One-handed world

ကျေးဇူးတင်ပါတယ်ဆရာ။ အခုဆိုရင် ကျွန်တော့့် ကို ဆရာရှင်းပြပေးလို့ နားလည်သွားပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ ဆရာ့လို သမားတော်ကမရှိပါဘူး။ ဆရာက အခြားနိုင်ငံမှာ နေတယ်ဆိုပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံက လူတွေကို ကျမ်းမာရေးအသိပညာတွေကို ရှင်းပြပေးနေတာ နိုင်ငံအပေါ်မှာတာဝန်ကျေရာ ရောက်ပါတယ်။ ကျွန်တော်ကတော့ ဆရာ့အကြောင်းအမြဲပြောဖြစ်တယ်။ ဆရာနဲ့ပတ်သက်ပြီး ဂုဏ်ယူတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဆရာ မြန်မာကိုပြန်ရောက်တဲ့ အခါ ကျွန်တော့်ဖုန်းကိုဆက်ပေးပါ။ ကျွန်တော်လာတွေ့ပါရစေ။ ကျောက်ဆည်မြို့က ကို့ ဆိုတာကို မှတ်ထားပေးပါဦး။ ကျေးဇူးတင်ပါတယ်။ ဖုန်းနံပါတ့့်။
ဟုတ်။ အတော်ပဲပြောရမယ်၊ စောစောက ဖေ့စ်ဘွတ်မှာ ဆရာ့ကို အဝေးကြီးမှာနေတဲ့သူ ဘာညာ ရေးလာတယ်။ အဲတာကတော့ နိုင်ငံရေးပါ။ ကျေးဇူးတင်ပါတယ်။ ကျန်းမာချမ်းသာပါစေ။
မြန်မာပြည်မှာ ဟောင်ကောင်တရုပ်သိုင်းကားတွေ စပြီးလူကြိက်များတာက လက်တဖက်ပြတ်သိုင်းသမား ဒေးဗစ်ချမ်း။ ကျွန်တော်က ကျန်းမာရေးရော နိုင်ငံရေရောလုပ်တာမို့ တဖက်ကိုဘာသာရပ်တခုစီလို့ တင်စားရင်ရတယ်။ မြန်မာပြည် ရောက်တဲ့အခါ လက်တဖက်ဖြတ်ထားရမလိုဖြစ်တယ်။ ဒါလဲ တချို့နေရာမှာ ဘယ်ဖက်၊ တချို့နေရာမှာ ညာဖက်။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး