Essay စာစီစာကုံး

စစ်ကိုင်းတိုင်း ပုလဲနဲ့ နေ့ရောညပါ (အိပ်ချိန်ကလွဲရင်) အဆက်အသွယ်တွေ ရနေတယ်။ ကိုယ့်နယ်ကိုယ် နိုဝင်္ဘာအမီ အားပေးဝိုင်းကူဖို့ဖြစ်ပါတယ်။ မနေ့က တယောက်ကပြောတယ်။ မုံသွင်၊ ချင်ပြစ်မှာ ဆရာမတွေကနေ ကလေးတွေကို ခိုးနည်းကိုအားကျအောင်လုပ်ပေးပြီး၊ အနာဂတ်ကို ဖျက်ဆီးနေတယ်တဲ့။

ကျွန်တော်က ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေဖက်ကနေ အမြဲဘက်လိုက်တတ်လို့ ရှင်းအောင်ပြန်မေးရတယ်။
သည်လိုဆရာ့ ပုလဲနယ်က ထင်ပေါ်ကြော်ကြားသူတဦးအကြောင်း စာစီစာကုံးရေးခိုင်းတယ်။ အဲတာ ဦးကျော်ဆန်း အကြောင်းတဲ့။

ကျွန်တော်တို့ပုလဲက တောမြို့လေးပါ။ ထင်ပေါ်လှတာမဟုတ်ပါ။ လွတ်လပ်ရေးရကာစမှာ သူပုန်တွေကြီးစိုးလို့ နာမည်ထွက်ပါတယ်။ အလံနီတွေလှုတ်ရှားခဲ့တယ်။ သခင်စိုးရဲ့အသံလွှင့်ရုံက ပုံတောင်ပေါ်မှာ ရှိခဲ့တယ်။ ဦးကျော်ဆန်း ဖခင်ကလည်း အလံနီပဲ။

မဆလခေတ်မှာတော့ သိပ်မထူးလှပါ။ စစ်အစိုးရရောက်တော့ နာမည်ပြန်ထွက်လာတယ်။ တက်လာတာတော့ မဟုတ်ပါ။ ပုလဲအနောက်ဖက် ၆ မိုင်ဝေးတဲ့ မင်းတိုင်ပင်ရွာဟာ ကင်းဝန်မင်းကြီးဦးကောင်းဇာတိ ဖြစ်တယ်။ ဦးကောင်းရဲ့မိခင် မယ်မင်းဆီအုတ်ဂူလည်းရှိတယ်။ ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲရှိသေးတာ။

(နဝတ) ခေတ်မှာ ဗိုလ်ချုပ်ကျော်ဆန်း ဒုဝန်ကြီးဖြစ်လာတယ်။ ဗခက ခင်ညွန့်နဲ့အတူ မင်းတိုင်ပင်ကို ရောက်လာပြီး ရွာဦးကျောင်းမှာ အစဉ်အဆက်ထိန်းသိမ်းထားခဲ့တဲ့ ကင်းဝန်မင်းကြီးရဲ့ အမွေအနှစ်တွေကို သယ်သွားတယ်။ ဒိနောက် ဗခ ကျော်ဆန်းက ဝန်ကြီးဖြစ်လာတယ်။ စစ်ယူနီဖေါင်းချွတ်ပြီးတော့ ဦးကျော်ဆန်းက ဝန်ကြီး ထပ်ထပ်ဖြစ်တယ်။ သူ့ကြောင့် ပုလဲနယ်ဂုဏ်တက်တယ်လို့ထင်တဲ့သူလည်းရှိမယ်။ သဘောမတူသူတွေလည်းရှိတယ်။ သူနဲ့ကျွန်တော် အမျိုးမကင်းပါ။

ကျွန်တော် ငယ်ငယ်ကရေးခဲ့ရတဲ့စာစီစာကုံးကတော့ မကောင်းသူပယ် ကောင်းသူကယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး