Foolish king ပညာမဲ့သူ ပညာစကားနဲ့မတန်
အင်းဝဘုရင် မင်းကြီးစွာစော်ကဲလက်ထက်အထိ ရခိုင်ဒေသကို အင်းဝမင်းကအုပ်ချုပ်ခဲ့တယ်။ ၇၄၂ မှာ ရခိုင်စား စောမွန်ကြီးကွယ်လွန်တဲ့အခါ တလုတ်စား စောမည်းကို အဆုံးအမတခုပေးပြီး၊ ရခိုင်ကိုစေလွှတ်လိုက်တယ်။ ကြောင်ကဲ့သို့ကျင့်လေ၊ ညောင်ကဲ့သို့ကျင့်လေ။
ပညာမရှိတဲ့စောမည်းဟာ ရခိုင်ရောက်တာနဲ့ ရှိသမျှကြောင်တွေကို သတ်စား၊ ပေါက်သမျှညောင်ပင်တွေကို ဆင်စာ ကျွေးတယ်။ ရခိုင်သားတွေက မခံမရပ်ဖြစ်ပြီး ပုန်ကန်ကြတော့ စောမည်းထွက်ပြေးရပြီး၊ ရခိုင်ဒေသလည်း အင်းဝ အာဏာစက်အောက်က လွတ်မြောက်တော့တယ်။
ကြောင်တို့မည်သည်မှာ လက်သည်းကို လိုမှသာထုတ်တယ်။ ဘုန်းလက်ရုံးအာဏာကိုလည်း အခါအားလျော်စွာသာ သုံးရတယ်။ ညောင်တို့မည်သည် အရိပ်လာခိုသူ ဘယ်သူမဆို ငြူစူခြင်းမရှိ အေးမြတဲ့အရိပ်အာဝါသပေးတယ်။
မင်းပညာရှိအဆုံးအမကို ပညာမဲ့သူကိုပေးတာဟာ နေယျဒေါသသင့်တယ်လို့ ဆိုပါတယ်။ လွတ်မြောက်လိုရင် ပညာမဲ့မင်းတက်နေချိန်မှာ အခွင့်သာတယ်။
ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၅

Comments
Post a Comment