Insult အမှားနဲ့စော်ကားခြင်း

Sayar Kyi ဆရာခင်ဗျာ ဖြစ်နိုင်ရင် က မှ အ အထိ ဝါကျသဒ္ဒါအမှားအမှန်များ ရေးသားတင်ပြပေးပါခင်ဗျာ။

Tint Swe ကျွန်တော်က မြန်မာစာဆရာ လုပ်နိုင်အောင်အထိမတတ်ပါ။ ဖေ့စ်ဘွတ်မှာလည်း အတိုအထွာလေးသာ ရေးလို့ရပါတယ်။

Yu Moe စာလုံးပေါင်းမှန်မမှန်ဆိုတာထက် တဖက်သားသဘောပေါက်အောင်ရေးကြတာလို့မြင်တယ်။ မတတ်တာလဲပါ ခြင်ပါလိမ့်။ အခုကတော့ အလွယ်ရေးတာများတယ်လေ။ ဥပမာ what are you doing? ကို wh r u do? ဘာကို ဆိုလိုတာလဲဆိုတာ သဘောပေါက်နေကြပြီ။ မြန်မာစာကိုလဲ ဒီလိုပဲဖြတ်လမ်းရေးတယ်လို့မြင်တယ်ဆရာ။ ဟိုတနေ့က comm မှာအင်းကြီမပါတာလို့ရေးတော့ ဟဲနင်စာလုံးပေါင်းမသိဘူလားလို့ နောက်လိုက်တာသူက သိတယ် စာလုံးဆင့်တွေ ရိုက်ရတာခက်လို့တဲ့။ နင်သဘောပေါက်ရင်ပြီးတာပဲမဟုတ်လား။ စာလုံးပေါင်းကအရေးကြီးလို့လာတဲ့။ အားလုံးက ဒီလိုပဲနေမှာ။

Hninyu Wai ကျွန်မဖေဖေဆီက စာလုံးပေါင်းသတ်ပုံကျမ်းကို စပ်စုပြီးကြည့်ဖူး ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ငယ်ငယ်က သင်ရိုးမြန်မာစာနဲ့ အတ်ာကွဲလွဲပါတယ်။ ယနေ့စာလုံးပေါင်းတွေက fb စာမျက်နှာတွေမှာ အလွယ်ပေါင်းလာကြတဲ့တွက် ဆင့်ပွါးအမှန်ပျောက်သွားမှာစိုးရပါတယ်။ ပိုဆိုးတာက အင်္ဂလိပ်စာလုံးနဲ့ မြန်မာအသံထွက်ကို ရေးကြတာပါ။ တုံးတယ်ပြောပြော ခေတ်မမှီဘူးပြောပြော ကျွန်မ ဘယ်လိုမှမဖတ်တက်ပါ။ ကျွန်မသည်လည်း ခေတ်လူငယ်တစ်ယောက်ပါ။

Tint Swe ကျွန်တော့်မေးခွန်းစည်းကမ်းမှာ SMS လိုရေးတာတွေကို မဖတ်တတ်ပါလို့ ထည့်ထားပါတယ်။ အဲလိုသာ ရေးသူတွေ စိုးရိမ်စရာမရှိပါ။ ဖတ်တတ်တဲ့ဆရာဝန်တွေရှိရင် ဖြေပေးကြမှာပါ။

ဖတ်တဲ့သူနားလည်ရင်ပြီးတာပဲလို့ စောဒကတက်ကြပါတယ်။ သည်လိုပြန်ရေးဘူးပါတယ်။ အင်္ကျီကြယ်သီးပေါက် လွဲတတ်ထားသလိုပဲလို့။ လုံတော့လုံပါတယ်၊ လူကြားထဲတော့သွားရင် လူရီခံရမယ်လို့။ လူရီခံရတော့ ဘာဖြစ်လည်း ဆိုသူတွေက များများတာလည်းသတိထားမိပါတယ်။ သင့်တင့်လျှောက်ပတ်တဲ့အဝတ်အစား ဝတ်ဆင်ကြသူက ပိုများပါတယ်။

စာလုံးပေါင်းသတ်ပုံကျမ်းတွေက အများကြီးရှိပါတယ်။ ကျောင်းပြဋ္ဌာန်းအဖြစ် သတ်မှတ်ပေးထားရတယ်။ ကျွန်တော်တို့ ဆယ်တန်းတုံးက ဝါဟာရတ္ထ ပကာသနီဖြစ်ပါတယ်။ ဆရာကိုင်လက်စွဲဖြစ်ပါတယ်။ ဝေါဟာရ လီနတ္ထဒီပနီဆိုတာလည်း ရှိတယ်။

လမ်းတွေအများကြီးရှိတယ်။ ဖြတ်လမ်းလိုက်သူလည်းလိုက်ကြတယ်။ လမ်းဟောင်းလမ်းကောင်းသွားသူက များတယ်။

ဖုန်းသေးသေးလေးတွေပေါ်က ကီးဘုတ်မွှားမွှားလေးနဲ့ အမှားများများကြီးတွေထွက်လာတာ ကံမကောင်းလို့ဖြစ်တယ်။ ခုခေတ်ပါပဲ ဘလော့ခ်တွေအများကြီးရေးနေကြတယ်။ မြန်မာစာ၊ ယဉ်ကျေးမှုမှာ တန်ဘိုးကြီးတာတွေဖတ်နိုင်ကြပါတယ်။ ရေးနေကြသူတွေထဲမှာ လူငယ်လူရွယ်တွေလည်းပါတယ်။

မမှန်တာ၊ မလျှော်တာ၊ အလွယ်လုပ်တာတွေက ခေတ်လူငယ်ဖြစ်လို့ပြောတာ ခေတ်လူငယ်ထုတခုလုံးကို စော်ကားရာကျတယ်လို့ အသေအချာယူဆပါတယ်။

ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၅

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး