒေလီမှာဖြေတာပါ။ ဒေါ်သန်းသန်းနုကိုလေးစားလို့ ကျွန်တော်သဘောမတူတာကို ထုတ်မပြောခဲ့ပါ။ သူ့အမြင် ကိုယ့်အမြင်ပေါ့။

ကနေ့ပဲ ရေဒီယိုဆွေးနွေးခန်းတခုမှာ ကြားလိုက်တယ်။ ဦးရွှေမန်းကို ပြုပြင်ပြောင်းလဲရေးလိုလားသူတဲ့။ ရှေ့နေကြီး ဦးကိုနီခင်ဗျား ဒီနေရာမှာတော့ ကျွန်တော်နဲ့ အမြင်လွဲသွားပြီ။ ဆောရီး။

ပုတ်တလုံးတည်းကပဲ ခွဲပြောနိုင်ကြတာ အံ့သြလွန်းလို့။ တခါလည်းရေးဖူးတယ်။ သက်ရှိတိုင်းမှာ မျိုးဗီဇရှိတယ်။ အာဖရိကန်အမေရိကန်တွေ အမေရိကမှာနေတာ ဂျင်နရေးရှင်းဘယ်လောက်ကြာကြာ အသားဖြူမလာပါ။ တမာကို ချိုအောင်လုပ်မရပါ။ အမြီးကောက်ကနေ အမြီးဖြောင့်မမွေးပါ။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး