Dear Sir လူကြီးမင်းသို့

• ငယ်ငယ်ကတည်းက ကျောင်းစာမဟုတ်တဲ့အပြင်စာတွေကို ဖတ်နိုင်သလောက်တော့ဖတ်ခဲ့တယ်။ ကာတွန်းကစပါတယ်။
• (ဖဆပလ) ခေတ်မှာ နိုင်ငံရေးပါတီတိုင်းမှာ ကိုယ်ပိုင်ကာတွန်းဆရာတွေနဲ့ ရွေးကောက်ပွဲ လုံးချင်း  ကာတွန်းစာအုပ်တွေ ထုတ်ကြတယ်။ အပြတ်အသတ်ချဲကြတယ်။
• အခုလာမယ့်ရွေးကောက်ပွဲမှာ သူ့အကြိုက်ကိုယ်အကြိုက်ရေးနေကြတယ်။ ကျွန်တော်နဲ့ သဘောမတူတာတွေလည်း မနည်းပါ။ အဲတာတွေကို ပြန်ချေပသလို မရေးချင်ပါ။
• ငယ်တုံးက မဂ္ဂဇင်းတွေလည်း လစဉ်ဖတ်ဖြစ်တယ်။ အမြင်ကတ်တာရှိတယ်။ စာရေးဆရာတယောက်ရေးတာကို နောက်တယောက်က မကျေနပ်လို့ ဝေဖန်တဲ့စာတွေဖတ်ရတော့ အသိအမြင်တော့ ရစေပါတယ်။ ကဗျာဆရာတွေလည်းပါတယ်။ ရသဆိုတာတော့ခံစားရပါတယ်။
• ဒါပေမယ့် စာရေးဆရာတွေ၊ ကဗျာဆရာတွေက သူတို့သာသိတဲ့ဝေါဟာရတွေ၊ အကြောင်းအရာတွေ၊ အကိုးအကားတွေကိုသာရေးကြတော့ လိုက်မမီပါ။
• သူတို့အချင်းချင်း အပြန်အလှန်ရေးနေကြတာတွေကို ဖတ်ရတာဟာ လမ်းပေါ်မှာရန်ဖြစ်နေကြတာကို ဘေးကနေ ရပ်ကြည့်နေရသလိုဖြစ်နေတယ်။
• ခုနေမှာ မဲပေးကြမယ့်သူတွေက အရေးအကြီးဆုံးပဲ။ သူတို့မသိတာတွေကို စကားတတ်တိုင်း၊ သုတရှိတိုင်း လျှောက်ရေးနေရင် ကျွန်တော်လိုလူမျိုးက အမြင်ကတ်တာခံရမယ်။
• ကျွန်တော်တော့ တည့်ဒိုးပဲရေးချင်တယ်။ ချေပစာမျိုးမရေးချင်ပါ။ ပြောင်းတာလိုချင်ရင် အဟောင်းကိုမဲမပေးပါနဲ့။ အသစ်လို့တင်စားတာကို အားမရရင်လည်း သူများအားပျက်အောင်မလုပ်ပါနဲ့။ လူကြီးမင်း စာရေးတော်ပါတယ်။
• ခုနေမှာ ရန်ဖက်ရှာနေသူတွေရှိတာကိုလည်း သိတယ်။  

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး